
အလှူမြတ်ကို လှူတတ်ကြပါစေ..။
ဒါနကိုပေးကမ်းလှူဒါန်းခြင်းလို့ အဓိပ္ပါယ်ဖွင့်ကြသော်လည်း စင်စစ် လောဘကိုသတ်သောတရားပင်ဖြစ်သည်။ ဒါနသည် အလောဘပင်ဖြစ်သည်။လောဘကိုလိုချင်တက်မက်ခြင်းဟု အဓိပ္ပာယ်ဖွင့် ကြသည်။ တက်မက်မှု့သည်တဏှာပင်။
ထို့ကြောင့်ဒါနသည် လောဘကိုသတ်ပြီးတဏှာကိုပြတ်စေသော တရားဖြစ်လေတော့သည်။
ဒါနပြုလျှင် သဒ္ဓါစိတ်ဦးစွာလာသည်။ထိုသဒ္ဓါစိတ်ကို လှူဖွယ်ဝတ္ထုပစ္စည်းကထမြောက်သည်။ သဒ္ဓါစိတ်ဆိုသည်မှာ အလွန်ကျယ်ဝန်းသည်။သို့ရာတွင် မိမိ၏ ဒါနအပေါ် မည်သည့်အချိန်တွင်မှ နှမြောဆုတ်နစ်သောစိတ် မဖြစ်ပေါ်ခြင်းသည် သန့်ရှင်းသော သဒ္ဓါဖြစ်သည်။ သမ္မာအာဇီဝဖြင့် ရှာဖွေရရှိသော လှူဖွယ်ဝတ္ထုပစ္စည်းသည် မြတ်သောလှူဖွယ်ပစ္စည်းဖြစ်၏။ တန်ဖိုးအနည်းအများက ပဓာနမကျပေ။
လှူပြီးသည့်နော် အကျိုးကျေးဇူးတစ်စုံတစ်ရာကို တောင့်တမျှော်လင့်နေလျှင်လည်း ထိုဒါနသည် လောဘကိုသတ်ရာမရောက်ပဲ လောဘအသစ်ကို မျိုးစေ့ချပေးသည်နှင့် တူသည်။
ဘ၀ ဘောဂ တောင့်တမရှိ၊ ပကတိစင်ဖြူ၊ ပေးလှူသော အလှူသည်.. ပစ္စုပ္ပန်ရော သံသရာအတွက်ပါ အကျိုးများသည်။ မျှော်လင့်တောင့်တမှု့များစွာကို အခြေခံ၍ လှူဒါန်းလျှင် အကျိုးမများလှပေ။ မိမိအလှူအပေါ်အများနတ်လူ အံ့သြစေသော်ဝ် ဟုဆိုပါလျှင်လည်း ဒါနမမည်တော့ပဲ မာနမည်သွားပေလိမ့်မည်။
အလှူမြတ်ကိုလှူတတ်ကြပါစေ..။
အယ်ဒီတာအဖွဲ့ ဓမ္မဒူတ ဘာသာရေးမဂ္ဂဇင်းမှ
No comments:
Post a Comment