Pages

Friday, March 28, 2014

**** ဥဂ္ဂတသေဌေး။ *****

    
 ဥဂ္ဂတသေဌေးသည် ၀ဇ္ဇီတိုင်း ဟတ္ထိဂါမအရပ် (ဆင်ရွာ)သားဖြစ်၏။ ဥဂ္ဂတသေဌေး၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ==
    မြတ်စွာဘုရားသည် နာရ၀နဥယျာဉ်၌ သီတင်းသုံးနေစဉ် ဥဂ္ဂတသည် ခုနှစ်ရက်တိုင်တိုင်



သေရည်မူးယစ်လျက် ကချေသည်တို့ဖြင့် ခြံရံကာ ဥယျာဉ်သို့ သွား၍ မြူးတူးပျော်ပါးကြသော်
ဥယျာဉ်တစ်နေရာတွင် မြတ်ဗုဒ္ဓကို ဖူးတွေ့ရ၏။ ထိုအခါ အလွန်ရှက်ကြောက်သွား၏။ မြတ်ဗုဒ္ဓကို
အနီးကပ် ဖူးရသောအခါ အရက်မူးပြေသွား၏။ မြတ်ဗုဒ္ဓက တရားဟောတော်မူရာ ဓမ္မဒေသနာ
အဆုံး၌ ဥဂ္ဂတသေဌေးသည် အနာဂါမ်အရိယာ ဖြစ်လေသည်။


         ဥဂ္ဂတသေဌေးသည် ထိုအချိန်မှစ၍ ရဟန်း သံဃာတော်တို့အား အလှူဒါနကိုသာ ပေးလှူ၍နေ၏။ နတ်တို့သည် လာရောက်၍ ဘယ်လိုပင် သဒ္ဓါပျက်အောင် ပြောကြားသော်လည်း အလှူခံ
ပုဂ္ဂိုလ်နှင့် ပတ်သက်၍ သဒ္ဓါတရား ပျက်စီးခြင်းမရှိဘဲ တူမှသော သဒ္ဓါစိတ်ဖြင့် လှူဒါန်း၏။ သီလ၀န္တပုဂ္ဂိုလ်တို့၏ ဂုဏ်ကျေးဇူးကိုသာလျှင် ချီးမွမ်း၏။


         မြတ်ဗုဒ္ဓသည် သံဃာအား စိတ်တူမျှစွာ ထား၍ ပြုစုလုပ်ကျွေးကြသော ငါဘုရား၏ တပည့်
သာဝက ဥပသကာတို့တွင် ဥဂ္ဂတသေဌေးသည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်
တော်မူလေသည်။ ။


{သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်း တစ်ယောက်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}


 http://www.damanady.tk/2014/03/blog-post_7165.html#moreမှ

No comments:

Post a Comment