Pages

Thursday, March 20, 2014

**** အမြဲတမ်းပြည့်စုံ ချမ်းသာချင်ရင် တင်းတိမ်ရောင့်ရဲပါ ****



အမြဲတမ်းပြည့်စုံ ချမ်းသာချင်ရင်
*************************
တင်းတိမ်ရောင့်ရဲပါ
*******************

တင်းတိမ်ရောင့်ရဲ ခြင်း
မရှိသူရဲ့ စိတ်ဟာ
အမြဲတမ်း
ပူလောင်နေပါတယ်။


စိတ်ပူလောင်တော့
ကိုယ်လည်း
ပူလောင်ပါတယ်။


စိတ်ပူ ကိုယ်ပူ
အမြဲပူနေလို့
စိတ်လည်း မချမ်းသာပါဘူး။


ကိုယ်လည်း မကျန်းမာပါဘူး။

တင်းတိမ်ရောင့်ရဲခြင်း
ရှိသူရဲ့ စိတ်ဟာ
အမြဲတမ်း
အေးချမ်းနေပါတယ်။


စိတ်အေးချမ်းတော့
ကိုယ်လည်း အေးချမ်းပါတယ်။
စိတ်အေး ကိုယ်အေး
အမြဲအေးနေလို့
စိတ်လည်း ချမ်းသာပါတယ်။
ကိုယ်လည်း ကျန်းမာပါတယ်။


တင်းတိမ်ရောင့်ရဲ ခြင်းဟာ
စိတ်ချမ်းသာခြင်း၊
ကိုယ်ကျန်းမာခြင်းရဲ့
အကြောင်းဖြစ်ပါတယ်။


တင်းတိမ်ရောင့်ရဲနိုင်တဲ့
ပုဂ္ဂိုလ် အတွက်
မပြည့်စုံဘူးဆိုတာ
ဘယ်တော့မှ မရှိပါဘူး။


အမြဲတမ်း
ပြည့်စုံနေပါတယ်။
အမြဲတမ်း
ချမ်းသာကြွယ်ဝနေပါတယ်။


အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

No comments:

Post a Comment