/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Saturday, March 15, 2014

" အရှင်ပုဏ္ဏမထေရ်၏အမြတ်ဆုံးသည်းခံခြင်း"

Photo: " အရှင်ပုဏ္ဏမထေရ်၏
               အမြတ်ဆုံးသည်းခံခြင်း"
           ******************
ဘုရားရှင်လက်ထက်တော်အခါက ပုဏ္ဏ
သူကြွယ်သည် သုနာပရန္တ ဇနပုဒ်ရှိ သုပ္ပါ
ရက ဆိပ်ကမ်းကျေးရွာကြီးမှ ကုန်သည်
တစ်ဦးဖြစ်သည်။ ပုဏ္ဏသူကြွယ်သည် တစ်
နေ့တွင် နိုင်ငံရပ်ခြားသို့ ကုန်ကူးသည်။
ရောင်းဝယ်ရန်သွားလိုသဖြင့် နောက်လိုက်
လှည်းကုန်သည် ငါးရာတို့နှင့်အတူ လှည်း
တို့တွင် ကုန်ပစ္စည်းများကိုတင်ဆောင်ကာ
မဇ္စျိမဒေသသို့ လာရောက်ရောင်းဝယ်ကြ
သည်။ ပုဏ္ဏသူကြွယ်သည် မြတ်စွာဘုရား
ကို ဖူးမြော်ရသည်။ သူသည်အတိတ်ပါရ
မီ ကုသိုလ်ကံရှိသူဖြစ်သဖြင့် သဒ္ဓါတရား
ထက်သန်ကာ သာသနာတော်ကို အလွန်
ကြည်ညိုသည်။ မြတ်စွာဘုရားထံ ရဟန်း
ပြုခွင့်တောင်း၏။ မြတ်စွာဘုရားက ခွင့်ပြု
ကာ သူ့ကို ရဟန်းပြုပေးတော်မူသည်။
    တစ်နေ့တွင်အရှင်ပုဏ္ဏသည် ရပ်ဝေး
မြေခြားသို့ သာသနာပြုသွားရောက်လိုသ
ဖြင့် မြတ်စွာဘုရားထံ သြဝါဒကို ခံယူသည်
မြတ်စွာဘုရားက " ပုဏ္ဏ....လိုခြင်တပ်
မက် နှစ်သက်ဖွယ်ကောင်းတဲ့ အဆင်းအာ
ရုံကို တပ်မက်စွဲလမ်းတဲ့ရဟန်းဟာ တဏှာ
ခေါ်တဲ့ လိုချင်လောဘ ဖြစ်တတ်တယ်။
အလားတူပင် အသံ အနံ့ အရသာ အတွေ့
အထိနှင့် တွေ့ထိစရာ အာရုံသဘောတို့ကို
တပ်မက်စွဲလမ်းတဲ့ ရဟန်းဟာလည်း တ
ဏှာခေါ်တဲ့ တဏှာလောဘ ဖြစ်တတ်
တယ်။ အထက်ပါအာရုံ(၆)ပါးတို့မှာ မတပ်
မက်မစွဲလမ်းဘဲ ထိန်းသိမ်းနိုင်တဲ့ ရဟန်း
မှာ တဏှာလောဘ မဖြစ်နိုင် တဏှာလော
ဘကင်းခြင်းကြောင့် ဒုက္ခဆင်းရဲမှ ကင်း
ရှင်းတယ်" ဟု ဆုံးမသြဝါဒ အကျဉ်းချုပ်
ကို ဟောပြတော်မူသည်။ ထို့နောက် မြတ်
စွာဘုရားက အရှင်ပုဏ္ဏအား "ပုဏ္ဏ...သင်
ဟာ ငါဘုရားရဲ့သြဝါဒကိုခံယူပြီး အဘယ်
အရပ်မှာနေမည်နည်း" ဟု မေးတော်မူ
သည်။ အရှင်ပုဏ္ဏက "မြတ်စွာဘုရား...တ
ပည့်တော်ဟာ သုနာပရန္တဇနပုဒ်မှာ သွား
ရောက်သာသနာပြုပါမယ်ဘုရား" ဟု
လျှောက်ထားသည်။ ထိုအခါ မြတ်စွာဘု
ရားက"သုနာပရန္တဇနပုဒ်က လူတွေဟာ
စိတ်ခက်ထန် ကြမ်းတမ်းကြတယ်။ သူတို့
က သင့်ကို ရေရွတ် ဆဲရေးကြရင် သင်
ဘယ်လိုလုပ်မလဲ"ဟု မေးတော်မူသည်။
အရှင်ပုဏ္ဏက"လက်နဲ့မရိုက်ကြရင် တော်
သေးတယ်လို့ သဘောထားပါမယ်ဘုရား"
ဟု လျှောက်ထားသည်။
   မြတ်စွာဘုရားက"လက်နဲ့ရိုက်ကြရင်
ကော"ဟု မေးတော်မူသည်။
    အရှင်ပုဏ္ဏက"ခဲနဲ့မထုကြရင် တော်
သေးတယ်လို့ သဘောထားပါမယ်ဘုရား"
ဟု လျှောက်ထားသည်။
    မြတ်စွာဘုရားက"တုတ်နဲ့ရိုက်ကြရင်
ကော"ဟု မေးတော်မူသည်။
အရှင်ပုဏ္ဏက"ဓားနဲ့ခုတ်ကာ အသေမ
သတ်ကြရင် တော်သေးတာပေါ့"ဟု 
လျှောက်ထားသည်။
    မြတ်စွာဘုရားက"ဓားနဲ့ခုတ်ပြီး အသေ
သတ်ကြရင်ကော"ဟု မေးတော်မူသည်။
    အရှင်ပုဏ္ဏက "ကိုယ်နဲ့အသက်ကို စက်
ဆုပ်ရွံရှာပြီး မိမိကိုယ်ကို သတ်သေရန် ဓား
လက်နှက်မရှာရတော့ဘဲ သေရပါမယ်ဘု
ရား"ဟု လျှောက်ထားသည်။
    မြတ်စွာဘုရားက"သာဓု သာဓု သာဓု
ကောင်းလေစွ ကောင်းလေစွ ကောင်းလေ
စွ ပုဏ္ဏ...သင်သည် ဤမျှလောက် အမြတ်
ဆုံးသည်းခံခြင်း(ခန္တီ) တရားရှိလျှင် သုနာပ
ရန္တဇနပုဒ်မှာ နေနိုင်ပါတယ်" ဟု မိန့်တော်
မူလေသည်။

