/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Saturday, March 15, 2014

" ပဋိစ္စသမုပ္ပာဒ် မြင် သဖြင့် အနတ္တ လက္ခဏာ ထင်မြင် ပုံ။ "

 " ပဋိစ္စသမုပ္ပာဒ် မြင် သဖြင့် အနတ္တ လက္ခဏာ ထင်မြင် ပုံ။ "
=================================

ပဋိစ္စသမုပ္ပာဒ် အချက်ကို ကောင်းကောင်းကြီး မြင် သဖြင့်
ထင်ရှားသော အနတ္တ လက္ခဏာ ကို ပြဆိုအံ့။
ဉာတ ပရိညာ အခန်း၌ ပြဆိုခဲ့ပြီးသော ပဋိစ္စသမုပ္ပာဒ် အစီအရင်ကို
ဤနေရာ၌ ဆောင်၍ သိလေ။

လိုရင်းအဓိပ္ပာယ်မှာ မှန်ပြင် မှာ လူမျက်နှာရိပ် ပေါ်ရာ၌ ထိုမျက်နှာရိပ်သည်မှန်လည်း မဟုတ်သလို မျက်နှာလည်းမဟုတ်။
မျက်နှာနင့် တူလေရကား မျက်နှာရိပ်ဟူ၍ ခေါ်ရ၏။

မျက်နှာရိပ်တို့ မည်သည် မှန်ထဲမှာ အမြဲရှိနေကြသည် မဟုတ်ကုန်။
မှန်နှင့် ဆုံမိကြဆဲ အခါ၌သာ အခိုက်အတံ့အားဖြင့် ပေါ်လာကြကုန်၏။
လူ့မျက်နှာရိပ် ကွယ်ပြန်လျှင်လည်း မျက်နှာရိပ် ကွယ်ပျောက် ပြန်၏။
ထို့အတူ ဝေဒနာ တို့သည်လည်း အာရုံတို့နှင့် တွေ့ထိဆဲ အခါ၌သာလျှင်အခိုက်အတံ့ အားဖြင့် ကိုယ်သန္တာန်အတွင်းမှာ ဖြစ်ပေါ်လာကြ၏။ 

ထိုအာရုံတို့ ကွယ်ပြန်လျှင်လည်း ကွယ်ပျောက် ချုပ်ဆုံးကြလေကုန်၏။
ဤသို့ ဖြစ်ခြင်းကို ပဋိစ္စ သမုပ္ပာဒ် အချက်ဟု ဆိုသတည်း။
ဝေဒနာတို့သည် မိမိကိုယ်တွင်းမှာ ဖြစ်ပေါ်လာသော်လည်း
မိမိနှင့် ဆိုင်ရာ မဟုတ်ကုန်ဟူသော အနက်ကို ပြလိုရင်းတည်း။
မိမိကိုယ်လည်း မဟုတ်ကုန်။

မိမိကိုယ်ပိုင် ဥစ္စာလည်း မဟုတ်ကုန်။
မိမိကိုယ်ခန္ဓာ အတွင်းမှာ အမြဲရှိနေသော တရားလည်း
မဟုတ်ကုန် ဟူသော အနက်ကို ပြလိုရင်းတည်း။

ဤသို့ ဝေဒနာ၏ ပဋိစ္စသမုပ္ပာဒ်အမှု အာဂန္တုက အမှုကို ကောင်းကောင်း
ထင်မြင်သည် ရှိသော် ဝေဒနာတို့၏ အနတ္တ ဓမ္မမျိုး စစ်စစ်ဖြစ်ကြောင်းကိုပဋိစ္စသမုပ္ပာဒ် အချက်နှင့် ပြဆိုသော အခန်းပြီး၏။
ဝေဒနာ တို့၏ ပဋိစ္စသမုပ္ပာဒ် အချက်ကို လှလှ ထင်မြင် နိုင် ပါလျှင်
အနတ္တ ထင်မြင် နိုင်တော့မည် ဧကန်တည်း။

