Pages

Sunday, February 23, 2014

***** ဗုဒ္ဒဘာသာနဲ့ လက်တွေ့ ****

 ဗုဒ္ဒဘာသာရဲ့ အနှစ်သာရ တစ်ခုကို ပြပါဆိုရင်
 ကံ ကံ၏ အကျိုးကို ယုံကြည်ခြင်း ဆိုတာကို အရင်ဦးဆုံး ပြောရလိမ့်မယ်.


  • ဘာကြောင့်လည်း ဆိုရင် သက်ရှိတိုင်းဟာ အသက်ရှင်နေသရွေ့ ကာလပတ်လုံး ကာယကံ ကိုယ်နဲ့ လုပ်တာတွေ

  • ၀စီကံ နှုတ်နဲ့ ပြောတာတွေ

  • မနောကံ စိတ်နဲ့ ကြံစည်တွေးတောတာတွေကို အသက်မသေမချင်း လုပ်သွားကြရတဲ့ အတွက်ကြောင့်ပါပဲ.

  • အဲဒီ ကိုယ်ပြုလုပ်လိုက်တဲ့ ကံတိုင်းဟာ စိတ်ဆန္ဒအားကောင်းရင် ကောင်းသလို

  • စိတ်ဆန္ဒ အားပျော့ရင် အားပျော့သလို

  • ကိုယ်နဲ့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ အကျိုး သက်ရောက်မှုတွေကို ဖြစ်ပေါ်စေပါတယ်.

  • ကာယကံ နဲ့ ၀စီကံရဲ့ အကျိုးကတော့ ပတ်ဝန်းကျင်ပေါ် သက်ရာက်မှု ရှိပြီး

  • မနောကံရဲ့ အကျိုးကတော့ ကိုယ်တိုင်အတွက်ပါပဲ.

  • ဒါကြောင့်မို့လို့ ဘုရားရှင်ဟာ သီလ ကိုယ်မှု နှုတ်မှုကိုစောင့်ထိန်းဖို့ ပထမဦးဆုံး သာသနာအဖြစ် ဆုံးမခဲ့တာပါပဲ.

  • သီလပေါ့.

  • ဒါဟာ ဗုဒ္ဒပြောတဲ့ စကားနဲ့ လက်တွေ့ လူနဲ့ လူ့ပတ်ဝန်းကျင်မှာ

  • ဘယ်လို အကျိုးသက်ရောက်မှု ရှိသလည်း ဆိုတာကို ပြောရင်

  • အားလုံးသိနားလည်ထားတဲ့အတိုင်း

  • စောင့်ထိန်းခြင်းအားဖြင့် ဆိုးကျိုးကို မဖြစ်စေပဲ ကောင်းကျိုးတွေ ဖြစ်ထွန်းစေတာပါပဲ.

  • အဲဒါ ကံနဲ့ သီလရဲ့ အကြောင်းအကျိုး ဆက်နွယ်မှုပဲပေါ့.

  • ဒါကြောင့်ပဲ ကိုယ်ကျင့်သီလ ဆိုတဲ့ စကားပေါ်လာတာပါပဲ.

  • ကိုယ်မှာ ကျင့်တဲ့ အကျင့်ကို သေချာ ကြည့်လိုက်ရင်

  • နှစ်မျိုး ရတယ်.

  • ပထမ တစ်မျိုးက မိမိရဲ့ ကံကို ကျင့်မှုနဲ့

  • ဒုတိယက မိမိရဲ့ အိနြေ္ဒကို ကျင့်မှု ဆိုပြီး နှစ်မျိုး ရတယ်.

  • ဒါဟာလည်း အကြောင်းကြောင့် အကျိုး ဖြစ်ခြင်းပါပဲ.

  • ကာယကံနဲ့ ၀စီကံကို ကောင်းအောင် စောင့်ရှောက် လေ့ကျင့်ခြင်းဟာ
  • အိနြေ္ဒငါးပါးဖြစ်တဲ့

  • မျက်စိ နား နှာခေါင်း လျှာ ကိုယ်ဆိုတဲ့

  • အိနြေ္ဒတွေကို ကောင်းဖို့အတွက် အကြောင်းပါပဲ

  • သီလပေါ့

  • အဲဒီသီလလေး ကောင်းလာပြီဆိုရင်

  • ကိုယ်ပြုခဲ့တဲ့ အမှုကိစ္စတိုင်းဟာ ကောင်းတာတွေ ဖြစ်လာမယ်.

