သစ္စာ ကိုသိနေသောကြောင့် သစ္စ ဥာဏ်။ ခန္ဓာ ထဲ ပေါ်နေတာကိုသိမှသာ သစ္စ ဥာဏ်ဖြစ်မယ်နော်။
စာထဲရှိတာသိနေလို့  သစ္စာဥာဏ် မဖြစ်ဘူး။ စာထဲရှိတာက မှတ်တမ်းပဲ ရှိတယ်။ခန္ဓာထဲမှာဖြစ်ပေါ်တာ ပျောက်ပျက်တာကို စာနဲ့ရေးပြီးမှတ်တမ်းတင်ထားတာ။
♦ဝေဒနာ ကို ကျော်အောင်ကြိုးစား♦
နားလည်တဲ့သူတွေကြတော့ ဖြစ်တာက ဝေဒနာ။ပျက်တာက အနိစ္စ လို့ ခွဲခြားတတ်တယ်။
သစ္စာ ဖြစ်အောင်လုပ်ပြီး အသေတတ်ကြတာပေါ့။ဥာဏ်နဲ့ ကြည့်တဲ့အခါ ဝေဒနာကိုမတွေ့ ရတော့ပဲ ဖြစ်ပျက် ကလေးတွေချည်း တွေ့ နေရတော့တာကို ဝေဒနာ
ကျော်တယ်လို့ ပြောတာပါ။ဝေဒနာ ကျော်တယ် ဆိုတာ အနိစ္စ ကိုတွေ့ တယ် အနိစ္စ နဲ့ဖြစ်ပျက်ကလည်း အတူတူ ပဲဆိုတော့ဝေဒနာ ကျော်တယ်ဆိုတာ
ဖြစ်ပျက်မြင်တာပဲလို့ လဲ ပြောလို့ ရတယ်။ ဝေဒနာ
ကျော်လွန်အောင်ရှူထားနိုင်မှစိတ်ချရတာ။
(မိုးကုတ် ဆရာတော်ဘုရားကြီး)
(မိုးကုတ်ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချ နှစ် ငါးဆယ်ပြည့် အထိမ်းအမှတ်ပြက္ခဒိန်မှ ကောက်နုတ်ဖေါ်ပြပါသည်)
*****တတိယမြောက်သမီးတော်*****
(မိုးကုတ် ဆရာတော်ဘုရားကြီး)
(မိုးကုတ်ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချ နှစ် ငါးဆယ်ပြည့် အထိမ်းအမှတ်ပြက္ခဒိန်မှ ကောက်နုတ်ဖေါ်ပြပါသည်)
*****တတိယမြောက်သမီးတော်*****
No comments:
Post a Comment