" အနတ္တ ထင်မြင်ခြင်း၏ အကျိုး အာနိသင်။ "
=========================

အနတ္တ ကောင်းကောင်း ထင်မြင် နိုင် လျှင် အတ္တဒိဋ္ဌိ သက္ကာယဒိဋ္ဌိ အကြွင်းမဲ့ ချုပ်ငြိမ်းသော သောတာပတ္တိမဂ်ဉာဏ်သို့ ရောက်၏။
သောတာပန် အရိယာ ပုဂ္ဂိုလ် အဖြစ်သို့ ရောက်၏။
စိတ်သန္တာန်၌ အတ္တဒိဋ္ဌိ၏ ကင်းငြိမ်းခြင်းသည်
သဥပါဒိသေသနိဗ္ဗာန် နိဗ္ဗာန်ချမ်းသာကြီးပင် ဖြစ်လေသတည်း။
လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူအပ်သော
" အနတ္တ ဒီပနီ " ကျမ်းစာအုပ်မှ ကောက်နှုတ် ပူဇော်ပါသည်။

" ပဋိစ္စသမုပ္ပာဒ် အ ကြောင်းအကျိုး။ "
=====================

အကြောင်းတရားတို့ ပြည့်စုံ ညီညွတ်ပါက အကျိုးတရားတို့သည်
သူ့သဘောသူဆောင်ကာ မရှိရာမှ အသစ်အသစ် ဖြစ်ပေါ်နေခြင်းဖြစ်သည်။
အကြောင်းတရားတို့ ကျေးဇူးမပြုခင်ကလည်း ထိုအကျိုးတရားသည်
ကြိုတင်၍ ဖြစ်ပေါ် မနေသလို အကြောင်းကင်းသည်နှင့်လည်း
လုံးဝ ချုပ်ပျောက်ကြ၏။

အကြောင်းတရားသည် အကျိုးတရားကို ကိုယ်ဝန်ဆောင်ထားခြင်း မရှိသလိုအကျိုးတရားသည်လည်း အကြောင်းတရား ကိုယ်ဝန်မှ မွေးဖွားလာခြင်း မရှိပါ။

အကြောင်းတရားတို့ ပြည့်စုံ ညီညွတ်သည်နှင့် အကျိုးတရားတို့သည်
သူ့သဘောသူဆောင်ကာမရှိရာမှအသစ်အနေဖြင့် ဖြစ်ပေါ်လာခြင်း
 ဖြစ်သည်။ဥပမာ မှန်ကို ကြည့်သောအခါ မှန်သားပြင်ပေါ်မှာ ဖြစ်ပေါ်လာသောမျက်နှာပုံရိပ်သည် မှန်သားလည်း မဟုတ်သလို မျက်နှာလည်းမဟုတ်ပါ။ 

မှန်သားနှင့် မျက်နှာကို စွဲ၍ မရှိရာမှ အသစ်ဖြစ်ပေါ်လာသော
ပဋိစ္စသမုပ္ပာဒ် တရားမျိုးသာဖြစ်သည်။
ထိုတရားသည် အခိုင်အမာ အနှစ်သာရ အမာခံ မရှိသောကြောင့်
ငါ၊ ငါ့ဥစ္ဖာ အနေဖြင့် အတ္တပြု၍ မရသော အာဂန္တုဓာတ် သက်သက်မျှသာ ဖြစ်လေသည်။

ထို့အတူ အာရုံနှင့် ဒွါရ တိုက်မှုကြောင့် အသစ်ဖြစ်ပေါ်လာသော ဝိညာဏ်သည်အာဂန္တုဓာတ်သက်သက် ဖြစ်၍ ပုဂ္ဂိုလ်၊ သတ္တဝါ ၊ ဒြပ်၊ ဝတ္ထုပြု၍အခိုင်အမာ အနှစ်သာရအားဖြင့် စွဲယူရနိုင်လောက်သော အမာခံသဘောမျိုး လုံးဝမရှိပါ။

၎င်းကဲ့သို့ အကြောင်း တိုက်ဆိုင်တိုင်း အကျိုးတရားတို့
အသစ်ဖြစ်ပေါ်လာပုံကို ပဋိစ္စ သမုပ္ပာဒ် သဘောအားဖြင့် သိမြင်ခြင်းသည်အကြောင်းအကျိုး ဆက်နွယ်မှု အနတ္တအမြင်ဖြင့် သိမြင်ခြင်း ဖြစ်သည်။ထိုသို့ ဆက်နွယ်မှုကို အောက်ပါ (အတ္ထနယ) နည်း (၄) မျိုးဖြင့်သိမြင် နားလည်နိုင်ပေသည်။