  • မိမိနဲ့ သူတစ်ပါး အကျိုးတွေ ကောင်းလာမယ်.

  • ကောင်းအောင် လုပ်ခဲ့တယ်.

  • ကောင်းတာတွေလည်း ဖြစ်ခဲ့တယ်. ဆိုရင်

  • မိမိရဲ့ အကျင့်ကြောင့် မိမိရဲ့ သီလဟာ ကောင်းလာတယ်.

  • ကောင်းတဲ့ အဆင့်ကနေ စင်ကြယ်လာမယ်.

  • စင်ကြယ်မှုဟာ သီလရဲ့ အစွမ်းကြောင့်ပဲ ဖြစ်တယ်.

  • သန့်ရှင်းမှုကြတော့

  • သီလတစ်ခုတည်းနဲ့ မရတော့ဘူး.

  • သမာဓိဆိုတဲ့ စိတ်ကို အာရုံတစ်ခုတည်းမှာ

  • တည်ငြိမ်နေအောင် ထားနိုင်ဖို့ လိုအပ်လာပြီ

  • ဒါဟာလည်း သီလကို ကောင်းအောင် စင်ကြယ်အောင် လုပ်ဖို့ အရေးကြီးပါတယ်.

  • နောက်ကြောင်းအေးတယ်ပေါ့.

  • အဲဒီလို နောက်ကြောင်းအေးလာရင်

  • မိမိရဲ့ စိတ်ဟာ အာရုံတွေကြောင့်

  • ကိလေသာတွေ ထူပြောခဲ့တယ်.

  • အဲဒီ အာရုံတွေက လောဘဖြစ်စရာနဲ့ တွေ့ရင် လောဘ ဖြစ်ခဲ့တယ်.

  • ဒေါသ ဖြစ်စရာနဲ့ တွေ့ရင် ဒေါသဖြစ်ခဲ့တယ်.

  • မောဟ ဖြစ်စရာတွေနဲ့ကြုံရင် မောဟ ဖြစ်ခဲ့တယ်.

  • အဲဒီလို ဖြစ်တာတွေဟာ စိတ်ကို ညစ်ငြူးစေတယ်.

  • ကိလေသာတွေကြောင့် လိုချင်မှုကြောင့် တက်မက်မှုတွေ ဖြစ်လာတယ်.အဲဒီလို တက်မက်မှုဥပါဒါန် အာရုံကို နှစ်သက်ရာကနေ စွဲလန်းလာတယ်.

    • မထိန်းနိုင်ရင် မထိန်းနိုင်သလို အရှိန်အားကောင်းကောင်းနဲ့
    • ၀စီကံမှု ကာယကံမှုတွေပါ ပါလာရင်

    • ကံမြောက်လာတယ်.

    • အဲဒါတွေဟာ မကောင်းတာတွေပဲ ဆိုပြီး ကိုယ့်လုပ်ခဲ့တဲ့ မကောင်းတာတွေကို

    • ပြန်ပြီး ဆင်ခြင်နိုင်လာမယ်.

    • ဒါဟာ သီလရှိတဲ့သူမှ ဖြစ်နိုင်တယ်
      .
    • ဘာကြောင့်လည်း ဆိုတော့

    • အကျိုးတရား တစ်ခုရဲ့ အနှစ်သာရကို သိအောင်လုပ်တဲ့ နေရာမှာ

    • နှိုင်းယှဉ်မှုဆိုတာ မပါမဖြစ် ပါကို ပါရပါတယ်.

    • မကောင်းတာတွေကို ကိုယ်တိုင်လုပ်ခဲ့သလို

    • ကောင်းတာဖြစ်တဲ့ သီလကိုလည်း ကိုယ်တိုင်လုပ်ကြည့်မှ

    • အဲဒီ သဘောတရားနှစ်ခုကို စိတ်က ခံစားမိမယ်

    • အဲဒီလို ခံစားမိမှ မကောင်းမှုနဲ့ ကောင်းမှုရဲ့ အနှစ်သာရကို

    • နှိုင်းယှဉ်တက်လာမယ်.

