Pages

Tuesday, February 18, 2014

*** မေတ္တာအကျိုး (၁၁)မျိုး ***

Photo: *** မေတ္တာအကျိုး (၁၁)မျိုး ***

ဗုဒ္ဓဘာသာဝင်များ နေ့စဉ် ညစဉ်ရွတ်ဆိုနေတဲ့ တစ်နည်းပြောရရင်
 ဗုဒ္ဓဘာသာဝင်တိုင်း အရွတ်များတဲ့ ပရိတ်ကြီး(၁၁)သုတ်ထဲက
 မေတ္တာသုတ်ပဲဖြစ်ပါတယ်။ အဲဒီမေတ္တာသုတ်ရွတ်ဆိုခြင်းကြောင့်
 တစ်ဦးနှင့်တစ်ဦး ရန်သူပင်ဖြစ်လင့်ကစား အငြိုးတရားတွေ၊ မကောင်းတဲ့ အာဃာတတရားတွေ ပြေပျောက်စေပါတယ်။ 
မိမိအပေါ်အလွန်မုန်းနေတဲ့ရန်သူပင် ဖြစ်စေကာမူ သူ့ကို အာရုံပြုပြီး မေတ္တာသုတ်ကို
 ရွတ်မည်ဆိုပါက ထိုရန်သူပင် အမုန်းတရားတွေပြေပျောက်ကာ
 မေတ္တာဓာတ်တွေ ပေါက်လာပြီး အချင်းချင်း မိတ်ဆွေဖြစ်သည်အထိ
 အေးချမ်းမှုကို ပေစွမ်းနိုင်ပါတယ်။ ထို့ထက်ပိုသောအကျိုးတရားများစွာလည်း ရှိပါသေးတယ်။ ဒါဖြစ်ရင်
 မေတ္တာသုတ်ရွတ်ဆိုခြင်းကြောင့် နောက်ထပ် ဘယ်လို အကျိုးတရားတွေရနိုင်မလဲ?
 မေတ္တာသုတ်ရွတ်ဆိုခြင်းကြောင့် အကျိုး (၁၁)မျိုးကိုရစေနိုင်ပါတယ်။
ဒါကို မေတ္တာအကျိုး (၁၁)မျိုးလို့ လူသိများပါတယ်။ မေတ္တာအကျိုး (၁၁)မျိုးကတော့-

၁။ ချမ်းသာစွာ အိပ်ရတယ်။
 ၂။ ချမ်းသာစွာနိုးရတယ်။
 ၃။ အိပ်မက်ဆိုးတွေ မက်ခြင်းမှ ကင်းဝေးတယ်။
 ၄။ နတ်များရဲ့စောင့်ရှောက်ခြင်းကိုခံရပါတယ်။
 ၅။ လူတွေရဲ့ ချစ်ခင်မှုကို ခံရပါတယ်။
 ၆။ နတ်တွေရဲ့ချစ်ခင်မှုကို ခံရပါတယ်။
 ၇။ လက်နက်ဘေး မီးဘေး အဆိပ်ဘေး မသင့်နိုင်၊ လွတ်ကင်းမှုကိုရပါတယ်။
 ၈။ မျက်နှာကြည်လင်ရွှင်ပြတယ်။
 ၉။ စိတ်ထားတည်ကြည်လွယ်တယ်။
 ၁၀။ သေတဲ့အခါတွေဝေမှုကင်းတယ်။ 
(ဒီအချက်ကအရေးကြီးတယ်။ သေခါနီးအချိန်ရောက်ရင် ပုထုဇဉ်သဘာဝ အာရုံတွေ ပျံ့လွင့်တတ်ပါတယ်)။ 
ကောင်းတဲ့အာရုံ မကောင်းတဲ့အာရုံ စသည်ဖြင့်ပေါ့လေ။ အာရုံတွေပျံ့လွင့်တတ်ပါတယ်။ မကောင်းတဲ့အာရုံကို အာရုံကျနေခိုက် 
သေသွားမယ်ဆိုရင် အပါယ်လေးဘုံရောက်သွားမှာပါ။ သို့သော် မေတ္တာသုတ်ကိုနေ့စဉ် ညစဉ်
 ရွတ်ဆိုနေသူအဖို့တော့ အဲလိုမကောင်းသော အာရုံများဆီသို့
 ပျံ့လွင့်ခြင်းမရှိပါဘူး။ ဒါကြောင့်..*သေတဲ့အခါ တွေဝေမှုကင်းတယ်
 လို့ဆိုလိုခြင်းဖြစ်ပါတယ်။
 