(၁) ဧကတ္တနည်း
==========

အတိတ်အကြောင်းတရားနှင့် ပစ္စုပ္ပ္ပန် အကျိုးတရား။
ပစ္စုပ္ပန်အကြောင်းတရားနှင့် အနာဂါတ်အကျိုးတရားတို့သည်
ကြောင်းကျိုးဆက်နွယ်လျက် တစ်ဆက်တစ်စပ်တည်း စဉ်ဆက်မပြတ် ဖြစ်ပေါ်နေသည်။
ထို့ကြောင့် ပန်းသီထားသကဲ့သို့ ရုပ်နာမ်အစဉ်၌ မပြတ်ဆဲမှုကို
ထိုးထွင်း သိမြင်သဖြင့် ဘဝသည် ပုခက်နှင့် ခေါင်းကြားမှာသာ ရှိ၏။
သေလျှင်ပြတ်၏ဟု စွဲယူထားသော ဥစ္ဆေဒဒိဋ္ဌိ အယူမှားကြီးကို ပယ်စွန့်နိုင်ပေမည်။

(၂) နာနတ္တနည်း
==========

အကြောင်းတရားနင့် အကျိုးတရားတို့သည် ဆက်နွယ်မှုရှိကြသော်လည်း
ရုပ်နာမ်တို့၏ သဘာဝလက္ခဏာတို့သည် မတူညီကြပါ။
ထို့ကြောင့် အကြောင်း ရုပ်နာမ်တို့ချုပ်ပြီး အကျိုးရုပ်နာမ်တို့
အသစ်ဖြစ်ပေါ်လာသောကြောင့်
၎င်းတို့၏ လက္ခဏာများမှာလည်း တူညီမည် မဟုတ်ပါ။
ထိုသို့ သိမြင် ပါက အတ္တသည် မြဲ၏ ဟူ၍ စွဲယူတတ်သော
သဿတဒိဋ္ဌိ အယူမှားခြင်းကို ပယ်စွန့်နိုင်လေသည်။

(၃) အဗျာပါရနည်း
===========

အကြောင်းတရားသည် အကျိုးတရား ဖြစ်ပေါ်လာအောင် အားထုတ်သည့်ဗျာပါရ မရှိသလို အကျိုးတရားသည်လည်း အကြောင်းတရားရှိပါကဖြစ်ပေါ်လိုက်မည်ဟု အားထုတ်သည့် ဗျာပါရမျိုး မရှိပါ။အကြောင်းတရား ထင် ရှားဖြစ်ပေါ်သည်နှင့် အကျိုးတရားသည်သူ့သဘောသူဆောင်ကာ မရှိရာမှ အသစ်ဖြစ်ပေါ်လာခြင်းသာ ဖြစ်သည်။
(ဥပမာ သွားချင်သောစိတ်သည် အကြောင်း တရားအနေဖြင့်
ထင်ရှားဖြစ်ပေါ်သည်နှင့် သွားသည့်ရုပ်သည် အကျိုးတရား အဖြစ်နှင့်
သူ့သဘော သူဆောင် ကာ အသစ်ဖြစ်ပေါ်လာ၏။
မိမိအလိုအတိုင်း ဖြစ်သည့် သဘောမျိုး မရှိပါ)။

(၄) ဧဝံဓမ္မတာနည်း
============

အကျိုးတရားသည် သူ့သဘော သူဆောင်ကာ အသစ်ဖြစ်ပေါ်လာသော်လည်း
ပရမ်းပတာဖြစ်ပေါ်ခြင်းမျိုး မဟုတ်ပေ။
အကြောင်းအားလျော်စွာသာ ဖြစ်ပေါ်ရလေသည်။
ဥပမာ မျက်စိနှင့် အဆင်း တိုက်မှုကြောင့် မြင် စိတ်သာ ဖြစ်ပေါ်ရသည်။
ကြားစိတ် ဖြစ်ပေါ်ခြင်း မရှိပေ။

- ဒေါက်တာစိုးလွင် (မန္တလေး) ၏ အခြေခံဉာဏ်နှစ်ပါးနှင့် အနတ္တအမြင်
ဓမ္မလမ်းစာစဉ်မှ ကောက်နှုတ် ပူဇော်ပါသည်။

No comments:

Post a Comment