Pages

Thursday, March 20, 2014

**** “ပရိသတ်ထဲတိုးဝင် ခံစားကြည့်ခြင်း" *****

 Photo: ဓမ္မစကား.....

Admin - ဂျာလေး
“ပရိသတ်ထဲတိုးဝင် ခံစားကြည့်ခြင်း"
----------------------------------------

စိတ်အတွေးတို့ မွှမ်းကျပ်လာတိုင်း
ရောက်နေသည့်အတွေးအိမ် ရောက်
နေသည့် ဘဝလှောင်အိမ်မှ အဝေးသို့
ပြေးထွက်သွားချင်မိသည်။



တစ်နည်းအားဖြင့်…
လောကကို ဘဝကို ငြီးငွေ့လာသည့်
ခံစားမှု ဖြစ်ပါလိမ့်မည်။

မည်သို့ဆိုစေ…
ဘဝတဏှာ ဝိဘဝတဏှာ ကွန်ရက်ထဲ
က လွတ်ထွက်ဖို့ဆိုတာ အခက်သား
လား။တနည်းအားဖြင့်…

တွယ်တာစရာ တပ်မက်စရာတွေက
လောကထဲမှာ ဘဝထဲမှာအပြည့်။
တစ်ချို့ သောထဲထဲဝင်ဝင် စူးနစ်နေ
သည့် အတွယ်အတာသံယောဇဉ် ဆို
တာမျိုးကျပေါ့။ပယ်သတ်နိုင်ဖို့ အခက်
ဆုံးဖြစ်နေသည်။

ဒီတော့မွှမ်းကျပ်ပိတ်လှောင်နေသည့်
လောကဇာတ်ခုံဤလူ့ဘုံဘဝလှောင်
အိမ်မှ အဝေးသို့ အပြီးအပိုင် ထွက်ပြေးဖို့
ဲ့“မမှောင်သောအလင်း , ပွင့်လင်းသော
လေ"ကို မြင်ခွင့် ရှုရှိုက်ခွင့်ရဖို့ အကြိမ်
ပေါင်းသိန်းသန်းချီ၍ ကြိုးစားခဲ့ဖူးပါ၏။
မရခဲ့ , မအောင်မြင်ခဲ့ ။

သို့သော် …
လောကဇာတ်ခုံ , ဘဝဇာတ်ခုံပေါ်တွင်
ဇာတ်ကောင်အဖြစ်က ခဏ အနားယူပြီး,
ဇာတ်ကောင်ဘဝ ခဏထားခဲ့ ပွဲကြည့်
ပရိသတ်ထဲတိုးဝင် , ဇာတ်စင်ပေါ်က
ဇာတ်ကောင်တွေကို သတိလေး အသိ
လေးကပ်ပြီး ရှုမြင်လိုက်မှ သံဝေဂ ပွား
စရာတွေနဲ့“လွတ်မြောက်ခြင်းရသ"ကို
တခဏခြင်းတခဏခြင်း ခံစားလိုက်ရ။

ဒီတော့မှ…
ဲ့“မမှောင်သောအလင်း,ပွင့်လင်းသော
လေ"ကို တဝကြီး မြင်ရ,ရှုရ ပီတိ သော
မနဿ      အပြည့်အဝ ခံစားရခဲ့ဖူးသည်။
ဲ့“မမှောင်သောအလင်း,ပွင့်လင်းသော
လေ ကို မြင်ရ,ရှုရှိုက်လိုက်ရဘိ"သို့ 
ခံစားရသည်။

တနည်းအားဖြင့်… 

“လောကသဘာဝ လောကနိယာမတရား"
ကို သံဝေဂတရားပွားရင်း“ဘဝ၏ငြိမ်း
ချမ်းမှုရသ"ကို ခံစားရမိသည်။
ပုထုဇဉ်သဘာဝ အရ…  " အလင်းဆိုတာအလင်းပဲ,မမှောင်တဲ့
အလင်းတဲ့။ဘာလဲ,ဘယ်လိုကြီးလဲ။

ပြီးတော့ ပွင့်လင်းသောလေ တဲ့ ။
လေ ဆိုတဲ့နောက် ပွင့်လင်းလို့ပေါ့။"လို့
ပြောစရာရှိပါသည်။ပြောကြပါသည်။
မှန်ပါတယ်…
ပုထုဇဉ်သဘာဝ ကိုယ်စီ အတ္တလေး
တွေနဲ့ ဘဝအမှောင်ကို အလင်းလို့်ထင်နေကြတာကို။

တကယ့်အလင်းမှ မဟုတ်ဘဲ။ဒါ့ကြောင့်  " တကယ်စင်စစ် မမှောင်တဲ့အလင်း
ကို လိုချင်တာ"။

ပြီးတော့ မာယာသာဌေယ လှည့်စား
နေတဲ့လေ ကို ရှုနေကြမိတာ။“တကယ်ပွင့်လင်းရှင်းသန့်တဲ့လေ ကို
ရှုချင်တာဗျ"လို့ ပြောချင်တာပါ။
ပြောပါရစေဗျာ။

အင်း…
စည်းအပြင်မှ စောင့်ကြည့်လျှင် အရာရာကို
ထင်သာမြင်သာဖြင့် ခံစားရရှိမည်
ထင်ပါသည်။ခံစားကြည့်စေချင်ပါသည်။

* အရှင်စိတ္တဒီပ(ရွှေတောင်ဦး|ဓမ္မဝီရ)၏ “စည်းအပြင်မှစောင့်ကြည့်ခြင်း"
စာအုပ်မှ ဆရာငြိမ်းချမ်းဦး ၏ တင်ပြလွှာကို ကောက်နှုတ်ခံစားတင်ပြပါသည်။

* ခံစား နားလည်နိုင်ကြပါစေ ။

* ရွှင် လန်း ချမ်း မြေ့ ကြ ပါ စေ။





မေတ္တာဖြင့် .... လမင်းကြယ်စင်

No comments:

Post a Comment