Pages
▼
*** ကောင်းကျိုးချမ်းသာရဖို့ ဘယ်လိုနေကြရမလဲ ?။ ****
ကောင်းကျိုးချမ်းသာရဖို့ဆိုတာ အချက် ၄ ချက် လိုအပ်တယ်။ အဲဒီ အချက် ၄ ချက်နဲ့ကိုယ်ရဲ့ စိတ်စွမ်းအားတွေကို လေ့ကျင့်ပေးရမယ်။
၁။ “ ငါ့သန္တာန်မှာ ကုသိုလ်စိတ်ဖြစ်စေရမယ်” = ငါ့သန္တာန်မှာ ဒီဘ၀ရလာတဲ့အချိန်မှာကုသိုလ်စိတ်တွေ များများဖြစ်စေရမယ်။ ဘာဖြစ်လို့ ကုသိုလ်စိတ်များများ ဖြစ်စေရမှာလဲဆိုရင်
ကုသိုလ်ဆိုတာ အဆိုးတရားတွေ ဖယ်ရှားပြီး အကောင်းတရားတွေကို ဖော်ဆောင်ပေးနိုင်တဲ့
တရားမျိုး ဖြစ်ပါတယ်။
၂။ “ အလေ့အကျင့် လိုအပ်တယ်” = ကုသိုလ်စိတ်ဖြစ်ဖို့အတွက် “သမုဒါစာရ” အလေ့
အကျင့် လိုအပ်တယ်။ ဆိုပါစို့... မနက်အိပ်ရာထရင် မျက်နှာသစ်မယ်၊ သွားတိုက်မယ်၊ ဘုရားရှိခိုးမယ်ဆိုတဲ့ အလေ့အကျင့် လုပ်ထားရမယ်၊ နောက် မေတ္တာပို့မယ်၊ ကိုယ်ရဲ့အိမ်သူအိမ်သားတွေကနေ စပြီးတော့ သတ္တ၀ါတွေ ကျန်းမာကြပါစေဆိုပြီး မေတ္တာပို့လို့ရပါတယ်။ မေတ္တာဆို
တာ ရင်ထဲ နှလုံးထဲမှာ အမုန်းတရားတွေကို ဖယ်ရှားပြီးတော့ ကောင်းကျိုးလိုလားတဲ့စိတ်မျိုး
ဖြစ်ပါတယ်။
၃။ “ ကောင်းတဲ့ဘက်ကို ညွှတ်နေရမယ်” = “ပရိဏာမန” - အမြဲတမ်း ကိုယ်ရဲ့ စိတ်ကလေးကို ကောင်းတဲ့ဘက်ကိုပဲ ညွတ်နေအောင် ထားပေးရပါမယ်။ ဆိုပါစို့ .. တစ်ယောက်တည်း
အေးဆေးစွာ
နေမိရင် ဘာကိုတွေးမိလဲဆိုတာ ပြန်ဆန်းစစ်ကြည့်ပါ၊ ကိုယ့်စိတ်လေးဟာ
ကောင်းတဲ့ဘက်ကို ညွတ်နေရမယ်။ မကောင်းတဲ့ဘက်ကို ညွတ်နေမိလို့ရှိရင်
ကောင်းတဲ့ဘက်ကို သတိထားပြီးညွတ်မိအောင်ထိန်းသိမ်းလေ့ကျင့်ပေးရမယ်။
ကောင်းတဲ့ဘက်ကို အမြဲတမ်းဦးလှည့်ပေးရပါမယ်။
၎။ “ နှလုံးသွင်း မှန်ရမယ်” = “အာဘုဇိတ” - နှလုံးသွင်းတရား၊ နှလုံးသွင်းဆင်ခြင်မှုက အလွန်အရေးကြီးပါတယ်၊ ဒါကို မြတ်စွာဘုရားက ယောနိသောမနိသာကာရလို့ ခေါ်ပါတယ်၊
မှန်မှန်ကန်ကန် စဉ်းစားတာ၊ အသိဉာဏ်နဲ့ စဉ်းစားတာ၊ နှလုံးသွင်းမှု မှန်ကန်တာ၊ လိမ္မာပါးနပ်စွာ စဉ်းစားတာ၊ ဒါကို ယောနိသောမနသိကာရ လို့ ခေါ်ပါတယ်။
ဒါကြောင့်မို့ ကုသိုလ်တစ်ခု ဖြစ်ဖို့ရာ.. မိမိစိတ်ကို အမြဲတမ်း ကုသိုလ်စိတ် ဖြစ်စေရမယ်ဆိုပြီးတော့ သန္နိဌာန်ချထားလိုက်ပါ၊ စိတ်ကို ကောင်းတဲ့ဘက်ကို အမြဲတမ်း ဦးညွတ်စေရမယ်။
ကုသိုလ်စိတ်ဖြစ်အောင်အမြဲတမ်း လေ့ကျင့်ပေးရမယ်။
ယောနိသောမနသိကာရ ထားနိုင်ရမယ်။ အဲဒီအချက်တွေနဲ့ ပြည့်စုံရင် စိတ်ဟာ အမြဲတမ်း ကုသိုလ်စိတ် ဖြစ်နေရမယ်။
ဒါကြောင့် ကုသိုလ်တွေ များလာခြင်းအားဖြင့် ကောင်းကျိုးချမ်းသာတွေ ရလာမယ်။ ဒီ
ဘ၀မှာလည်း ကောင်းကျိုးချမ်းသာရရှိမယ်၊ နောင်ဘ၀မှာလည်း
ကောင်းတဲ့အကျိုးကို ခံစားရ
မယ်၊
လောကီ လောကုတ္တရာနှစ်ဖြာ ကောင်းမွန်တဲ့တရားဖြစ်လို့ ဒီလိုကုသိုလ်မျိုးများများရ အောင်ကျင့်ယူကြကာ ကောင်ကျိုးချမ်းသာရဖို့ အကျိုးရှိအောင်
နေကြပြီး မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
{ ၁၃၇၀ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့
နယ်၊ ကျောင်းကြီးလမ်း၌ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
ဟောကြားသော “ ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည် ” တရားတော်ကို ကိုးကားရေးသားပူဇော်ပါသည်။ }
http://www.damanady.tk/2014/04/blog-post_8979.html
No comments:
Post a Comment