Pages

Wednesday, April 30, 2014

**** နှောင်ကြိုးများကို တွန်းလှန်နိုင်ကြပါစေ *****

Photo: နှောင်ကြိုးများကို တွန်းလှန်နိုင်ကြပါစေ
*************************
""သံယောဇဉ်ငြိတွယ် ၊ကိလေသစက်နှယ်
မချိဖွယ်သပ ယှက်နွယ်သည်၊ ခက်သဖွယ်အရေး""တဲ့။

သံလိုက်တဲ့အပ် လိုပဲ။
သံယောဇဉ်တွေရှိနေရင် ရုန်းထွက်ဖို့ခက်လှပါတယ်။
ရုန်းထွက်ဖို့ခက်ရတဲ့ကြား ရုန်းမထွက်ချင်တဲ့စိတ်ကဖြစ်နေပါသေးတယ်။

မွေးဖွားစကနေ အရွယ်အို တဲ့အထိ
ကြိုးတွေက ချည်လာလိုက်တာ။
လျော့သွားတယ်ကိုမရှိပါဘူး။

ကလေးတုန်းကလည်း ကလေးဘ၀မို့
အမိကိုတွယ်တာ အဖကိုတွယ်တာ။

အရွယ်ရောက်လာပြန်တော့လည်း
စီးပွားတွေတွယ်တာ ။ ဇနီးမယား ခင်ပွန်း သားသမီးတွေတွယ်တာ။
ကြိုးတွေ ချည်နေတာ။

အရွယ်လေးရပြန်တော့လည်း
မြေး မြစ်ဆိုတဲ့ ကြိုးတွေကထပ်ချည်ပြန်ပါတယ်။

ဒီလိုအထပ်ထပ်ချည်ထားတဲ့ကြိုးတွေက များများလာလေ
တရားရဖို့ခက်လေ။
တရားအားထုတ်ဖို့ခက်လေ ပါပဲ။

တော်တော်ကြောက်စရာကောင်းတဲ့ တဏှာနဲ့ ပြုလုပ်ထားတဲ့ သံယောဇဉ်ကြိုးတွေပါပဲ။

ဒါကြောင့် ဒီနှောင်ကြိုးတွေကို ဒီအတိုင်းမထားဘဲ ဖြတ်ရပါမယ်။

ဘာနဲ့ဖြတ်ရမလဲဆိုရင် ဉာဏ်နဲ့ဖြတ်ရပါမယ်။
ကံနဲ့ဖြတ်လို့မရပါဘူး။
ခန္ဓာမှာဉာဏ်လှည့်ပြီး တင်းချည်ထားတဲ့ကြိုးများစွာကို
တပြိုင်တည်းမဟုတ်တောင် တစ်ရစ်ပြီးတစ်ရစ်
တစ်ပတ်ပြီးတစ်ပတ် လျှော့လျှော့ပြီးဖြည်ရပါမယ်။

ကြိုးတင်းတင်းချည်ထားရင် နေရထိုင်ရခက်ပေမယ့်
ကြိုးပြေပြေလေးဖြစ်သွားရင် ပြေသလောက် နေရထိုင်ရ လွတ်လပ်ပေါ့ပါးလာပါတယ်။
ကြိုးလုံးဝမချည်ခံရဘူးဆိုရင်ပြောမနေပါနဲ့တော့။
ဘယ်လောက်လွတ်လပ်တယ်ဆိုတာ။

အထက်ပါဥပမာလေးကို ရှုမြင်ပြီး လာချည်သမျှ အ၀ိဇ္ဇာကြိုး တဏှာကြိုး သံယောဇဉ်ကြိုးများစွာကို နိုင်သလောက်တွန်းလှန်သင့်ပါတယ်။

နှောင်ကြိုးမျာစွာကို တွန်းလှန်နိုင်ကြပါစေ။

HMD(မေတ္တာပန်းကလေး)

 နှောင်ကြိုးများကို တွန်းလှန်နိုင်ကြပါစေ
*****************************

Hsu Myat Dhammagyi

No comments:

Post a Comment