(ဥပရိပဏ္ဏာသပါဠိ သဠာယတနဝဂ် ပုဏ္ဏောဝါဒသုတ်)
်
်

 " အရှင်ပုဏ္ဏမထေရ်၏အမြတ်ဆုံးသည်းခံခြင်း"
*********************************

ဘုရားရှင်လက်ထက်တော်အခါက ပုဏ္ဏသူကြွယ်သည် သုနာပရန္တ ဇနပုဒ်ရှိ သုပ္ပါရက ဆိပ်ကမ်းကျေးရွာကြီးမှ ကုန်သည်တစ်ဦးဖြစ်သည်။ ပုဏ္ဏသူကြွယ်သည် တစ်နေ့တွင် နိုင်ငံရပ်ခြားသို့ ကုန်ကူးသည်။



ရောင်းဝယ်ရန်သွားလိုသဖြင့် နောက်လိုက်လှည်းကုန်သည် ငါးရာတို့နှင့်အတူ လှည်းတို့တွင် ကုန်ပစ္စည်းများကိုတင်ဆောင်ကာမဇ္စျိမဒေသသို့ လာရောက်ရောင်းဝယ်ကြ
သည်။ ပုဏ္ဏသူကြွယ်သည် မြတ်စွာဘုရားကို ဖူးမြော်ရသည်။ 


သူသည်အတိတ်ပါရ
မီ ကုသိုလ်ကံရှိသူဖြစ်သဖြင့် သဒ္ဓါတရားထက်သန်ကာ သာသနာတော်ကို အလွန်ကြည်ညိုသည်။ မြတ်စွာဘုရားထံ ရဟန်း
ပြုခွင့်တောင်း၏။ မြတ်စွာဘုရားက ခွင့်ပြုကာ သူ့ကို ရဟန်းပြုပေးတော်မူသည်။


တစ်နေ့တွင်အရှင်ပုဏ္ဏသည် ရပ်ဝေးမြေခြားသို့ သာသနာပြုသွားရောက်လိုသဖြင့် မြတ်စွာဘုရားထံ သြဝါဒကို ခံယူသည်မြတ်စွာဘုရားက " ပုဏ္ဏ....လိုခြင်တပ်မက် နှစ်သက်ဖွယ်ကောင်းတဲ့ အဆင်းအာရုံကို တပ်မက်စွဲလမ်းတဲ့ရဟန်းဟာ တဏှာခေါ်တဲ့ လိုချင်လောဘ ဖြစ်တတ်တယ်။


