Pages

Thursday, April 10, 2014

**** စရဏတရား (၁၅)ပါး။ *****

Photo: စရဏတရား (၁၅)ပါး။
•••••••••••••••••••
၁။  သီလသံဝရ။
သီလကို စောင့်စည်းခြင်း။

၂။  ဣန္ဒြိယေသု ဂုတ္တဒွါရတာ။
မျက်စိ, နား, နှာ, လျှာ, ကိုယ်, နှလုံးဟူသော ဒွါရ(၆)ပါးမှ ကိလေသာများ မ၀င်အောင် သမထ, ၀ိပဿနာ ဘာဝနာအာရုံ၌ စိတ်ကိုသွတ်သွင်းလျက် ထိန်းသိမ်းစောင့်ရှောက်ခြင်း။

၃။  ဘောဇနေမတ္တညုတာ။
အစာအာဟာရ၌ အတိုင်းအရှည်ပမာဏကို သိခြင်း, ပစ္စဝေက္ခဏာ ဆင်ခြင်၍ သုံးစွဲခြင်း။

၎။  ဇာဂရိယာနုယောဂ။
ညဥ့်သုံးယာမ် တစ်ယာမ်လောက်မျှလောက်သာ ကျိန်းစက်လျက် ရဟန်းတရားကို ပွားများအားထုတ်ခြင်း။

၅ မှ ၁၁။  သတ္တ သဒ္ဓမ္မ။
သူတော်ကောင်းတရား ၇-ပါး။

သူတော်ကောင်းတရား ၇-ပါးမှာ -
၁။  သဒ္ဓါ။
ရတနာသုံးတန်, ကံ ကံ၏အကျိုးတရား စသည်တို့၌ ယုံကြည်ခြင်း။

၂။  ဟိရီ။
ဒုစရိုက်တရား, အကုသိုလ်တရားတို့မှ ရှက်ခြင်း။

၃။  သြတ္တပ္ပ။
ဒုစရိုက်တရား, အကုသိုလ်တရားတို့မှ ကြောက်ခြင်း။

၎။  ဗဟုဿုတ။
အကြား အမြင် ဗဟုသုတ များခြင်း။

၅။  အာရဒ္ဓ၀ီရိယ။
အကုသိုလ်တရားတို့ကို ပယ်ရှားရန်, ကုသိုလ်တရားတို့နှင့် ပြည့်စုံရန် အပြင်းအထန် ကြိုးစားအားထုတ်ခြင်း။
(သမထ + ၀ိပဿနာတို့ကို ကြိုးစားအားထုတ်ခြင်း)

၆။  သတိမာ။
သတိ အားကောင်းခြင်း။

၇။  ပညာ။
ဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့၏ အနိစ္စ, ဒုက္ခ, အနတ္တအခြင်းအရာကို ထိုးထွင်းသိမြင်သည့် ၀ိပဿနာဉာဏ်နှင့် ပြည့်စုံခြင်း။

၁၂ မှ ၁၅။  ရူပါဝစရဈာန် ၄-ပါး။
ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်ဟူသော ရူပါဝစရဈာန် ၄-ပါး။

( မဇ္ဈိမနိကာယ်။ မဇ္ဈိမပဏ္ဏာသပါဠိတော်။ သေခသုတ္တန်။ မ၊၂၊၁၇-၁၉ )

စရဏတရား (၁၅)ပါး။

No comments:

Post a Comment