Pages
▼
♣ ♣ ♣ ..မကြီးပွားခြင်းအကြောင်းတရား(၁၁)ချက်.. ♣ ♣ ♣
♣ ♣ ♣ ..မကြီးပွားခြင်းအကြောင်းတရား(၁၁)ချက်.. ♣ ♣ ♣
(၁)ဗုဒ္ဓကဒါနပြုလျှင် လောကကောင်းစားရေးကိုကြည့် ပြီး
လိုအပ်သောနေရာတွင်လှူခိုင်း၏ ဗုဒ္ဓဘာသာဝင်အများစုကငါကောင်းစားရေးကိုရှေ့ တန်းတင်ပြီးမလို
အပ်သောနေရာတွင်ပုံအပ်၍လှူတတ်ကြ၏။
(၂) ဗုဒ္ဓကစီးပွားရှာလျှင် သမ္ပဒါတရား(၄)ပါးနှင့် ပြည့် စုံမည်ဟုညွှန်ပြ၏ ဗုဒ္ဓဘာသာအများစုကတပါးမှမပြည့် စုံကြပါ။
(၃) ဗုဒ္ဓကဘာသာရေးအပေါ်မှာထားသောမေတ္တာစေတနာမျိုး၊စီးပွားရေးအပေါ်မှာ
ထားခိုင်း၏။ဗုဒ္ဓဘာသာအများစုကမလိုက်နာကြပါ။
(၄) ဗုဒ္ဓက ကြီးပွားတိုးတက်ရန်မိမိကိုယ်ကိုမပျက်စီးအောင်ထိန်းသိမ်းသောအတ္တသမာပဏီဒိမင်္ဂလာနှင့် ပြည့် စုံရန်ညွှန်ပြခဲ့ ၏။
ဗုဒ္ဓဘာသာအများစုကမလိုက်နာကြပါ။
(၅) ဗုဒ္ဓဟောကြားသောရောင့် ရဲခြင်းအစစ်ကိုမကျင့် သုံးခြင်းကြပဲ
အကုသိုလ်တွင်ပါဝင်သောကောသဇ္ဖခေါ် ပျင်းရိခြင်းကိုရောင့် ရဲခြင်းဟုမှားယွင်းကျင့် သုံးနေခဲ့ ကြ၏။
(၆) ဗုဒ္ဓကကြီးပွားတိုးတက်လိုသူများသည် အချိန်မှန်သမျှထဲမှကုသိုလ်၊ဥစ္စာ၊ပညာတမျိုးကိုအမြဲရအောင်ယူရမည်ဟုညွှန်ပြ၏။
ဗုဒ္ဓဘာသာအများစုကမလိုက်နာကြပါ။
(၇) နိုင်ငံတကာဗဟုသုတမရှိခြင်း။
(၈) စာပေဗဟုသုတမရှိခြင်း။
(၉) ကိုယ့် ထက်သာလျှင်မနာလိုခြင်း။
(၁၀) ခေါင်းဆောင်စိတ်နည်းပါးခြင်း။
(၁၁) မိမိကိုယ်ကိုမိမိအားကိုးလိုစိတ်မရှိသူများဖြစ်သည်။
No comments:
Post a Comment