အလားတူပင် အသံ အနံ့ အရသာ အတွေ့အထိနှင့် တွေ့ထိစရာ အာရုံသဘောတို့ကိုတပ်မက်စွဲလမ်းတဲ့ ရဟန်းဟာလည်း တဏှာခေါ်တဲ့ တဏှာလောဘ ဖြစ်တတ်တယ်။ 


အထက်ပါအာရုံ(၆)ပါးတို့မှာ မတပ်မက်မစွဲလမ်းဘဲ ထိန်းသိမ်းနိုင်တဲ့ ရဟန်းမှာ တဏှာလောဘ မဖြစ်နိုင် တဏှာလောဘကင်းခြင်းကြောင့် ဒုက္ခဆင်းရဲမှ ကင်းရှင်းတယ်" ဟု ဆုံးမသြဝါဒ အကျဉ်းချုပ်ကို ဟောပြတော်မူသည်။ 

ထို့နောက် မြတ်စွာဘုရားက အရှင်ပုဏ္ဏအား "ပုဏ္ဏ...သင်ဟာ ငါဘုရားရဲ့သြဝါဒကိုခံယူပြီး အဘယ်အရပ်မှာနေမည်နည်း" ဟု မေးတော်မူသည်။ အရှင်ပုဏ္ဏက "မြတ်စွာဘုရား...တပည့်တော်ဟာ သုနာပရန္တဇနပုဒ်မှာ သွားရောက်သာသနာပြုပါမယ်ဘုရား" ဟုလျှောက်ထားသည်။ 

ထိုအခါ မြတ်စွာဘုရားက"သုနာပရန္တဇနပုဒ်က လူတွေဟာ
စိတ်ခက်ထန် ကြမ်းတမ်းကြတယ်။ သူတို့က သင့်ကို ရေရွတ် ဆဲရေးကြရင် သင်ဘယ်လိုလုပ်မလဲ"ဟု မေးတော်မူသည်။
အရှင်ပုဏ္ဏက"လက်နဲ့မရိုက်ကြရင် တော်သေးတယ်လို့ သဘောထားပါမယ်ဘုရား"ဟု လျှောက်ထားသည်။


မြတ်စွာဘုရားက"လက်နဲ့ရိုက်ကြရင်
ကော"ဟု မေးတော်မူသည်။
အရှင်ပုဏ္ဏက"ခဲနဲ့မထုကြရင် တော်
သေးတယ်လို့ သဘောထားပါမယ်ဘုရား"
ဟု လျှောက်ထားသည်။


မြတ်စွာဘုရားက"တုတ်နဲ့ရိုက်ကြရင်
ကော"ဟု မေးတော်မူသည်။
အရှင်ပုဏ္ဏက"ဓားနဲ့ခုတ်ကာ အသေမ
သတ်ကြရင် တော်သေးတာပေါ့"ဟု
လျှောက်ထားသည်။


မြတ်စွာဘုရားက"ဓားနဲ့ခုတ်ပြီး အသေ
သတ်ကြရင်ကော"ဟု မေးတော်မူသည်။
အရှင်ပုဏ္ဏက "ကိုယ်နဲ့အသက်ကို စက်
ဆုပ်ရွံရှာပြီး မိမိကိုယ်ကို သတ်သေရန် ဓား
လက်နှက်မရှာရတော့ဘဲ သေရပါမယ်ဘုရား"ဟု လျှောက်ထားသည်။


မြတ်စွာဘုရားက"သာဓု သာဓု သာဓု
ကောင်းလေစွ ကောင်းလေစွ ကောင်းလေ
စွ ပုဏ္ဏ...သင်သည် ဤမျှလောက် အမြတ်
ဆုံးသည်းခံခြင်း(ခန္တီ) တရားရှိလျှင် သုနာပ
ရန္တဇနပုဒ်မှာ နေနိုင်ပါတယ်" ဟု မိန့်တော်မူလေသည်။

(ဥပရိပဏ္ဏာသပါဠိ သဠာယတနဝဂ် ပုဏ္ဏောဝါဒသုတ်)


 https://www.facebook.com/thew.thit?hc_location=timeline မှ

No comments:

Post a Comment