
*ဖြစ်ပျက်မမြင်စေသောနိဝရဏတရားများ*
ကိလေသာနိဝရဏရှိနေရင်ဉာဏ်ကထိုး
ထွင်းလို့ မရဘူး။နိဝရဏကိုအရင်ဖြစ်
ပျက်ရှုပြီးဖယ်လိုက်၊ကာကွယ်တာတွေ
ဖယ်ရှားလိုက်မှပင်ကိုယ်ရှိ ဖြစ်ပျက်နဲ့ 
သွားတွေ့ မယ်။ဟဒယဝတ္ထုဆိုတဲ့သွေး
ထဲမှာလောဘဆိုတဲ့ဆေးနီ ဆေးဝါတွေ
ရောနေရင်ခန္ဓာဖြစ်ပျက်ကိုမမြင်နိုင်ဘူး။
လောဘကမဖယ်ထုတ်တော့ကြီးပွား
လာတယ်။တဏှာကြီးပွားတော့ဥပါဒါန်
ကံအပါယ်ဇာတိ။ကိုယ့်ကိုယ်ကိုယ်စိတ်
ဆိုးလည်းမဂ်ဖိုလ်တားတာပဲ။
သူတစ်ပါး
အတွက်စိတ်မကောင်းလည်းမဂ်ဖိုလ်
တားတာပဲ။ရခဲလိုက်တာ ပြန်ချင်လှပြီဆို
ရကိုမရဘူး။လုပ်လေမရလေပဲ၊သူက
ဒေါသနိဝရဏ။ပေါ်ရာကိုရှု၊ကမ္မဋ္ဌာန်းလို့ 
မှတ်။မရှုတတ်ရင်နိဝရဏ ရှုတတ်ရင်
ဝိပဿနာ။အဖျက်တရားတစ်ခုမှမရှိဘူး
ခင်ဗျာတို့ အသုံးမချတတ်လို့ အဖျက်
တရားဖြစ်တာ။သက်တမ်းကိုအဖြုန်းနိုင်
ဆုံးက ထိနမိဒ္ဓ။ဉာဏ်ပေါ်မယ့် ဟဒယ
ဝတ္ထုပေါ်မှာ သူကဝင်အုပ်နေတယ်။
အတွက်စိတ်မကောင်းလည်းမဂ်ဖိုလ်
တားတာပဲ။ရခဲလိုက်တာ ပြန်ချင်လှပြီဆို
ရကိုမရဘူး။လုပ်လေမရလေပဲ၊သူက
ဒေါသနိဝရဏ။ပေါ်ရာကိုရှု၊ကမ္မဋ္ဌာန်းလို့ 
မှတ်။မရှုတတ်ရင်နိဝရဏ ရှုတတ်ရင်
ဝိပဿနာ။အဖျက်တရားတစ်ခုမှမရှိဘူး
ခင်ဗျာတို့ အသုံးမချတတ်လို့ အဖျက်
တရားဖြစ်တာ။သက်တမ်းကိုအဖြုန်းနိုင်
ဆုံးက ထိနမိဒ္ဓ။ဉာဏ်ပေါ်မယ့် ဟဒယ
ဝတ္ထုပေါ်မှာ သူကဝင်အုပ်နေတယ်။
သူ့ ကိုအဆုံးပေးလိုက်ရင် ဘဝင်စိတ်
(အိပ်စိတ်)ကိုကျေးဇူးပြုပြီးလူ့ ဘဝသက်
တမ်းကိုတစ်ဝက်နုတ်မယ်။သူ့ ကိုဖြစ်
ပျက်ရှုရင် မဂ်စိတ်ကိုကျေးဇူးပြုတယ်။
ဟိုပြေး ဒီပြေးစိတ်ပျံ့လွင့်တာဥဒ္ဓစ္စ။
စိတ်ကဘယ်မှမပြေးနိုင်ပါဘူး။မှန်ချိန်
တာဝေးဝေးချိန်တာပဲရှိတယ်။သူပေါ်တဲ့
ဟဒယဝတ္ထုပေါ်ဉာဏ်လှည့်လိုက်။
ဒါတွေဟာနေရာမှကျပါမလား၊ခက်တယ်
