Pages

Sunday, April 20, 2014

**** ဥပုသ်စောင့်ဆိုသည်မှာ။ ***



ဥပုသ်စောင့်ဆိုသည်မှာ။
••••••••••••••••••••••

မိမိစိတ်မှာ ဖြူစင်လာအောင်
အင်္ဂါရှစ်တန် သီလခံ၍
ခြိုးခြံအောင့်အည်း
တစ်ဖြောင့်တည်းဖြင့်
စောင့်စည်းအားထုတ်
ထိုအလုပ်
ဥပုသ်စောင့်ဟုခေါ်။



ဥပုသ်စောင့်တဲ့ ရည်ရွယ်ချက်ဟာ
မိမိစိတ်မှာ ဖြူစင်လာဖို့ပါ။
သီလရေစင် သီလရေကောင်းနဲ့
စိတ်ရဲ့ အညစ်အကြေးတွေကို
ဆေးကြောမယ်ဆိုတဲ့
ရည်ရွယ်ချက် ထားရမယ်။


ဥပုသ်သီတင်း စောင့်သုံးကြတာဟာ
မိမိစိတ်မှာ တင်ရှိနေတဲ့
အကုသိုလ် အညစ်အကြေး
ကိလေသာတွေကို ဆေးကြောတာပါ။

အကုသိုလ်ဟာ အညစ်အကြေးနဲ့ တူပါတယ်။
ကိလေသာဟာ အညစ်အကြေးနဲ့ တူပါတယ်။


နဂိုက ဖြူစင်နေတဲ့စိတ်ကို ညစ်နွမ်းအောင်
ပေကျံသွားအောင် ဖြူစင်မှုတွေ
ပျက်စီးသွားအောင် ဖျက်ဆီးလိုက်တာ
အကုသိုလ်ပါ။ တစ်မျိုးပြောရင် ကိလေသာပါ။

ဥပုသ်စောင့်ရင် ကိလေသာတရားတွေ
ကင်းဝေးစင်ကြယ်ဖို့ ကိုယ့်စိတ်ဖြူစင်လာဖို့
ဆိုတဲ့ ရည်ရွယ်ချက်ထားရပါမယ်။


ဓမ္မဒူတ ဆရာတော်
ဒေါက်တာအရှင်ပညိဿရ။

ဥပုသ်စောင့်တဲ့ ရည်ရွယ်ချက် စာအုပ်မှ။

No comments:

Post a Comment