နှမြောစရာ အကောင်းဆုံးအချိန်
*************************
` အချိန်တွေ မကုန်စေနဲ့။
ဝတ်လို့ အချိန်ကုန်၊
စားလို့ အချိန်ကုန်၊
ပျင်းလို့ အချိန်ကုန်
အဲ့ဒီလို မဖြစ်စေနဲ့။
ကံကောင်းထောက်မလို့
လူ့ပြည်ရောက်တာ။
ကုသိုလ် မဖြစ်ဘဲ
အချိန်ကုန်သွားရင်
ပြီပါရောဗျာ။
အချိန်ဆိုတာ
စိစစ်ယူရတယ်။
ယနေ့ ငါ့မှာ
ဘာကုသိုလ် ဖြစ်သလဲ၊
မဖြစ်သေးရင်
ဖြစ်အောင်လုပ်။
အရှုံးမခံနဲ့။
နင်တို့ မသိလို့၊
အင်မတန်မှ
နှမြောစရာ ကောင်းတယ်။ ´
ဝေဘူ ဆရာတော်ဘုရားကြီး
{စံတော်ချိန် သတင်းစာ }
No comments:
Post a Comment