တစ်ချက်ရှုမှတ် တစ်ဘဝပြတ်
ဝိပဿနာရှုမှတ်နေသူဟာ ရုပ်နာမ်တစ်ချက် ရှုလိုက်ရင် ဖြစ်လာမယ့် ကံတစ်ခု
ပြတ်သွားတယ်လို့ ပြောကြရတာပါ။ တစ်ချက်ရှုလိုက်ရင် ဖြစ်လာမယ့် ကံတစ်ခု
ပြတ်သွားပါတယ်။ရုပ်ကိုရုပ် နာမ်ကိုနာမ်လို့ တစ်ချက်ရှုလိုက်နိုင်တာဟာ အလကားမဟုတ်ဘူး။ နည်းတဲ့တန်ဖိုး မဟုတ်ပါဘူး။
တစ်ချက်ရှုလိုက်ရင် ကိုယ့်မှာဖြစ်လာမယ့် တစ်ဘဝစာဒုက္ခ သက်သာသွားတာပါ။ မရှုလို့ရှိရင် တစ်ဘဝစာဒုက္ခတွေ ထပ်တိုးလာတာပါ။ မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ်ကနေ ကံဆီကိုရောက်ရင် ဘဝဒုက္ခတွေ တိုးလာပါမယ်။
ရှုမှတ်လိုက်တဲ့အတွက် အရှုဥာဏ်က တစ်ဘဝစာ တွေ့ကြုံရမယ့် အိုရမယ့် ဒုက္ခ နာရမယ့် ဒုက္ခ သေရမယ့် ဒုက္ခ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ရမှာတွေငိုကြွေးပူဆွေးရမှာတွေ

သောကရောက်ရမှာတွေကို ဖြိုချဖျက်ဆီးပေးလိုက်ပါတယ်။
သက်သာသွားပါတယ်။
တရားအားထုတ်တာကို ပေါ့ပေါ့တန်တန် သဘောမထားပါနှင့် တစ်နာရီရှုလို့ လေးငါးဆယ်ချက်ပဲ ရှုနိုင်ရှုနိုင် ရုပ်ရုပ် နာမ်နာမ်လို့ တစ်ခဏလေးပဲ ရှုနိုင်ရှုနိုင် စိတ်မပျက်ပါနှင့်။ လေးငါးဆယ်ချက် ရှုနိုင်ရင်လည်း လေးငါးဆယ်ဘဝစာ ဒုက္ခတွေပြတ်သွားပါတယ်။ တစ်နေ့လုံးအားထုတ်လို့မှ ရုပ်လို့ တစ်ချက်သာရှုနိုင်လိုက်လို့ အရှုအမှတ် တစ်ချက်ရသွားရင်လည်း တစ်ဘဝစာ သက်သာသွားပါတယ်။
တရားအပေါ်မှာ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် ကိုယ့်ဒုက္ခတွေ ရှင်းပစ်နေတာပါ။ ကိုယ့်ဒုက္ခတွေ ရှင်းအောင်လုပ်နေတာလို့ သဘောပေါက်ပြီးတော့ ရှုမှတ်တဲ့အျပ်ါမှာ ပိုပြီးအားစိုက်ရှုမှတ်ရမှာပါ။
မဂ်ဥာဏ် ဖိုလ်ဥာဏ်တွေ မပေါ်ခင် အရင်ဆုံးရှေ့ကနေပြီး ကံတွေကို ဖြတ်ပေးတာက ဝိပဿနာဥာဏ်ပါ။ ရုပ်နာမ်ကိုရှုတဲ့ ဝိပဿနာဥာဏ်က ရှေ့တန်းကနေပြီး ကံတွေ အသစ်ထပ်မဖြစ်အောင် ဖြတ်တောက်ပေးနေပါတယ်။
နောက်ကနေပေါ်လာမယ့် လောကုတ္တရာ မဂ်ဥာဏ်က အပြီးတိုင် ကံတွေကို ပယ်ဖျက်ရှင်းလင်း ပေးပါတယ်။ ဖြစ်လာမယ့် ကံတွေကိုသာမက ဖြစ်ပြီးသားကံတွေကိုပါ ကြေပျက်သွားအောင်

ချေဖျက်ပေးပါတယ်။
ဓမ္မဒူတ-ဒေါက်တာအရှင်ပညိဿရ
ဓမ္မဒူတ-ဒေါက်တာအရှင်ပညိဿရ
Ko Latt ဖေ့ဘုတ် မှ ပြန်လည်မျှဝေသည်။
No comments:
Post a Comment