လမင်းလေးလို ကျင့်နေမှ
*********************
လမင်းကြီးရဲ့ ဘဝကို
သိပ်အားကျတယ်။
လမင်းကြီးဟာ
လောက လူသားတွေကို
အအေးဓာတ်နှင့်
အလင်းဓာတ် ပေးပြီး
ကျေးဇူးပြုတယ်။
ဒါပေမယ့်
လောက လူသားတွေနဲ့
လိမ်းကျံ ကပ်ငြိခြင်း
မရှိဘူး။
ဝေးဝေးမှာပဲ
သီးသန့်နေတယ်။
မေတ္တာ အအေးဓာတ်နဲ့
အသိဉာဏ် အလင်းဓာတ်ပေးပြီး
ဝေးဝေးကနေ
ကျေးဇူးပြုနေရတဲ့
လူသား လမင်း ဘဝမျိုးကို
ပိုပြီး လိုလားပါတယ်။
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
No comments:
Post a Comment