Pages

Sunday, March 30, 2014

**** မသိလေ ဒုက္ခကြီးလေ ****


မသိလေ ဒုက္ခကြီးလေ
*****************

ဓာတ်လိုက်မယ်မှန်း
မသိလို့
ဓာတ်ကြိုးကို ကိုင်မိပါသည်
ဆိုကာမျှဖြင့်
ဓာတ်မလိုက်ဘဲ
နေမည် မဟုတ်။

မသိလို့
အကုသိုလ် လုပ်မိပါသည်
ဆိုကာမျှဖြင့်
အကုသိုလ်က သင့်အား
ခွင့်လွှတ်လိမ့်မည် မဟုတ်။
အကုသိုလ်က
ဆိုးကျိုးပေးမည်သာ ဖြစ်၏။

သို့ဖြစ်၍
ကုသိုလ်နှင့် အကုသိုလ်ကို
ခွဲခြားသိအောင်
လေ့လာထားပါ။


လေးအိမ်စု အရှင်ဝိစိတ္တသာရ

No comments:

Post a Comment