Pages
▼
***** အလောင်းအစားအပြစ် (၆)ပါး ****
အလောင်းအစား ကစားမှုစသည်ကို ပြုရာ၌…..
(၁) နိုင်သူသည် သူ့ဥစ္စာကို (အပေါင်ပြုထားသော ပုဆိုး ခေါင်းပေါင်းစသည်ကို)
အများရှေ့၌ပင် ယူရ၏။
ထို့ကြောင့် နိုင်သူကို ရှုံးသူက ရန်ငြိုးထားသောကြောင့်
ရန်များတတ်လေသည်။
(၂) ရှုံးသူလည်း ဆုံးရှုံးသွားသော မိမိဥစ္စာများကို တွေးကာ နှမြောရ ဝမ်းနည်းရ၏။
(၃) လက်တွေ့အားဖြင့် ဥစ္စာကုန်ခန်းရ၏။
(ကစားသမားတို့တွင် ပစ္စည်းဥစ္စာနှင့် နေနိုင်သူ အနည်းငယ်သာ ရှိ၏၊ ကစားသမားအများစုမှာ နဂိုရှိပြီးသော ပစ္စည်းပါ ကုန်တတ်လေသည်။)
(၄) တရားရုံး၌ ကစားသမားကို သက်သေပေးလျှင် တရားတွေ့ဘက်တို့က သူဟာ ကစားသမား ဖြစ်သောကြောင့် သူ၏စကားကို အတည်မယူသင့်ပါဟု ပြောဆိုတတ်ကြ၏။
(၅) မိတ်ဆွေတို့က ပြောဆိုဆုံးမ၍ မရသောကြောင့် ထိုကစားသမားကို အပေါင်းအသင်း
မလုပ်ကြတော့၊ သူ့ကို အကူအညီ မပေးကြတော့၊ သူ့အတွက် တရားရုံး၌
ကိစ္စရှိလျှင်လည်း သက်သေ မလိုက်ကြတော့၊ ဤနည်း အားဖြင့် မိတ်ဆွေများ၏
လွှမ်းမိုးခြင်းကို ခံရလေသည်။
(၆) သားသမီးများ၏ လက်ထပ်ရေးကြုံလာသောအခါ ကစားသမား၏ သားသမီးကို အလိုမရှိကြ၊
ငါတို့ သားသမီးကို သူ့အိမ်ပို့ရလျှင် ဆင်းရဲလိမ့်မည်၊ သူတို့ သားသမီးကို
ငါတို့အိမ် ယူဆောင်လာလျှင်လည်း “ သူ့အဖေ၏ စာရိတ္တကူးစက်လျှင် မကောင်း’’ ဟု
သဘောထားကြသည်။
ဆောင်။ ။ အလောင်းအစား၊ ဖဲသမားတို့၊ နိုင်သွားလေသူ၊ ရန်များဟူ၏၊
ရှုံးသူသော်ကား၊ ကိုယ့်စီးပွားတို့၊ ပျက်ပြားသည့်တွက်၊ ဝမ်းနည်းဖက်၏၊
လက်တွေ့မှာလည်း၊ ဥစ္စာနည်းကာ၊ ပျက်စီးသာတည်း၊ တစ်ဖြာထို့ပြင်၊ တရားခွင်ဝယ်၊
တင်လျှင်သက်သေ၊ ပျက်တတ်ချေ၏၊ မိတ်ဆွေတို့က၊ ပြောမရသဖြင့်၊ လုံးဝရှောင်ခွာ၊
လွှမ်းမိုးကာဖြင့်၊ မင်္ဂလာလက်ထပ်၊ မလိုအပ်သည်၊ ခြောက်ရပ် လောင်းစားအပြစ်တည်း။
ဒီနေရာမှ ကူးယူမျှဝေသည်...။
No comments:
Post a Comment