*၁၁။ ရဟန္တာအထိ ဖြစ်နိုင်ပါတယ်။ ရဟန္တာ မဖြစ်သေးတောင်မှ သေသည့်အခါ
 ဗြဟ္ဗာ့ပြည်သို့လားရောက်ခြင်းဆိုတဲ့ အကျိုးတရားကို ရစေနိုင်ပါတယ်။
 ထိုသို့သော အကျိုးတရားများရစေနိုင်သောကြောင့် မေတ္တာသုတ်ကို နေ့စဉ် ညစဉ်
 ရွတ်ဆိုပြီး ကုသိုလ်ယူနိုင်ပါစေ။ အကျိုးတရား (၁၁)
 မျိုးလုံးရနိုင်ပါစေလို့ဆန္ဒပြုရေးသားလိုက်ရပါတယ်။
 
(ဆောင်ပုဒ်)။   ။ ချမ်းသာ အိပ်စက်၊ ချမ်းသာလျက်နိုး၊ အိပ်မက်ဆိုးကင်း၊ စောင့်ခြင်းနတ်များ၊ 
လူသားလည်းချစ်၊ နတ်လည်းချစ်လျက်၊ လက်နက်ဆိပ်မီး၊ ပြီးသည့်တစ်ဖြာ၊ မျက်နှာရွှင်ကြည်၊ 
တည်ကြည်နှလုံး၊ သေဆုံးမတွေ၊ ထူးထွေတရားသိ၊ မသိဗြဟ္ဗာ၊ ဖြစ်ကြပါသည်၊ မေတ္တာအကျိုး (၁၁)မျိုးတည်း။
 
အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်) 


*** မေတ္တာအကျိုး (၁၁)မျိုး ***
ဗုဒ္ဓဘာသာဝင်များ နေ့စဉ် ညစဉ်ရွတ်ဆိုနေတဲ့ တစ်နည်းပြောရရင်
ဗုဒ္ဓဘာသာဝင်တိုင်း အရွတ်များတဲ့ ပရိတ်ကြီး(၁၁)သုတ်ထဲက
မေတ္တာသုတ်ပဲဖြစ်ပါတယ်။ အဲဒီမေတ္တာသုတ်ရွတ်ဆိုခြင်းကြောင့်
တစ်ဦးနှင့်တစ်ဦး ရန်သူပင်ဖြစ်လင့်ကစား အငြိုးတရားတွေ၊ မကောင်းတဲ့ အာဃာတတရားတွေ ပြေပျောက်စေပါတယ်။

မိမိအပေါ်အလွန်မုန်းနေတဲ့ရန်သူပင် ဖြစ်စေကာမူ သူ့ကို အာရုံပြုပြီး မေတ္တာသုတ်ကို
ရွတ်မည်ဆိုပါက ထိုရန်သူပင် အမုန်းတရားတွေပြေပျောက်ကာ
မေတ္တာဓာတ်တွေ ပေါက်လာပြီး အချင်းချင်း မိတ်ဆွေဖြစ်သည်အထိ
အေးချမ်းမှုကို ပေစွမ်းနိုင်ပါတယ်။ 
 
ထို့ထက်ပိုသောအကျိုးတရားများစွာလည်း ရှိပါသေးတယ်။ ဒါဖြစ်ရင်
မေတ္တာသုတ်ရွတ်ဆိုခြင်းကြောင့် နောက်ထပ် ဘယ်လို အကျိုးတရားတွေရနိုင်မလဲ?
မေတ္တာသုတ်ရွတ်ဆိုခြင်းကြောင့် အကျိုး (၁၁)မျိုးကိုရစေနိုင်ပါတယ်။
ဒါကို မေတ္တာအကျိုး (၁၁)မျိုးလို့ လူသိများပါတယ်။
 
