Pages

Wednesday, March 12, 2014

**** ပစ္စ န္တရစ် လူဖြစ်သူ။ *****



မြတ်စွာဘုရားပွင့်လို့ တရားဟောနေတဲ့အချိန် ဘုရားတရားနဲ့ မနီး၊ အလွန်ဝေးလံတဲ့အရပ်၊သာသနာမထွန်းကားတဲ့ နေရာမှာ လူသွားဖြစ်နေတယ်ဆိုရင် တရားဟောတာ ကြားနာခွင့် မရတဲ့
အတွက် အဲဒီပုဂ္ဂိုလ်ဟာလည်းပဲ အခွင့်အရေး ဆုံးရှုံးတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါတယ်။

လောကမှာ
ဝေးလံဒေသ တောတောင်ထူထပ်တဲ့အရပ်မှာဖြစ်တဲ့ လူရိုင်းဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ အချို့ဒေသတွေမှာရှိကြပါတယ်။


သီဟိုဠ်ကျွန်းမှာ “၀ဲဒ” ဆိုတဲ့ လူရိုင်းတွေရှိတယ်။ အဲဒီ လူရိုင်းတွေက အ၀တ်မ၀တ်ကြပါ။တောထဲမှာပဲ နေကြပါတယ်။ ငယ်ငယ်လေးထဲက အကောင်ဘလောင်တွေကို ပစ်ခတ် စားသောက်
ပြီး နေထိုင်ကြတာပါ။ သူတို့ကို အိမ်ဆောက်ပေးရင်လည်း အိမ်မှာမနေကြပါ။


 တောထဲထွက်ပြေးကြ
တယ်။ အ၀တ်အစားပေးလည်း မ၀တ်ကြပါ။ Aborigine လို့ခေါ်တဲ့ မူလလူရိုင်းမျိုးတွေဟာ ဒီကနေ့ထိ ရှိနေတုန်းပါ။


Austrakia နိုင်ငံမှာလည်း မူလကျွန်းနေ Aborigine ဆိုတဲ့ လူရိုင်းတွေရှိကြပါတယ်။ တောထဲ
မှာ တိရစ္ဆာန်တွေနဲ့နေပြီး တိရစ္ဆာန်တွေကို သတ်ဖြတ်ပြီး စားသောက်ပြီးနေတဲ့ ပုဂ္ဂိုလ်တွေပါ။ အဲဒီ
ပုဂ္ဂိုလ်တွေဟာ ဘုရားတရား ဆိုတာကို ဘယ်လိုမှမသိကြပါ။ တရားဓမ္မနဲ့ ပတ်သက်လို့ ဘာမှစိတ်မ
ဝင်စားကြပါ။ သူတို့ စားဖို့သောက်ဖို့လောက်ပဲ စဉ်းစားကြပါတယ်၊ ပျော်ဖို့ပါးဖို့ပဲ စဉ်းစားကြပါတယ်။


တောထဲမှာပဲ ဒီလိုနေကြတဲ့ လူသားမျိုးနွယ်တွေပါ။ အဲဒီ ပုဂ္ဂိုလ်တွေဟာလည်း တရားထူးရရှိဖို့
အခွင့်အရေးတွေ ဆုံးရှုံးနေကြတာ ဖြစ်ကြပါတယ်။ ဘုရား ပွင့်သော်လည်း တရားနာခွင့် မရတော့ပါ။
တရားနာယူမှတ်သား ကျင့်ကြံပြီး ရလာမယ့် အခွင့်ကောင်းတွေ လက်လွတ်ဆုံးရှုံးသွားရ ပါတယ်။
အင်မတန်မှ ကြောက်စရာကောင်းပါတယ်။ ။


{ ၁၃၆၈ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၈ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့၌ အရှင်နန္ဒမာလာဘိဝံသ (Ph.D) ဟောကြားသော ရှစ်ယောက်နှင့် တစ်ယောက် တရားတော်မှ ကောက်နုတ်
ရေးသားပူဇော်ပါသည်။ }


(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)


ဓမ္မနဒီဆိုဒ်မှ ပြန်လည်မျှဝေသည်။ 

No comments:

Post a Comment