Pages

Sunday, March 30, 2014

**** ဖြစ်ပြီးတဲ့ အကုသိုလ်ကို ပယ်ပါ ****



 ဖြစ်ပြီးတဲ့ အကုသိုလ်ကို ပယ်ပါ
*************************

ဘဝမှာ
မလွှဲမရှောင်သာ
အကုသိုလ်တစ်ခုကိုပြုမိရင်
ပြုပြီးတဲ့ အကုသိုလ်ကို


နောင်ဘယ်တော့မှ
မပြုတော့ဘဲ
ကုသိုလ်တွေသာ
စုံနိုင်သမျှစုံအောင်
ဆက်ကာဆက်ကာ
ပြုနေလိုက်ပါ။


မထူးတော့ပါဘူးဆိုပြီး
အကုသိုလ်တွေပဲ
ဆက်ကာဆက်ကာ ပြုနေရင်
ဘဝကနစ်သထက်
နစ်သွားပါလိမ့်မယ်။


ဒါကြောင့်
ဖြစ်ပြီးတဲ့အကုသိုလ်ကို
ပယ်ပြီး
ကုသိုလ်ကောင်းမှုတွေပဲ
အစွမ်းကုန်
ကြိုးစားကြပါစို့။


အရှင်ရာဇိန္ဒ (ရဝေနွယ် -အင်းမ)

No comments:

Post a Comment