 မေတ္တာအကျိုး (၁၁)မျိုးကတော့-

၁။ ချမ်းသာစွာ အိပ်ရတယ်။
 
၂။ ချမ်းသာစွာနိုးရတယ်။
 
၃။ အိပ်မက်ဆိုးတွေ မက်ခြင်းမှ ကင်းဝေးတယ်။
 
၎။ နတ်များရဲ့စောင့်ရှောက်ခြင်းကိုခံရပါတယ်။
 
၅။ လူတွေရဲ့ ချစ်ခင်မှုကို ခံရပါတယ်။
 
၆။ နတ်တွေရဲ့ချစ်ခင်မှုကို ခံရပါတယ်။
 
၇။ လက်နက်ဘေး မီးဘေး အဆိပ်ဘေး မသင့်နိုင်၊ လွတ်ကင်းမှုကိုရပါတယ်။
 
၈။ မျက်နှာကြည်လင်ရွှင်ပြတယ်။
 
၉။ စိတ်ထားတည်ကြည်လွယ်တယ်။
 
၁၀။ သေတဲ့အခါတွေဝေမှုကင်းတယ်။ 

(ဒီအချက်ကအရေးကြီးတယ်။ သေခါနီးအချိန်ရောက်ရင် ပုထုဇဉ်သဘာဝ အာရုံတွေ ပျံ့လွင့်တတ်ပါတယ်)။
ကောင်းတဲ့အာရုံ မကောင်းတဲ့အာရုံ စသည်ဖြင့်ပေါ့လေ။ အာရုံတွေပျံ့လွင့်တတ်ပါတယ်။ မကောင်းတဲ့အာရုံကို အာရုံကျနေခိုက်
သေသွားမယ်ဆိုရင် အပါယ်လေးဘုံရောက်သွားမှာပါ။ သို့သော် မေတ္တာသုတ်ကိုနေ့စဉ် ညစဉ်
ရွတ်ဆိုနေသူအဖို့တော့ အဲလိုမကောင်းသော အာရုံများဆီသို့
ပျံ့လွင့်ခြင်းမရှိပါဘူး။ ဒါကြောင့်..*သေတဲ့အခါ တွေဝေမှုကင်းတယ်
လို့ဆိုလိုခြင်းဖြစ်ပါတယ်။

*၁၁။ ရဟန္တာအထိ ဖြစ်နိုင်ပါတယ်။ 
ရဟန္တာ မဖြစ်သေးတောင်မှ သေသည့်အခါ
ဗြဟ္ဗာ့ပြည်သို့လားရောက်ခြင်းဆိုတဲ့ အကျိုးတရားကို ရစေနိုင်ပါတယ်။
ထိုသို့သောအကျိုးတရားများရစေနိုင်သောကြောင့် မေတ္တာသုတ်ကို
 နေ့စဉ် ညစဉ်ရွတ်ဆိုပြီး ကုသိုလ်ယူနိုင်ပါစေ။ အကျိုးတရား (၁၁)
မျိုးလုံးရနိုင်ပါစေလို့ဆန္ဒပြုရေးသားလိုက်ရပါတယ်။

(ဆောင်ပုဒ်)။ ။ ချမ်းသာ အိပ်စက်၊ ချမ်းသာလျက်နိုး၊ အိပ်မက်ဆိုးကင်း၊ စောင့်ခြင်းနတ်များ၊
လူသားလည်းချစ်၊ နတ်လည်းချစ်လျက်၊ လက်နက်ဆိပ်မီး၊ ပြီးသည့်တစ်ဖြာ၊ မျက်နှာရွှင်ကြည်၊
တည်ကြည်နှလုံး၊ သေဆုံးမတွေ၊ ထူးထွေတရားသိ၊ မသိဗြဟ္ဗာ၊ ဖြစ်ကြပါသည်၊ မေတ္တာအကျိုး (၁၁)မျိုးတည်း။

အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)
 
 https://www.facebook.com/whi.ter.5?fref=ts

No comments:

Post a Comment