ဆိုတာကုက္ကုစ္စ။အရင်ပြုခဲ့တဲ့အကုသိုလ်
တွေကိုတရားအားထုတ်ချိန်မှာဖြစ်စေ၊
အားမထုတ်ဘဲနေချိန်မှာဖြစ်စေ၊ဘယ်
အချိန်မှပြန်အတွေးပါနဲ့ ၊ဖျောက်ပစ်ပါ၊
အကုသိုလ်ပြန်တွေးတာအဟောင်းက
အသစ်ပြန်ဖြစ်ပြီး ခင်ဗျာတို့ ကိုလောင်
တဲ့မီး။သေတော့အပါယ်သွားတယ်ဆို
တာအကုသိုလ်ကပြီးခဲ့ပါပြီ၊ကိုယ့်တွေး
လုံးကြောင့်သွားတာ။
မတွေးကောင်းတာ
တွေးလိုက်တဲ့အတွက် အဖြစ်ဆိုးကြုံရ
တာ။တွေးလုံးမဝင်နိုင်အောင်ဟဒယ
ဝတ္ထုပေါ်ဉာဏ်လှည့်ပြီး ပေါ်လာတာမှန်
သမျှကိုဖြစ်ပျက်ဒုက္ခသစ္စာလို့ သာအဖန်
ဖန်နှလုံးသွင်းနေ။ဟုတ်မှဟုတ်ပါမလား
လို့ တွေးတဲ့ဝိစိကိစ္ဆာဟာ ကိုယ်ကျွတ်
မယ့်လွတ်မယ့်လမ်းကိုတားလိုက်တာပဲ။
အလွန်ကြောက်စရာကောင်းတယ်။
တွေးလိုက်တဲ့အတွက် အဖြစ်ဆိုးကြုံရ
တာ။တွေးလုံးမဝင်နိုင်အောင်ဟဒယ
ဝတ္ထုပေါ်ဉာဏ်လှည့်ပြီး ပေါ်လာတာမှန်
သမျှကိုဖြစ်ပျက်ဒုက္ခသစ္စာလို့ သာအဖန်
ဖန်နှလုံးသွင်းနေ။ဟုတ်မှဟုတ်ပါမလား
လို့ တွေးတဲ့ဝိစိကိစ္ဆာဟာ ကိုယ်ကျွတ်
မယ့်လွတ်မယ့်လမ်းကိုတားလိုက်တာပဲ။
အလွန်ကြောက်စရာကောင်းတယ်။
သူတစ်လုံးတည်းကအပါယ်တွန်းချနိုင်
တယ်။ရရမယ်လို့ ဘုရားကဟောထား
တာ ကျုပ်တို့ ကသံသယဖြစ်ဖို့ လိုသေး
လား။ပါရမီမလိုပါဘူးဆိုတာသေသေ
ချာချာမှတ်ပြီး ဖြစ်ပျက်သာရှုပါ။
ကိလေသာနိဝရဏတွေလည်း အနိစ္စပေမယ့်သူကအာသေဝနများတယ်။
သူ့ ချည်းထပ်ပြန်တလဲလဲ ဒီပေါ်ထပ်
ုဖြစ်နေတာ ဒီတော့မဂ်ကလည်းပွားမှ
ရမယ်။ဉာဏ်နဲ့ ထပ်ပြန်တလဲလဲမြင်ရမယ်။
(ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ကျေးဇူးတရားများ)ကို
ဓမ္မမိတ်ဆွေများအားကူးယူပူဇော်မျှဝေအပ်ပါသည်။
ဓမ္မမိတ်ဆွေများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာနိုင်ကြပါစေ။
No comments:
Post a Comment