Pages
▼
**** တကယ့်လူ ဆိုတာ ရှိမှ မရှိပဲ ****
ဗုဒ္ဓဘာသာဝင်အများစုက နိဗ္ဗာန်ပဲ ရချင်နေတာပဲ။
နိဗ္ဗာန်ကို ဘုရားရှိခိုးပြီးတော့မှ
အလကားဆုတောင်းပြီးတော့မှသာ
လိုချင်နေတာများနေတယ်။
ထိုက်သင့်တဲ့ တန်ရာတန်ကြေးမပေးရင်
ဘယ်လိုမှ ဝိပဿနာဥာဏ်
မဂ်ဥာဏ် ဖိုလ်ဥာဏ် ဖြစ်မှာမဟုတ်ဘူး။
ဥာဏ်အကြောင်းတရားမလုပ်ပဲနဲ့
ဥာဏ်အကျိုးတရား ဘယ်လိုမှ မပေါ်ဘူး။
ဘုရားရှိခိုးတယ်ဆိုတာ ကံအကြောင်းတရားပဲ ရှိသေး တယ်။
လှူဒါန်းတယ်ဆိုတာလည်း တငါ ငါနဲ့ လှူတယ်ဆိုရင်
ကံအကြောင်းတရားပဲ ရှိသေးတယ်။
ကံ အကြောင်းတရား တူသောအကျိုးဆိုတော့
သူများကို ကျွေးမွေးရင် ကိုယ်မငတ်ရုံ ရှိမယ်ပေါ့။
ကိုယ့် မရှိတဲ့ အမှန်တရား ရမှာမဟုတ်ဘူး။
သူများကို ဂရုစိုက်ရင် ကိုယ့်ပြန်ဂရုစိုက် ခံရရုံရှိမှာပဲ။
သူများ အပေါ် မေတ္တာထားရင် သူများက ကိုယ့်အပေါ်
ပြန်ပြီးတော့မှ မေတ္တာထားရုံ ရှိမှာပဲ။
သူများအသက် အန္တရာယ်ကို မထိခိုက်စေဘူးဆိုရင်
ကိုယ်အသက်ရှည်ရုံပဲ ရှိမှာပဲ။
ကိုယ်က အသက်ကိုတန်ဖိုးထားရင် အသက်ရှည်ရုံပဲ။
တူသောအကျိုးပဲ။ စားစရာ တန်ဖိုးထားရင် မငတ်ရုံပဲ။
ဥစ္စာပစ္စည်းတန်ဖိုးထားနေ တယ်ဆိုရင် ချမ်းသာရုံပဲ။
သတ်မှတ်ထားတဲ့ ရာထူးအာဏာတွေ
တန်ဖိုးထားတယ်ဆိုရင် အရာရှိဖြစ်ရုံ ပဲ ရှိမယ်။
ကိုယ်တန်ဖိုးထားတာတွေပဲ ကိုယ်ရတာ။
အဲ့ဒါတွေက ကံအကြောင်း ကံအကျိုး။
ကံတောင်မှ အကြောင်းမရှိပဲနဲ့ အကျိုးမဖြစ်ဘူး။
အရင်းအနှီးကတော့ ထည့်ရတယ်။
မရင်းပဲနဲ့ အချောင်ရချင်လို့က တော့ မရဘူး။
ဥာဏ်လည်း အဲ့ဒီလိုပဲ
ဥာဏ်အကြောင်း ဥာဏ်အကျိုးဆိုတာ မဂ္ဂသစ္စာနဲ့ နိရောဓ သစ္စာ
ကံအကြောင်း ကံအကျိုးက သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာ။
ကိုယ်လုပ်နေကျ တငါငါနဲ့ ပြုလုပ်နေတဲ့ ကာ ယကံတွေ၊
ကိုယ်ပြောနေကျ ဝစီကံတွေ၊ ကိုယ့်မှာ ဖြစ်ပေါ်နေကျ မနောကံတွေ
ငါဆိုတဲ့ အထင်မှား ကြီးနဲ့ တစ်ခုခု တစ်ယောက်ယောက်ဆိုတဲ့ အထင်မှားကြီးနဲ့
ပြုလုပ်ပြောဆိုနေကျ ကာယကံ ဝစီကံ မ နောကံတွေက အဲ့ဒီအကျိုးပေးတွေက
ဒုက္ခသစ္စာပဲ၊ ခန္ဓာငါးပါးပဲ ဖြစ်ရုံလေးပဲ။
ဘာမှတကယ်ဖြစ်တာ တော့မဟုတ်ပဲ
နာမည်ခံ ဖြစ်ရုံလေးပဲ။ လူဆိုတဲ့ နာမည်ခံ လူဖြစ်ရုံလေးပဲ။ တကယ်လူဖြစ်တာတော့ မ ဟုတ်ဘူး။
တကယ့်လူဆိုတာရှိမှ မရှိပဲ။
(သဘာဝဆရာတော်ဦးဥတ္တမသာရ- သဘာဝတရားရိပ်သာ)
No comments:
Post a Comment