Pages

Friday, March 28, 2014

``အာနာပါနဿ ထိပဋ္ဌာန်းအလုပ်ပေး တရားတော်´

Photo: {{{ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ }}}

``အာနာပါနဿတိပဋ္ဌာန်အလုပ်ပေး
                   တရားတော်´

           ``တံခါးစောင့် ဥပမာ´´

ဝိသုဒ္ဓိမဂ် အဋ္ဌကထာ  ပဋိသမ္ဘိဒါမဂ် ပါဠိ
တော်   အဋ္ဌကထာတို့မှာ  လာတဲ့ဥပမာ
ဖြစ်ပါတယ်-

      မြို့တစ်မြို့ရဲ့ ထိပ်  တံခါးပေါက်  ဂိတ်ပေါက်မှာ မြို့ရဲ့လုံခြုံရေးအတွက်
စစ်တပ်တို့ ရဲတပ်တို့ချထားလျှက်ရှိပါ
တယ်။

      အဲဒီဂိတ်စောင့်တွေဟာ မြို့ထဲကို
ဝင်တိုင်း ဝင်တိုင်းသော လူတွေကိုလူဆိုး
လား လူကောင်းလား ခွဲခြားဝေဖန် စစ်
ဆေးကြတယ်။

      မြို့ထဲကထွက်သွားတဲ့ လူတွေကို
လည်းပဲ လူဆိုးလားလူကောင်းလားဆို
တာ သေသေချာချာ စစ်ဆေးကြပါတယ်။
      မြို့ထဲကိုဝင်ပြီး လှည့်လည်စစ်ဆေး
ခြင်းမဟုတ်ပါဘူး။လူများစွာ ဝင်ထွက်ရာ
ဖြစ်တဲ့ဂိတ်ပေါက်ကနေ စောင့်၍စစ်ဆေး
ခြင်းမျှသာ  ဖြစ်ပါတယ်။

     ဒီလူသည်လူဆိုး   ဒီလူသည်လူ
ကောင်းဆိုတာကို ဂိတ်က ထိုင်စောင့်
ပြီးတော့ စစ်ဆေးခြင်းဖြင့် သိနိုင်ပါတယ်။
ဝင်တဲ့လူတွေနောက် လိုက်စရာမလိုပါ
ဘူး။   ထွက်တဲ့လူတွေနောက်လည်း
လိုက်စရာမလိုပါဘူး။ဂိတ်ကစောင့်နေ
ရုံပါပဲ။
      
      တံခါးစောင့် ဥပမာနှင့်တူစွာပင် ယော
ဂီသည် ဥာဏ်နဲ့စီစစ်တော့မယ်  ဓမ္မဝိစ
ယ  သမ္ဗောဇ္ဈင် ကိုသွင်းတော့မယ်ဆိုရင်
ထွက်လေ ဝင်လေရဲ့ နှာခေါင်းနှင့်ထိရာ
အရပ် ``ဖုဋ္ဌောကာသ´´ဆိုတဲ့ ဂိတ်ပေါက်
က စောင့်နေရပါတယ်။

      ဘယ်ကိုမှ မရွေ့ရဘူး ဆိုတာ  သတိ
ပြုရမှာပါ။

      တံခါးစောင့် ဂိတ်စောင့်သည် မြို့
ပေါက်ကစောင့်၍ ဝင်တိုင်း ထွက်တိုင်း
သော လူကိုစစ်ဆေးတဲ့အခါ လူဆိုး
လူကောင်းခွဲခြားပြီးသိတယ်။

      သို့သော် ဥာဏ်ရှိမှ လူဆိုးလူကောင်း
ခွဲခြားနိုင်တယ်။ဥာဏ်မရှိရင် လူဝင် လူ
ထွက်လောက်ပဲ  သိမယ်။လူဆိုးဝင်တယ်
လူကောင်းဝင်တယ်   လူဆိုးထွက်တယ်
လူကောင်းထွက်တယ် ဆိုတာကို ဥာဏ်
မရှိရင် မသိပါဘူး။

      ဒီနေရာမှာ ဥာဏ် အရေးကြီးကြောင်း
ကိုသတိပြုပါ။

      ဒါကြောင့် ထွက်လေ ဝင်လေကို သိရုံ
မျှနှင့်မပြီးပါဘူး။    ထွက်လေ ဝင်လေရဲ့
ထိမှုသဘောဟာ ဘာတွေလဲဆိုတာကို
စီစစ်တဲ့ဥာဏ် သွင်းဖို့အထူးလိုအပ်ပါ
တယ်။အဲဒါကို ``ဓမ္မဝိစယ သမ္ဗောဇ္ဈင်´´
လို့  ခေါ်ပါတယ်။

