Pages

Sunday, April 20, 2014

**** ကိုယ်ချင်းစာစိတ်နှင့် ဖေးမ ****





ကိုယ်ချင်းစာစိတ်နှင့် ဖေးမ
*********************

ပုထုဇဉ်တွေနဲ့ပဲ
အများအားဖြင့်
နေကြရတာဆိုတော့
ပုထုဇဉ်ဆိုတာကလည်း
မောဟမကင်းသေးလို့
သဘောမကျစရာတွေ
အများကြီး တွေ့မှာပေါ့။


ကိုယ်ဟာကိုယ်တောင်
သဘောမကျစရာတွေ
အများကြီးပဲ။

ပုထုဇဉ်ရဲ့
မကောင်းတဲ့ အမူအရာဆိုတာ
မောဟဦးစီးတဲ့ ကိလေသာရဲ့
အကျိုးဆက်တွေပဲ။
မိမိနဲ့ ကိုယ်ချင်းစာပြီးတော့
သည်းခံခွင့်လွှတ်နိုင်တဲ့
အင်အားရှိမှ
မေတ္တာ နေရာယူနိုင်မှာ။
ဒါကြောင့်
သည်းခံခွင့်လွှတ် အနစ်နာခံ
သဘောထားကြီးနိုင်တဲ့
ခန္တီလည်း
သူတော်ကောင်းလမ်းစဉ်ပဲ။

သနားကြင်နာ
ကိုယ်ချင်းစာတတ်တဲ့
ကရုဏာ တရားလည်း
သူတော်ကောင်းလမ်းစဉ်ပဲ။
သူများပိုင်တဲ့ အခွင့်အရေးကို
မကျူးကျော်၊
မနှောင့်ယှက်ရဘူး။
ဖေးမကူညီ
စောင့်ရှောက် ပေးရမယ်။

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက
ယော ဆရာတော်ကြီး

သူတော်ကောင်းလမ်းစဉ်ပဲ။

သနားကြင်နာ
ကိုယ်ချင်းစာတတ်တဲ့
ကရုဏာ တရားလည်း
သူတော်ကောင်းလမ်းစဉ်ပဲ။
သူများပိုင်တဲ့ အခွင့်အရေးကို
မကျူးကျော်၊
မနှောင့်ယှက်ရဘူး။
ဖေးမကူညီ
စောင့်ရှောက် ပေးရမယ်။


တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက
ယော ဆရာတော်ကြီး

No comments:

Post a Comment