Pages
▼
ဖရုသ၀ါစာအကြောင်း သိကောင်းစရာ(အမေးအဖြေကဏ္ဍ )
မေး။ ။ အရှင်ဘုရား ၀စီကံ(၄)ပါးတွင် သမ္မပ္ဖလာပအကြောင်း ဖြေပေးတဲ့အတွက်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ ဒါပြင် ဘာသာရေး အသိပညာများစွာလည်း
ရရှိပါတယ်ဘုရား။
အရှင်ဘုရား အချိန်ရပါက ဖရုသ၀ါစာ-ကြမ်းတမ်းသောစကားကို
ပြောဆိုခြင်း ကံမြောက်သည့်အင်္ဂါရပ်များနဲ့ အပြစ်များကိုလည်း
ရေးသားပေးပါဦးလို့ တောင်းပန်လျှောက်ထား
လိုက်ပါတယ်ဘုရား။ အရှင်ဘုရားအား
ရိုသေဦးခိုက်လျက်..................။
ဖြေ။ ။ ဖရုသ၀ါစာကံမြောက်ဖို့ရန်အတွက် အင်္ဂါ(၃)ချက်ရှိပါတယ်။ အဲဒါတွေကတော့
၁။ ကောပ-စိတ်ဆိုးအမျက်ထွက်ပြီး ပြောဆိုခြင်း။
၂။ ဥပကုဋ္ဌ-တစ်ဘက်သား ဆဲရေးတိုင်းထွာ ခံရခြင်း။
၃။ အက္ကောသန-ကြမ်းတမ်းသောစကား ပြောဆိုခြင်း။
ဖရုသ၀ါစာ မကောင်းသောဝစီကံ ပြုလုပ်တဲ့သူဟာ အောက်ပါအကျိုးတရားများ ခံစားရပါတယ်။
၁။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာဘုံတို့၌ ဖြစ်ရခြင်း။
၂။ အများရဲ့ မုန်းတီးခြင်းကို ခံရခြင်း။
၃။ မိမိစိတ် မကြည်လင်မှုဖြစ်ခြင်း။
၎။ သူတစ်ပါး ကဲ့ရဲ့ခံရခြင်း။
၅။ အသံကြမ်းတမ်းပျက်စီးခြင်းတို့ ခံစားရပါတယ်။
စာဖတ်ပရိသတ်များ ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာပန်းတိုင်ကို
လျင်မြန်စွာလျှောက်လှမ်းနိုင်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေလို့
ဆန္ဒပြုလျက်......။
အရှင်ကောမလ ဆန်နီနေမင်း
ဒီနေရာမှ ကူးယူမျှဝေသည်။
No comments:
Post a Comment