Pages

Thursday, March 20, 2014

*** ဥူးသုမင်္ဂလ၏ ၀ိတတ် တို့ရဲ့ သဘောတရား။ ****

    
  အဲဒီအတွက် ဗုဒ္ဓဘုရားရှင်က “ဒွေဓါဝိတက္ကသုတ်” မှာဟောထားတာက= ၀ိတတ်ဆိုတာ
အတွေးအကြံကိုပြောတာ။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ငါဟာ ဘုရားမဖြစ်ခင် ဗောဓိပင်နှင့်ရွှေပလ္လင်ပေါ်မှာ သဗ္ဗညုတ ရွှေဉာဏ်တော် မရောက်ခင် ကြံစည်ခြင်း ၀ိတတ်နဲ့ ပတ်သတ်ပြီးတော့ ပထမ ၀ိတတ်က ငါးပါးအာရုံ ကာမဂုဏ် အကြံအစည် “ကာမ၀ိတတ်” ။ နောက် သတ်ချင်
ဖြတ်ချင်၊ နိုင်ထက်ကလူ ပြုချင်တဲ့ “ဗျာပါဒ၀ိတတ် ”။ နောက်တစ်မျိုးက သူတစ်ပါးကို စိတ်ဆင်း
ရဲအောင်၊ ပျက်စီးအောင်၊ ဖျက်ဆီးညှင်းပန်းနှိပ်စက်လိုတဲ့ “၀ိဟိံသာဝိတတ်” ။ 

၁။ ကာမ၀ိတတ်။
၂။ ဗျာပါဒ၀ိတတ်။ 

၃။ ၀ိဟိံသာဝိတတ်။ ဒါဟာတစ်ပိုင်း။

         နောက် ဒီဖက်က ငါးပါးအာရုံ ကာမဂုဏ် အပြစ်တွေ မြင်ပြီးတော့ လွတ်မြောက်ချင်တဲ့
“နိက္ခမ၀ိတတ်” ။ သတ္တ၀ါများကို ကယ်တင်ဆောင်ယူလိုတဲ့ “အဗျာပါဒ၀ိတတ်” ။ သတ္တ၀ါများရဲ့
ချမ်းသာရေး၊ လွတ်မြောက်ရေး၊ ငြိမ်းချမ်းရေးကိုသာ အလိုရှိတဲ့ “အ၀ိဟိံသာဝိတတ်”။ 

၁။ နိက္ခမ၀ိတတ်။ 
၂။ အဗျာပါဒ၀ိတတ်။ 
၃။ အ၀ိဟိံသာဝိတတ်။
 အကျဉ်း ချုံးလိုက်ရင် မကောင်းတဲ့  ၀ိတတ်တွေက တစ်ပိုင်း၊ ကောင်းတဲ့ဝိတတ်တွေက တစ်ပိုင်းပါ။ ဘုရားမဖြစ်ခင်က အဲဒီလို အုပ်စု နှစ်စု ငါတွေ့တယ်လို့  ဘုရားကဟောပါတယ်။ ဟုတ်ပြီနော်။

         ဒါကြောင့် တရားချစ်ခင် သူတော်စင်တို့ကလည်း တရးသဘောကိုသိရှိနားလည်ကြကာဘ၀ကောင်းသထက်ကောင်း၊

 မြင့်မြတ်သထက် မြင့်မြတ်အောင်ကျင့်ကြံနိုင်ကြလျက် ကောင်းမှုချမ်း
သာ အဖြာဖြာကိုစံစားခံစားပြီးလျှင် မြတ်နိဗ္ဗာန်ကိုရရောက်နီုင်ကြပါစေ ကုန်သတည်း။

{ သာသနာတော်နှစ်၊ ၂၅၅၅ ခု၊ ကောဇာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ နှစ်ဆန်း ၂ ရက်နေ့။ ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဖန်ခါးကုန်းကျေးရွာ၊ သုဒ္ဓ၀ိပဿနာကျောင်းတိုက်အတွင်း မဟာသင်္ကြန်အထူး
 တရားစခန်းတရားပွဲ၌ဆရာတော်ဥူးသုမင်္ဂလ(ဒယ်အိုးဆရာတော်)

ဟောကြားသောတရားတော်  မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }

   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်  ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)


  “ဆုတောင်းပတ္တနာ”

ဓမ္မဒါန၊ ဤပုညကြောင့်၊


ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊


ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊


အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊


လျင်စွာရစေ၊ တောင်းဆုခြွေသည်၊


မသွေပြည့်ဝပါစေသော်။ ။


     ဦးသိန်းဝေ။


           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment