Pages

Saturday, March 29, 2014

**** ဆုံးမ သြ၀ါဒ စကားများ *****



ခဏတွေ့ကြရတာပါ
****************

ကံတရားကို
သတိရစဉ်းစားမိတာနဲ့
တစ်ပြိုက်နက်
အကောင်းအဆိုးဆိုတာ
အကြောင်းအကျိုး
ရှိသလောက်သာ
ဖြစ်နိုင်တာပါ။


ဘဝဟာ
ထာဝရ မဟုတ်ပါ။
ဒီဘဝမှာတွေ့ကြုံ
ဆုံစည်းနေကြရတဲ့
ဆွေမျိုးမိဘ
အဝဝနဲ့ဥစ္စာဓန၊
ရာထူးဂုဏ်သိန်၊
အရှိန်အဝါ စတာတွေဟာ
သံသရာ တစ်ကွေ့မှာ
ခဏတွေ့ကြရတာပါ။

ကန့်သတ်ချက်ကလေး
စေ့သွားကြရင်
သူလည်းပဲ
သူ့အထုတ်ကလေး
သူထမ်းပြီး
သူ့လမ်းသူသွားရမယ်။

ကိုယ်လည်းပဲ
ကိုယ့်အထုတ်ကလေး
ကိုယ်ထမ်းပြီး
ကိုယ့်လမ်းကိုယ်သွားရမယ်
ဆိုတာ ရိပ်မိသိရှိ
လာနိုင်ပါတယ်။ ´

ဓမ္မဒူတ အရှင်ဆေကိန္ဒ။္ဒ{စံတော်ချိန် သတင်းစာ }
------------------------------

လူမြတ်တိုင်း ကျင့်လို့
******************

 လူကျင့်တိုင်းမြတ်ပါတယ်။
********************

မေတ္တာ၊ ကရုဏာ၊
မုဒိတာ၊ ဥပေက္ခာ လို့
ို့ဗြဟ္မစိုရ်တရား
လေးပါးရှိပါတယ်။

မေတ္တာ ဆိုတာ
သူတစ်ပါးကောင်းကျိုးကို
လိုလားတဲ့သဘော၊

ကရုဏာ ဆိုတာ
သူတစ်ပါးဆိုးကျိုးကို
ဖယ်ရှားပေးချင်တဲ့သဘော၊

မုဒိတာ ဆိုတာ
သူတစ်ပါးကောင်းစားနေတာကို
ဝမ်းမြောက်တဲ့သဘော၊

ဥပေက္ခာ ဆိုတာ
သူတစ်ပါးရဲ့
ကောင်းကျိုးဆိုးကျိုးဟာ
သူတစ်ပါးရဲ့
ကောင်းကံဆိုးကံအပေါ်မှာပဲ
မူတည်တယ်လို့
နှလုံးသွင်းခြင်ဆင်တဲ့သဘောပါပဲ။


ဗြဟ္မစိုရ်တရားဆိုတာ
လူမြတ်တွေကျင့်တဲ့
တရားလို့ အဓိပ္ပါယ်ရပါတယ်။


(ဗြဟ္မစရိယ= ဗြဟ္မစိုရ်၊
ဗြဟ္မ- လူမြတ်၊ စရိယ- ကျင့်။ )

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
--------------------------------

် စိတ်ဓာတ်အရည်အသွေး
********************

ကိုယ့်ရဲ့ စိတ်ဓာတ်
အရည်အသွေးတွေဟာ
တစ်နှစ်ထက်တစ်နှစ်
မြင့်သထက်
မြင့်မြင့်လာပါမှ
အဓိပ္ပါယ် ရှိပါတယ်။

မြင့်မြတ်လာအောင်လည်း
ကိုယ်ကအားထုတ် ရပါမယ်။

ဆိုဆုံးမလွယ်တာ၊
ကိုယ့်အားနည်းချက်
ကိုယ်သိချင်တာ၊
သိပြီးပြင်ချင်တာတွေဟာ
စိတ်ဓာတ်အရည်အသွေး
မြင့်မားရာ
မြင့်မားကြောင်းတွေပါပဲ။

အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)
----------------------------------
တရားများ ရှာဖွေ စုဆောင်းပေးသော
"ကို လှိုင် တိုး"ကို ကျေးဇူးတင် ပါတယ်။

No comments:

Post a Comment