Pages

Tuesday, February 18, 2014

****** “တကယ့်စွမ်းအားရှင်” (ဗလငါးတန်) ******

Photo: “တကယ့်စွမ်းအားရှင်” (ဗလငါးတန်)
•••••••••••••••••••••••••••••••••
“စွမ်းအားရှင်”ဆိုတဲ့ စကားလုံးဟာ 
တစ်လွဲအသုံးပြုသွားတဲ့သူတွေကြောင့် 
တစ်မျိုးအဓိပ္ပါယ်တွေ ရောက်သွားစေတော့တာပါ။ 
တကယ်တော့ စွမ်းအားရှင်ဆိုတာ စွမ်းအားငါးမျိုးကို 
ပိုင်ဆိုင်ထားသူတွေမှ တကယ့်စွမ်းအားရှင် ဖြစ်မှာပါ။

၁။ “ယုံကြည်မှု”စွမ်းအား
၂။ “အသိဉာဏ်”စွမ်းအား
၃။ “ကြိုးစားမှု”စွမ်းအား
၎။ “တည်ငြိမ်မှု”စွမ်းအား
၅။ “သတိ”စွမ်းအား ဆိုတဲ့ ဒီအားငါးမျိုးပါပဲ။ 

ဒါကို စာလိုတော့ “ဗလငါးတန်”လို့ ခေါ်ဆိုတာပါ။ 
အဲဒီ ငါးမျိုးညီပြီဆိုရင် အကျိုးပေးလည်း ကောင်းနေမှာ
အမှန်ပါပဲ။ 

ဒီငါမျိုးမှာ 
♦ ယုံကြည်မှုစွမ်းအား (သဒ္ဓါဗလ)နဲ့ 
အသိဉာဏ်စွမ်းအား (ပညာဗလ)ဟာ ညီမျှနေရပါမယ်။ 
ယုံကြည်မှုအားကောင်းပြီး အသိဉာဏ်မပါရင်
တစ်လွဲတွေ ကိုးကွယ်ယုံကြည်မိတတ်သလို၊ 
♦ ပညာအားကောင်းပြီး ယုံကြည်မှုနည်းနေရင်လည်း 
ဉာဏ်နီဉာဏ်နက် သိပ်များကာ စဉ်းလဲကောက်ကျစ် 
သွားတတ်ပါတယ်။

အဲဒီလိုပဲ ကြိုးစားမှု စွမ်းအား (ဝီရိယဗလ)နဲ့ 
တည်ငြိမ်မှုစွမ်းအား (သမာဓိဗလ)ဟာလည်း ညီမျှနေရပါမယ်။ 
♦ ဝီရိယများပြီး တည်တည်ငြိမ်ငြိမ် မရှိရင် 
ကြိုးစားသလောက် အရာမထင် ဖြစ်တတ်သလို 
♦ တည်ငြိမ်မှုအားကောင်းပြီး အားထုတ်မှု 
နည်းနေပြန်ရင်လည်း လေးလံနှေးကွေးနေလို
့ရှေ့ကိုမတက်နိုင်ပဲ ဖြစ်နေတတ်ပါတယ်။ 

ဒီအတွဲနှစ်တွဲ ညီမျှနေဖို့အတွက် 
အဓိကအချုပ်ကတော့ “သတိစွမ်းအား”ပါပဲ။ 
သတိရှိနေရင် အလွန်အကျွံဖြစ်သွားတယ်
ဆိုတာ မရှိတော့ပဲ ညီမျှအောင် ညှိသွားနိုင်တော့တာ ဖြစ်ပါတယ်။ 

စွမ်းအားတွေ ညီနေရင် အကျိုးသက်ရောက်မှုတွေလည်း 
မှန်နေမှာဖြစ်ကာ အမှန်တကယ် စွမ်းအားရှင်တွေ 
ဖြစ်နေကြမှာပါ။ 

ဒါကြောင့် တကယ့်စွမ်းအားရှင်တွေ ဖြစ်စေဖို့ 
ဗလငါးတန် ညီမျှစို့လို့ ဆိုခြင်း ဖြစ်ပါတယ်။

- မေတ္တာဖြင့်
【ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)】

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm   

“တကယ့်စွမ်းအားရှင်” (ဗလငါးတန်)
///////////////////////////////////////////////////

No comments:

Post a Comment