Pages

Friday, March 21, 2014

**** အကောင်းဆုံးနည်းလမ်း ****



အကောင်းဆုံးနည်းလမ်း
~~~~~~~~~~~~~~

သံသရာဒုက္ခမှ လွတ်မြောက်စေရန်ပကတိသာဝကဆုကို တောင်းပါ
ယခုအခါ ရဟန္တာ ဖြစ်နိုင်သော ခေတ်ကောင်းကြီးဖြစ်ပါတယ်။



အနည်းဆုံး ငါးပါးသီလကို မြတ်မြတ်နိုးနိုးမြဲပါ
စောင့်ထိန်းပါ သီလတည်ပြီးလျှင် စိတ်ထဲက
ငါလိုရာကြံသမျှ ပြီးမြောက်တော့မယ် လို့အလိုလို
သိမြင်လာလိမ့်မယ်။


သံသရာထဲမှာ အဆင့်အတန်းမြင့်မြင့် ချမ်းချမ်း
သာသာနဲ့ ကျင်လည်လိုတဲ့သူဖြစ်ဖြစ် သေလက်စ
မဆုံးတဲ့ဘ၀တွေ အဆုံးသတ်ချင်လှပါပြီဆိုပြီး
ဘ၀သံသရာဒုက္ခကြီးမှ အပြီးတိုင် လွတ်မြောက်
လိုသူပဲဖြစ်ဖြစ် အကောင်းဆုံးနည်းလမ်းကို
ထပ်မံပြီး ညွှန်ပြပါအုံးမည် လေးလေးနက်နက်
မှတ်သားပါ။


အာနာပါန ထွက်လေ၀င်လေ ကမ္မဌာန်းအလုပ်ကို
အာရုံစိုက်ပြီး ထွက်လေ ၀င်လေ ထိတိုင်း သိ ဟု
သိမှတ်နေပါ ထွက်လေ ၀င်လေ ထိတိုင်း အသိမြဲ
နေလျှင် အောင်ပြီဟုမှတ်ပါ။


သမာဓိအလုပ်ကို နေ့လုံးပေါက် ညလုံးပေါက်
သိနေစွမ်းရှိအောင် အားထုတ်နိုင်ပြီဆိုလျှင်
ဘ၀၀ဋ်ဒုက္ခမှ လွှတ်မြောက်ဖို့ နီးပြီလို့မှတ်ပါ။


ထိုအခါ ဘယ်သူ့ကိုမှ တွယ်တာချင်စိတ် အားကိုး
ချင်စိတ် မရှိပုံ ပေါ်လာမယ် တရားသာလျှင်
အားထားရာရှိကြောင်း သိမြင်လာလိမ့်မည်

အဲသလို အာနာပါန ထွက်လေ ၀င်လေ ခေါ်တဲ့
ဝါယောရုပ်ကိုသာ စိတ်အာရုံကပ်ပြီး နာမ်က သိ
နေမူအရှိန်ကောင်းစွာ အဆက်မပြတ်စွဲမြဲနေခြင်း
သည် ပစ္စုပ္ပန်တည့်တည့် တည်နေခြင်းဖြစ်တယ်။


ထိုအခါ ရုပ်နာမ်တွေသာ အဆက်မပြတ် ဖြစ်ပျက်
နေတာပဲ တွေ့ရမယ် သဘာဝ အမှန်ကို အလိုလို
သိမြင်လာမယ် ငါစွဲအတ္တတွေ အလိုလိုကွာကျ
သွားခြင်းဖြစ်တယ်ဆိုတာ နားလည်ရပါမယ်

ဖြစ်ပျက်ကို ပိုင်စွာမြင်နေခြင်းဟာ အနိစ္စကို
ပိုင်စွာမြင်နေခြင်းဖြစ်တယ် မမြဲသော အနိစ္စပိုင်
လျှင် ဆင်းရဲသော ဒုက္ခကို တစ်ဆက်တည်းမြင်
လာမည် တစ်ဆက်တည်း ဘာကိုမှ အစိုးမရတဲ့
အနတ္တသဘောကိုလဲ ရှင်းလင်းပြတ်သားစွာမြင်လာမယ်။


တစ်ကြိမ်တစ်ခါ ပိုင်ပိုင်နိုင်နိုင် လုပ်ထားဖူးလျှင်
အချိန်မရွေး ကောက်လုပ်လို့ လွယ်သွားပြီ မှတ်ပါ
ရပ်မထားပါနှင့် ဆက်တိုက်မလျှော့ပဲ ရုပ်နာမ် ဓမ္မ
သင်္ခါရတွေ ဖြစ်ပေါ်၍ ဖြစ်ပေါ်၍ ချုပ်ငြိမ်း၍
ချုပ်ငြိမ်း၍ သွားပုံကို မမြင်ရမချင်း ရှုကြည့်သွား
ကြပါသံသရာ ၀ဋ်ဒုက္ခမှ ထွက်မြောက်ရာ လမ်းမှန်ကြီး
အလိုလို ပေါ်ပေါက်လာလိမ့်မည်...။


{အရှင် ဦးဥတ္တမ သာရချမ်းမြေ့စွာဘ၀နေနည်း စာအုပ်မှ}

No comments:

Post a Comment