Pages

Tuesday, March 18, 2014

**** ဗုဒ္ဓမြတ်စွာ မပွင့်ရင် ****



ဗုဒ္ဓမြတ်စွာ မပွင့်ရင်
★ ★ ★ ★ ★ ★ ★ ★

နေမင်းကြီး
ထွက်ပေါ်မလာခဲ့ရင်
သတ္တ၀ါတွေဟာ
တုံးတိုက်တိုက်နဲ့ဖြစ်ပြီး ။



အချို့က
မှောင်မည်းမည်းထဲမှာ
စမ်းတ၀ါးဝါးနဲ့
ချောက်ထဲကျလို့ကျ။


ဗုဒ္ဓမြတ်စွာ
မပွင့်ပေါ်လာရင်
တရားစစ် တရားမှန် မရဘဲ
ချောက်တွင်းကျရတယ်။


ဗုဒ္ဓ ရှင်တော်
ပွင့်ပေါ်လာလို့
ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊
အသူရကာယ်၊ အပါယ်လေးပါး၊
နိဗ္ဗာန်၊ နတ်ဘုံနတ်နန်း
ရှိသေးတယ်ဆိုတာ
ခွဲခြားသိနိုင်တယ်၊
ဘုရားမပွင့်ရင်
ဒီတရားတွေ မသိနိုင်ဘူး၊။


ဒီတော့
တို့ ဗုဒ္ဓမြတ်စွာကို
သိပ် ကျေးဇူးတင်ထိုက်ပါတယ်။


ဘုရားရှင်တော်, ပွင့်ထွန်းပေါ်၍
ဟောဖော်ညွှန်ပြ, မြတ်ဓမ္မကြောင့်,
ဤကားကုသိုလ်, အကုသိုလ်နှင့်,
ထိုထိုဘုံဘဝ, သိကြရ, များလှကျေးဇူးပေ၊


ကျေးဇူးတော်ရင်, ဘုရားရှင်ကို,
နေ့စဉ်မပြတ်, ကျေးဇူးဆပ်ဖို့,
အမြတ်ရတနာ, သာသနာကို,
နှစ်ဖြာဝန်ထမ်း, လွန်ကြိုးပမ်း,
လူစွမ်းပြကြလေ။


ဆရာတော် အရှင်ဇနကာဘိဝံသ

No comments:

Post a Comment