Pages

Thursday, April 17, 2014

**** သူ့ကိုအားကျလေ ကုသိုလ် တအားရလေ ****

 

သူ့ကိုအားကျလေ
***************
ကုသိုလ် တအားရလေ
******************

သတင်းစာတွေ၊ ဂျာနယ်တွေမှာ
သူများတွေကုသိုလ်ပြုကြတဲ့သတင်းပါလာရင
စိတ်ထားမတတ်တဲ့သူတွေက
မကျေမနပ်နဲ့


နာမည်ကြီးချင်လို့ ထည့်တာ၊
ဂုဏ်ဖော်ချင်လို့ ထည့်တာဆိုပြီး
ဒေါသတွေဖြစ်ကြ
အကုသိုလ်တွေ ပွားကြပါတယ်။

စိတ်ထားတတ်တဲ့
သူတွေကတော့
ဝမ်းမြောက်ဝမ်းသာနဲ့
သာဓုတွေ ခေါ်ကြ၊
ကုသိုလ်တွေ ပွားကြပါတယ်။
သူများကို အားကျပြီး
ကိုယ်လည်း ကုသိုလ်တွေ
ပိုလုပ်ဖြစ်သွားကြပါတယ်။
သူများရဲ့ ကုသိုလ်သတင်းဟာ
ကိုယ့်အတွက် ကုသိုလ်ပိုလုပ်ဖြစ်ဖို့
စိတ်ဓာတ်အင်းအား
ဖြစ်သွားတာပေါ့။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

No comments:

Post a Comment