Pages

Saturday, March 15, 2014

"သတို့သမီးတို့သိရှိလိုက်နာရန်"

Photo: "သတို့သမီးတို့သိရှိလိုက်နာရန်"
       **********************
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘဒ္ဒိယ
မြို့ မြတ်လေးတောတွင် သီတင်းသုံးနေ
တော်မူ၏။ ထိုအခါ မေဏ္ဍကသူဌေး၏မြေး
ဥဂ္ဂဟသည် မြတ်စွာဘုရားထံသို့ ဆည်း
ကပ်ပြီးလျှင် နက်ဖြန်နံနက်ဝယ် မြတ်စွာဘု
ရားနှင့်အတူ ရဟန်းသံဃာတော်လေးပါး
တို့သည် သူ၏နေအိမ်သို့ ဆွမ်းအလှူခံကြွ
တော်မူပါရန် ပင့်ဖိတ်လျှေက်ထားသည်။
မြတ်စွာဘုရားသည် လက်ခံတော်မူ၏။
    နောက်တစ်နေ့နက်တွင် မြတ်စွာဘုရား
သည် သပိတ်သင်္ကန်းကိုဆောင်ယူပြီး
မေဏ္ဍကသူဌေး၏မြေး ဥဂ္ဂဟ၏အိမ်သို့ကြွ
တော်မူ၍ ခင်းထားသောနေရာ၌ ထိုင်နေ
တော်မူ၏။ ဥဂ္ဂဟသည် မြတ်စွာဘုရားကို
မွန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ဖြင့် ဆက်
ကပ်လုပ်ကြွေးသည်။ လုပ်ကြွေးပြီးနောက်
ဤသို့လျှောက်ထားသည်။
      "အရှင်ဘုရား တပည့်တော်၏သမီးတို့
သည် လက်ထပ်ထိမ်းမြားပြီးလျှင် လင်
ယောက်ျားတို့၏နေအိမ်သို့ လိုက်ပါသွားကြ
ရပါမည်။ မြတ်စွာဘုရားသည် ထိုသမီးတို့
အတွက် ကြာရှည်အကျိုးဖြစ်ထွန်းစေရန်
ချမ်းသာတိုးပွားစေရန် သွန်သင်ဆုံးမတော်
မူပါ" ဟု လျှောက်ထားသည်။
      မြတ်စွာဘုရားသည် ထိုသမီးပျိုတို့ကို
"သတို့သမီးတို့ သင်တို့သည်ဤသို့ကျင့်ကြ
ရမည်-
၁။ မိမိလင်ယောက်ျား၏ ရှေးဦးစွာ အိပ်
ရာမှ ထလေ့ရှိသူ နောက်မှအိပ်လေ့ရှိသူ
အဘယ်ကိစ္စကို ပြုရပါမည်နည်းဟု မေး၍
နာခံလေ့ရှိသူ နှစ်သက်ဖွယ်ပြုလုပ်လေ့ရှိ
သူ ချစ်ဖွယ်စကားကို ပြောဆိုလေ့ရှိသူ ဖြစ်
ရမည်။
၂။ မိမိခင်ပွန်းသည်က ရိုသေလေးစား
ထိုက်သော အမိအဖ ရဟန်းပုဏ္ဏားတို့ကို
ရိုသေလေးစား ပူဇော်သူ နေရာထိုင်ခင်း
ပေးသူ ဖြစ်ရမည်။
၃။ သိုးမွေး ဝါဂွမ်းစသော လင်ယောက်ျား
၏ အိမ်မှုကိစ္စတို့၌ ကျွမ်းကျင်၍ မပျင်းမရိရ
နည်းလမ်းမှန်ကန်စွာ ပညာဖြင့် ကိုယ်တိုင်
စီမံ စွမ်းဆောင်နိုင်ရမည်။
၎။ အိမ်တွင်းသားဖြစ်သော ကျွန် အစေခံ
အလုပ်သမားစသော လူအပေါင်းတို့၏ ပြု
ပြီးကိစ္စ မပြုရသေးသော ကိစ္စတို့ကိုသိရ
မည်။ 
၅။ မကျန်းမာသူတို့ကိုလည်း အားရှိသည်
အားမရှိသည်ကို သိရမည်။ သူတို့အတွက်
ရထိုက်သော ခဲဖွယ်ဘောဇဉ်တို့ကို ဝေဖန်
ပေးရမည်။
၆။ လင်ယောက်ျား ရှာဖွေဆောင်ယူလာ
သော ဥစ္စာ စပါး ရွှေငွေ တို့ကို လုံခြုံစွာ
ထားရမည်။ ထိုပစ္စည်းတို့ကို အပျော်မကြူး
မခိုးမဝှက်ပဲ မပျက်မစီးအောင် စောင့်
ရှောက်ရမည်။
     သတို့သမီးတို့ ဤတရားတို့နှင့်ပြည့်စုံ
သောမိန်းမသည် သေလွန်ပြီးနောက် နတ်
ပြည်၌ ချမ်းသာစွာဖြစ်ရသည်" ဟု ဟော
တော်မူလေသည်။

(အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတ် သုမနဝဂ်
ဥဂ္ဂဟသုတ်)
်
်

"သတို့သမီးတို့သိရှိလိုက်နာရန်"
**********************

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘဒ္ဒိယ
မြို့ မြတ်လေးတောတွင် သီတင်းသုံးနေ
တော်မူ၏။

ထိုအခါ မေဏ္ဍကသူဌေး၏မြေး
ဥဂ္ဂဟသည် မြတ်စွာဘုရားထံသို့ ဆည်း
ကပ်ပြီးလျှင် နက်ဖြန်နံနက်ဝယ် မြတ်စွာဘု
ရားနှင့်အတူ ရဟန်းသံဃာတော်လေးပါး
တို့သည် သူ၏နေအိမ်သို့ ဆွမ်းအလှူခံကြွ
တော်မူပါရန် ပင့်ဖိတ်လျှေက်ထားသည်။
မြတ်စွာဘုရားသည် လက်ခံတော်မူ၏။


နောက်တစ်နေ့နက်တွင် မြတ်စွာဘုရား
သည် သပိတ်သင်္ကန်းကိုဆောင်ယူပြီး
မေဏ္ဍကသူဌေး၏မြေး ဥဂ္ဂဟ၏အိမ်သို့ကြွ
တော်မူ၍ ခင်းထားသောနေရာ၌ ထိုင်နေ
တော်မူ၏။ ဥဂ္ဂဟသည် မြတ်စွာဘုရားကို
မွန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ဖြင့် ဆက်
ကပ်လုပ်ကြွေးသည်။ လုပ်ကြွေးပြီးနောက်
ဤသို့လျှောက်ထားသည်။


"အရှင်ဘုရား တပည့်တော်၏သမီးတို့
သည် လက်ထပ်ထိမ်းမြားပြီးလျှင် လင်
ယောက်ျားတို့၏နေအိမ်သို့ လိုက်ပါသွားကြ
ရပါမည်။ မြတ်စွာဘုရားသည် ထိုသမီးတို့
အတွက် ကြာရှည်အကျိုးဖြစ်ထွန်းစေရန်
ချမ်းသာတိုးပွားစေရန် သွန်သင်ဆုံးမတော်
မူပါ" ဟု လျှောက်ထားသည်။


မြတ်စွာဘုရားသည် ထိုသမီးပျိုတို့ကို
"သတို့သမီးတို့ သင်တို့သည်ဤသို့ကျင့်ကြ
ရမည်-


၁။ မိမိလင်ယောက်ျား၏ ရှေးဦးစွာ အိပ်
ရာမှ ထလေ့ရှိသူ နောက်မှအိပ်လေ့ရှိသူ
အဘယ်ကိစ္စကို ပြုရပါမည်နည်းဟု မေး၍
နာခံလေ့ရှိသူ နှစ်သက်ဖွယ်ပြုလုပ်လေ့ရှိ
သူ ချစ်ဖွယ်စကားကို ပြောဆိုလေ့ရှိသူ ဖြစ်
ရမည်။


၂။ မိမိခင်ပွန်းသည်က ရိုသေလေးစား
ထိုက်သော အမိအဖ ရဟန်းပုဏ္ဏားတို့ကို
ရိုသေလေးစား ပူဇော်သူ နေရာထိုင်ခင်း
ပေးသူ ဖြစ်ရမည်။


၃။ သိုးမွေး ဝါဂွမ်းစသော လင်ယောက်ျား
၏ အိမ်မှုကိစ္စတို့၌ ကျွမ်းကျင်၍ မပျင်းမရိရ
နည်းလမ်းမှန်ကန်စွာ ပညာဖြင့် ကိုယ်တိုင်
စီမံ စွမ်းဆောင်နိုင်ရမည်။


၎။ အိမ်တွင်းသားဖြစ်သော ကျွန် အစေခံ
အလုပ်သမားစသော လူအပေါင်းတို့၏ ပြု
ပြီးကိစ္စ မပြုရသေးသော ကိစ္စတို့ကိုသိရ
မည်။ 


၅။ မကျန်းမာသူတို့ကိုလည်း အားရှိသည်
အားမရှိသည်ကို သိရမည်။ သူတို့အတွက်
ရထိုက်သော ခဲဖွယ်ဘောဇဉ်တို့ကို ဝေဖန်
ပေးရမည်။


၆။ လင်ယောက်ျား ရှာဖွေဆောင်ယူလာ
သော ဥစ္စာ စပါး ရွှေငွေ တို့ကို လုံခြုံစွာ
ထားရမည်။ ထိုပစ္စည်းတို့ကို အပျော်မကြူး
မခိုးမဝှက်ပဲ မပျက်မစီးအောင် စောင့်
ရှောက်ရမည်။


သတို့သမီးတို့ ဤတရားတို့နှင့်ပြည့်စုံ
သောမိန်းမသည် သေလွန်ပြီးနောက် နတ်
ပြည်၌ ချမ်းသာစွာဖြစ်ရသည်" ဟု ဟော
တော်မူလေသည်။

(အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတ် သုမနဝဂ်ဥဂ္ဂဟသုတ်)


https://www.facebook.com/thew.thit?hc_location=timeline

No comments:

Post a Comment