      `` အဲဒီအချိန် ဝိပဿနာ  လုပ်ငန်း
ဟာ  စ , ပါတယ်။´´   

           ( ဒေါက်တာ အရှင် ဥာဏိဿရ )ူ

 {{{ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ }}}

``အာနာပါနဿ     ထိပဋ္ဌာန်းအလုပ်ပေးတရားတော်´

``တံခါးစောင့် ဥပမာ´´

ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ပဋိသမ္ဘိဒါမဂ် ပါဠိတော် အဋ္ဌကထာတို့မှာ လာတဲ့ဥပမာဖြစ်ပါတယ်-



ြ မြို့တစ်မြို့ရဲ့ ထိပ် တံခါးပေါက် ဂိတ်ပေါက်မှာ မြို့ရဲ့လုံခြုံရေးအတွက်
စစ်တပ်တို့ ရဲတပ်တို့ချထားလျှက်ရှိပါတယ်။

အဲဒီဂိတ်စောင့်တွေဟာ မြို့ထဲကို
ဝင်တိုင်း ဝင်တိုင်းသော လူတွေကိုလူဆိုးလား လူကောင်းလား ခွဲခြားဝေဖန် စစ်ဆေးကြတယ်။

  မြို့ထဲကထွက်သွားတဲ့ လူတွေကို
လည်းပဲ လူဆိုးလားလူကောင်းလားဆို
တာ သေသေချာချာ စစ်ဆေးကြပါတယ်။
ြ မြို့ထဲကိုဝင်ပြီး လှည့်လည်စစ်ဆေးခြင်းမဟုတ်ပါဘူး။လူများစွာ ဝင်ထွက်ရာဖြစ်တဲ့ဂိတ်ပေါက်ကနေ စောင့်၍စစ်ဆေးခြင်းမျှသာ

  ဖြစ်ပါတယ်။

ဒီလူသည်လူဆိုး ဒီလူသည်လူကောင်းဆိုတာကို ဂိတ်က ထိုင်စောင့်
ြ ပြီးတော့ စစ်ဆေးခြင်းဖြင့် သိနိုင်ပါတယ်။
ဝင်တဲ့လူတွေနောက် လိုက်စရာမလိုပါ
ဘူး။ ထွက်တဲ့လူတွေနောက်လည်း
လိုက်စရာမလိုပါဘူး။ဂိတ်ကစောင့်နေ
ရုံပါပဲ။

တံခါးစောင့် ဥပမာနှင့်တူစွာပင် ယော
ဂီသည် ဥာဏ်နဲ့စီစစ်တော့မယ် ဓမ္မဝိစ
ယ သမ္ဗောဇ္ဈင် ကိုသွင်းတော့မယ်ဆိုရင်
ထွက်လေ ဝင်လေရဲ့ နှာခေါင်းနှင့်ထိရာ
အရပ် ``ဖုဋ္ဌောကာသ´´ဆိုတဲ့ ဂိတ်ပေါက်
က စောင့်နေရပါတယ်။

ဘယ်ကိုမှ မရွေ့ရဘူး ဆိုတာ သတိ
ပြုရမှာပါ။

တံခါးစောင့် ဂိတ်စောင့်သည် မြို့
ပေါက်ကစောင့်၍ ဝင်တိုင်း ထွက်တိုင်း
သော လူကိုစစ်ဆေးတဲ့အခါ လူဆိုး
လူကောင်းခွဲခြားပြီးသိတယ်။

သို့သော် ဥာဏ်ရှိမှ လူဆိုးလူကောင်း
ခွဲခြားနိုင်တယ်။ဥာဏ်မရှိရင် လူဝင် လူ
ထွက်လောက်ပဲ သိမယ်။လူဆိုးဝင်တယ်
လူကောင်းဝင်တယ် လူဆိုးထွက်တယ်
လူကောင်းထွက်တယ် ဆိုတာကို ဥာဏ်
မရှိရင် မသိပါဘူး။

ဒီနေရာမှာ ဥာဏ် အရေးကြီးကြောင်း
ကိုသတိပြုပါ။

ဒါကြောင့် ထွက်လေ ဝင်လေကို သိရုံ
မျှနှင့်မပြီးပါဘူး။ ထွက်လေ ဝင်လေရဲ့
ထိမှုသဘောဟာ ဘာတွေလဲဆိုတာကို
စီစစ်တဲ့ဥာဏ် သွင်းဖို့အထူးလိုအပ်ပါ
တယ်။အဲဒါကို ``ဓမ္မဝိစယ သမ္ဗောဇ္ဈင်´´
လို့ ခေါ်ပါတယ်။

`` အဲဒီအချိန် ဝိပဿနာ လုပ်ငန်း
ဟာ စ , ပါတယ်။´´

( ဒေါက်တာ အရှင် ဥာဏိဿရ    )

No comments:

Post a Comment