Pages

Wednesday, February 26, 2014

**** မေတ္တာတရား ****

 

မေတ္တာတရားဆိုတာ ထာဝရ အေးမြချမ်းမြေ့လှပါတယ်။ သူတံပါးအတွက် ကိုယ်ကပေးဆပ်လိုက်တဲ့ မေတ္တာတရားအတွက် တုန့်ပြန်မှု ပိုင်ဆိုင်မှု စတဲ့ ကိုယ့်အတွက် မျှော်လင့်ချက်တွေ ဘာမှမရှိပါဘူး။
မေတ္တာတရားဆိုတာ အပေးသက်သက် သူတံပါးချမ်းမြေ့စေဖို့ ကိုယ်က တတ်နိုင်သလောက်ပေးဆပ်လိုက်တဲ့ အရာမျိုးပါ။ ထို့အတူ မေတ္တာတရားဆိုတာ ရောင်ပြန်ဟပ်လေ့လည်း
ရှိတယ်။

မေတ္တာတရားနဲ့ပတ်သက်လို့ ဓမ္မဗျူဟာစာစောင်ထဲက ဖတ်ဖူးတဲ့ အကြောင်းအရာလေးကို ပြောပြချင်ပါတယ်။

တစ်ခါတုန်းက ရွာတစ်ရွာ မိခင်မုဆိုးမအိုကြီးကို ပြုစုလုပ်ကျွေးနေကြတဲ့ ညီအစ်ကိုနှစ်ယောက်ရှိတယ်။ တစ်နေ့တော့ မိခင်မုဆိုးမအိုကြီး အပြင်းအထန်နာမကျန်းဖြစ်လို့ ဆေးဆရာခေါ်ပြတဲ့အခါ ဆေးဆရာက သူရဲ့ဆေးကို ယုန်သားနဲ့ကျွေးမှ ရောဂါပျောက်မည်ဖြစ်ကြောင်း မှာခဲ့တယ်။

နောက်နေ့မနက်မှာ အစ်ကိုလုပ်သူက ညီဖြစ်သူကို ယုန်ရှာဖို့ တောထဲကိုလွတ်လိုက်တယ်။ တောထဲရောက်တဲ့အခါ ယုန်ဖမ်းဖို့ ပိုက်တွေကို ခြုံတွေမှာ လွမ်းထားပြီး ပိုက်ထဲကို ယုန်ဝင်အောင် တောခြောက်တော့တာပေါ့။
တောခြောက်သံကြောင့် ယုန်တွေထွက်ပြေးကြရင်း ယုန်တစ်ကောင်က
ပိုက်ထဲကို ၀င်သွားပါတော့တယ်။ ညီဖြစ်သူလည်း ၀မ်းသာအားရ ပိုက်ထဲက ယုန်လေးကို ဖမ်းတဲ့အခါ သေမယ့်လေးကြောင့် ကြောက်ပြီး တုန်နေတဲ့ ယုန်လေးကို တွေ့လိုက်ရတယ်။

ညီဖြစ်သူက သေဘေးကိုကြောက်ရွံ့ပြီး တုန်နေတဲ့ ယုန်လေးကိုကြည့်ရင်း

“ အော် သူမှာလည်း အသတ်နဲ့ပဲ သေမှာကြောက်ရှာမှာပဲလေ၊ ကိုယ့်မိဘအသက်ရှင်ဖို့ ကိုယ့်အတ္တတရားအတွက် သူတံပါးရဲ့အသတ်ကို သတ်ရမှာမတရားပါဘူးလေ ” ဆိုပြီး တွေးတောရင်း ယုန်လေးကို လွတ်လိုက်တယ်။

အိမ်ရောက်တော့ ယုန်ပါမတဲ့ ညီဖြစ်သူကို အစ်ကိုဖြစ်သူကမေးတော့ ...
အကြောင်းစုံကို ပြန်ပြောပြတဲ့အခါ အစ်ကိုဖြစ်သူက ဒေါသပုန်ထတော့တာ
ပေါ့။ ဒါပေမယ့် ဒီအကြောင်းကို သူတို့မိခင်မုဆိုးမအိုကြီးသိတဲ့အခါ အစ်ကိုဖြစ်သူကို ညီလေးလုပ်တာ မှန်ကန်တဲ့ကြောင်းပြောရင်း သူသားလေးရဲ့လုပ်ရပ်ကို ချီးကျူးရင်း စိတ်နှလုံးမှာချမ်းမြေ့ကြည်လင်ကာ ဖြစ်နေတဲ့ရောဂါဟာ
ချက်ခြင်းဆိုသလို အရှင်းပျောက်ကင်းသွားပါတော့တယ်။

မေတ္တာတရားတွေအပြန်အလှန်ပေးဝေကြရင်း

 မေတ္တာရောင်ပြန် ဟပ်နိုင်ကြပါစေ ...

မြ၀ဏိုးစံ(စာပေဥယျာဉ်)



http://satekuupuyar.blogspot.com/2013/08/blog-post_776.html


No comments:

Post a Comment