Pages

Friday, April 18, 2014

*** "အလှည့်" ***


 
ဥူးသုမင်္ဂလ(ဒယ်အိုးဆရာတော်)
ဟောကြားတော်မူသော "အလှည့်"

******** တရားတော် ******

မြတ်စွာဘုရားရှင်ရှိစဉ်အခါက၊ပညာ
အရာမှာဧတင်္ဂရတဲ့အမျိုးသမီးတစ်ယောက်ရှိခဲ့တယ်။
ဥဇ္ဇုတ္တရာလို့ခေါ်တယ်။ခါးကုန်းကုန်း
အရုပ်ဆိုးဆိုးပေါ့။
သာမာဝတီမိဖုရားအနားမှာ အလုပ်အကြွေးပြုရတယ်။
ဥာဏ်ပညာထက်မြက်လို့ မြတ်စွာဘုရားဟောတဲ့ တရားတွေကိုပြန်ပြီး
ဟောပြနိုင်တယ်။

ဒီေ လာက်ထက်မြက်တဲ့ပုဂ္ဂိုလ်က
ဒီဘဝမှာ ဘာလို့ကျွန်ဖြစ်နေတာလဲ၊
ဘာဖြစ်လို့ ခါးကုန်ကုန်းကြီးဖြစ်နေတာလဲ
လို့ဝိုင်းမေးကြတယ်။

တစ်ခါတုန်းက ကဿပဘုရားရှင်
လက်ထက်မှာ၊ဗာရာဏသီပြည်မှာ ဘုရင့်
သမီးဖြစ်ခဲ့တယ်။ရေချိုး ဖီးလိမ်းပြင်ဆင်နေ
တုန်း ဘိက္ခူနီမတစ်ပါးကြွလာတယ်။

သူမဝတ်မဲ့လက်ဝတ်ရတနာက ဘိက္ခူ
နီမနားမှာရှိနေတယ်။ဒီတော့
ရောက်လာတဲ့ ဘိက္ခူနီမကို အရှင်မ.......
မရိုမသေ. အဲဒီရတနာလေးယူပေးပါလို့
ခိုင်းလိုက်တယ်။
ဘိက္ခူနီမကစဉ်းစားတယ်။
ငါယူမပေးရင် သူစိတ်ဆိုးလိမ့်မယ်။စိတ်ဆို
ရင် ငရဲကျလိမ့်မယ်။

ငါယူပေးလို့ရှိရင်၊ဖြစ်ရာဘဝမှာ ကျွန်ဖြစ်လိမ့်မယ်။ငရဲရောက်ထာထက်စာရင်
ကျွန်ဖြစ်ထာကတော်သေးရဲ့ဆိုပြီး၊ပစ္စည်းကို
ယူပေးလိုက်တယ်။
သူတော်ကောင်းကို ခိုင်းမိတဲ့အတွက်
ဖြစ်ရာဘဝမှာ သူများအခိုင်းခံ ကျွန်မ ဖြစ်ခဲ့
ရတယ်။
ဒါကို အလှည့် လို့ခေါ်တယ်။

ဒုတိယ. သူမဘာပြုလို့ခါးကုန်းရသလဲဆိုရင်၊တစ်ချိန်က၊နန်းတော်ထဲကို ပစ္စေကဗုဒ္ဓါတွေကြွတယ်။
ပစ္စေကဗုဒ္ဓါ တစ်ဆူက ခါးလေးနဲနဲကုန်းနေ
တယ်။

အဲဒီအခါ ဥဇ္ဇုတ္တရာအလောင်းက
အဝတ်ကြီးတစ်ခုကို သင်္ကန်းလိုပတ်၊ခွက်
တစ်ခုကိုရင်မှာပိုက်ပြီး၊
"ပစ္စေကဗုဒ္ဓါ ငါတို့ဘုန်းကြီး ကြွတာ ဒီလို
ဟေ့လို့ "
ခါးလေးကုန်းကုန်း လုပ်ပြီး ပြောင်
လှောင်ခဲ့တယ်။

ကိုယ်ကတစ်ကြိမ်ပြောင်လှောင်ခဲ့
သော်လည်း၊ဖြစ်ရာဘဝ ခါးကုန်းကြီး အကြိမ်
ကြိမ် အလှည့်ကျခဲ့တယ်။

ဥဇ္ဇုတ္တရာ ဥာဏ်ပညာထက်မြက်ရခြင်း
ကတော့...........
ဘဝ တစ်ခုက အိမ်မှာအခိုင်းအစေ
ဖြစ်တဲ့အချိန် ပစ္စေကဗုဒ္ဓါကို ဃနာနို့ဆွမ်း
ချက်ပြီးလောင်းကြတော့၊ရဟန်းတစ်ပါးသည်
နို့ဆွမ်းပူနေလွန်း၍၊သပိတ်ကို ကိုင် လို့မရ
ဘူး ဖြစ်နေတယ်။

ဒါကိုမြင်တော့ ဥဇ္ဇုတ္တရာေ လာင်းက
သူ့မှာရှိတဲ့ လက်ကောက်တွေကိုချွတ်ပြီး
သပိတ်ခြေအဖြစ်လှူဒါန်းခဲ့ပါတယ်။
ဒါက. ဥာဏ်နဲ့ယှဉ်ပြီး အပူလွတ်
အောင်ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီလို ဥာဏ်နဲ့ယှဉ်ပြီး၊သပိတ်ခြေလေ
လှူဒါန်း ခဲ့တဲ့အတွက်၊နောက်ဘဝမှာ၊
လျင်မြန်တဲ့အသိဥာဏ်ရ
သီလ သမာဓိ ပညာ ကလည်း မဖြည့်ကျင့်
ပဲနဲ့ ပ်ြည့်စုံတဲ့ဘဝရခဲ့တယ်......
ဒါတွေကိုကြည့်ရင် အကြောင်းကောင်း
လို့၊အကျိုးကောင်းတာလို့သိရမယ်။

****ခါးကုန်းရတာ လည်း အလှည့်

****ကျွန်ဖြစ်ရတာလည်း အလှည့်

သူတော်ကောင်းအပေါင်းတို့

လူ့ဘဝရခိုက်
********** သတိထား

**********ပညာနဲ့ကြည့်

**********ဥာဏ်နဲ့သိကြစို့၊
 
 San Myint ဖေ့ဘုတ်မှ

No comments:

Post a Comment