    • အဲဒီအချိန်ရောက်ရင်တော့

    • သီလကို စောင့်ထိန်းတဲ့ အတွက် ဖြစ်လာတဲ့ စိတ်ရဲ့

    • ခံစားမှု အနှစ်သာရကို သိသိသာခံစားမိလာလိမ့်မယ်
    • အဲဒါဟာ သီလိကို အကြောင်းပြုပြီး

    • မိမိရဲ့ စိတ်ကို ကောင်းတဲ့ အာရုံတစ်ခုပေါ်မှာ

    • ဟုတ်တိုင်းမှန်စွာ ဆင်ခြင် နှလုံးသွင်းနေခြင်းကြောင့်ပါပဲ.

    • ဒါဟာလည်း သီလ ကောင်းပြီး စင်ကြယ်နေမှသာလျှင် ဖြစ်နိုင်ပါတယ်

    • ဒါဆိုရင် ကောင်းတာကိုလည်း ကောင်းတာမှန်းသိလာမယ်.

    • မကောင်းတာကိုလည်း မကောင်းတာမှန်းသိလာမယ်.

    • ကောင်းကျိုး မကောင်းကျိုးကို ဖြစ်စေတဲ့ အကြောင်းအမှန်တွေကို သိလာမယ် နားလည်လာမယ်

    • အဲဒီလို နားလည်လာတာဟာ နှိုင်းယှဉ်မှုမှာ သတိနဲ့ ဥာဏ်ရဲ့
    •ွစွမ်းအားကြောင့်ပါပဲ.

    • ဒါဆိုရင် နောက်ဖြစ်လာမဲ့ အနာဂတ်မှာ အကြောင်းကို သိခြင်းဆိုတဲ့

    • ပညာဟာ သူ့အလုပ်သူ့သဘောအတိုင်း

    • သီလရဲ့ စွမ်းအားဟာ မိမိရဲ့ အလေ့အကျင့်ကြောင့်

    • စိတ်ကို အာရုံတွေရဲ့ အပေါ်မှာ

    • တည်ငြိမ်လာအောင် လေ့ကျင့်ထားတဲ့အတွက်

    • အကြောင်း တစ်ခုခုတိုက်ဆိုင်လာတာနဲ့

    • လုပ်သင့်တယ် မလုပ်သင့်ဘူး ဆိုတာ ပညာရဲ့ စွမ်းအားကြောင့် ဓမ္မဆိုတဲ့ တရားဟာ ဆောင်ကြဉ်းသွားပါတယ်.

    • ငယ်ငယ် စာကျတ်သလိုမျိုးပေါ့

    • ထပ်ခါထပ်ခါ ရွတ်ဆို လေ့ကျင့်ခဲ့တဲ့ အကြောင်းကြောင့်

    • ကိုယ်ကျတ်တဲ့ စာကို အသံကြားလိုက်တာနဲ့ အလိုလို ရပြီးသားလိုမျိုး

    • ကိုယ်မှု နှုတ်မှု ဖြစ်တဲ့ သီလကို ထပ်ခါ ထပ်ခါ ကောင်းအောင် လေ့ကျင်ပြီး

    • စိတ်ကို ကောင်းတဲ့ အာရုံတစ်ခုပေါ်မှာ တည်ငြိမ်ပြီး

    • ကိလေသာတွေ ဖြစ်တိုင်းဖြစ်တိုင်း

    • ဆင်ခြင်နှလုံးသွင်းလေ့ကျင့်နေမယ်ဆိုရင်

    • ပညာဟာ ဓမ္မဆိုတဲ့ တရားဟာ မိမိရဲ့ စိတ်သန္တာန်မှာ အစင်ကိန်းပြီး

    • ကိလေသာရဲ့ရန်ကကင်းဝေးအောင် နေထိုင်နိုင်ပါတယ်လို့
       ပြောချင်ပါတယ် ခင်ဗျာ.

    • ဗုဒ္ဓကမ္ဘာဆိုဒ်မှ ကိုလင်းကိုကို ၏ ဗုဒ္ဓဘာသာအပေါ်ယုံကြည်သောအမြင်ဆွေးနွေးချက်မှ
    •  ဓမ္မ မိတ်ဆွေများ သိရှိစေရန် ပြန်လည်တင်ပြအပ်ပါသည်။
    • ပျော်ရွှင်ချမ်းမြေ့ကြပါပြီး တရားထူး တရားမြတ်လည်း ရရှိနိုင်ပါလို့ ဆုမွန်ကောင်းပို့သရင်းးးးးး

No comments:

Post a Comment