Pages

Tuesday, March 11, 2014

*** ဒါလည်းပြီးသွားမှာပါ ***

Photo: “ဒါလည်းပြီးသွားမှာပါ”
•••••••••••••••••••••••
ပုထုဇဉ်တွေဆိုတာ “အဆိုးလောကဓံ”ကို
ဘယ်သူမှ မကြုံချင်ကြပါဘူး။
ဒီတော့ ကြုံလာရင် စိတ်ညစ်မယ်။
ပုထုဇဉ်ပဲ ညစ်ပေါ့။
တစ်နေရာမှာ သေချာထိုင်တဲ့ပြီး၊
ဒါမှမဟုတ် ခုတင်ပေါ်သေချာလှဲပြီး
အချိန်လေးလည်း သီးသန့်ယူပြီး
အားရပါးရကျေနပ်အောင်
စိတ်ကို ညစ်ပစ်လိုက်ပါ။

ကိုယ့်စိတ်တိုင်းကျ စိတ်ညစ်ပြီးရင်တော့၊
ကိုယ်လုပ်စရာလေးတွေ ဆက်လုပ်ဖို့ပါပဲ။
စိတ်ညစ်စရာလည်းညစ်၊တစ်နေ့တာ
ကိုယ်လုပ်စရာရှိတာလည်း လုပ်ပေါ့။
အဓိကကတော့ စိတ်ညစ်စရာရှိပေမယ့်
တစ်နေ့တာ ကိုယ်လုပ်ရမယ့်
“အလုပ်တွေ ပျက်မသွားဖို့ဘဲ” 
အရေးကြီးပါတယ်။
စိတ်ညစ်တဲ့အခါ အဲဒါ အရေးကြီးဆုံးပါပဲ။

ဘဝမှာ ဘယ်လောက်ပဲ “အဆိုးလောကဓံတွေ”နဲ့ပဲ
ကြုံရကြုံရ၊ဘယ်လောက်ပဲ
အကောင်းလောကဓံတွေနဲ့ပဲ ကြုံရကြုံရ၊
တစ်ချိန်ချိန်ကျရင် “ဒါလည်းပြီးသွားမှာပါ”ပဲလေ။

-[အရှင်ရာဇိန္ဒ (ရဝေနွယ် -အင်းမ)]

Dhamma Danã Source ► ကိုလှိုင်တိုး &
www.facebook.com/youngbuddhistassociation.mm  


“ဒါလည်းပြီးသွားမှာပါ”
•••••••••••••••••••••••
ပုထုဇဉ်တွေဆိုတာ “အဆိုးလောကဓံ”ကို
ဘယ်သူမှ မကြုံချင်ကြပါဘူး။
ဒီတော့ ကြုံလာရင် စိတ်ညစ်မယ်။
ပုထုဇဉ်ပဲ ညစ်ပေါ့။
တစ်နေရာမှာ သေချာထိုင်တဲ့ပြီး၊
ဒါမှမဟုတ် ခုတင်ပေါ်သေချာလှဲပြီး
အချိန်လေးလည်း သီးသန့်ယူပြီး
အားရပါးရကျေနပ်အောင်
စိတ်ကို ညစ်ပစ်လိုက်ပါ။

ကိုယ့်စိတ်တိုင်းကျ စိတ်ညစ်ပြီးရင်တော့၊
ကိုယ်လုပ်စရာလေးတွေ ဆက်လုပ်ဖို့ပါပဲ။
စိတ်ညစ်စရာလည်းညစ်၊တစ်နေ့တာ
ကိုယ်လုပ်စရာရှိတာလည်း လုပ်ပေါ့။
အဓိကကတော့ စိတ်ညစ်စရာရှိပေမယ့်
တစ်နေ့တာ ကိုယ်လုပ်ရမယ့်
“အလုပ်တွေ ပျက်မသွားဖို့ဘဲ”
အရေးကြီးပါတယ်။
စိတ်ညစ်တဲ့အခါ အဲဒါ အရေးကြီးဆုံးပါပဲ။

ဘဝမှာ ဘယ်လောက်ပဲ “အဆိုးလောကဓံတွေ”နဲ့ပဲ
ကြုံရကြုံရ၊ဘယ်လောက်ပဲ
အကောင်းလောကဓံတွေနဲ့ပဲ ကြုံရကြုံရ၊
တစ်ချိန်ချိန်ကျရင် “ဒါလည်းပြီးသွားမှာပါ”ပဲလေ။

-[အရှင်ရာဇိန္ဒ (ရဝေနွယ် -အင်းမ)]

Dhamma Danã Source ► ကိုလှိုင်တိုး &
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment