Pages

Sunday, April 20, 2014

**** မှန်ကန်သော ဘဝနေနည်း ****



မှန်ကန်သော ဘဝနေနည်း
********************

`လူ့အဖြစ်နဲ့နေရစဉ်
ချမ်းမြေ့ပျော်ရွှင်စွာ
တန်ဖိုးရှိစွာနေထိုင်လိုလျှင်
ဘဝနေနည်း
မှန်ကန်ဖို့ လိုပါသည်။

 

သူတစ်ပါးအားကြည့်၍
အထင်ကြီးခြင်း၊
အထင်သေးခြင်းစသော
စိတ်လှုပ်ရှား ခံစားမှုများသည်
ငြိမ်းအေးချမ်းမြေ့မှုကို
မပေးစွမ်းနိုင်။


ထို့အတူ
လူအများ၏
အထင်ကြီးခြင်းကို ခံယူလိုမှု၊
လူအများ၏
အထင်သေးခြင်းမှ
ရှောင်ရှားလိုမှုတို့သည်လည်း
စိတ်နှလုံးချမ်းမြေ့မှုကို
မပေးစွမ်းနိုင်။


မိမိဘာသာ
အရှိပကတိအတိုင်း
ငြိမ်းအေးစွာ၊ ရှင်းသန့်စွာ
ရိုးရိုးလေးနေခြင်းသည်သာ
မှန်ကန်သော
ဘဝနေနည်း ဖြစ်သည်။

 ´
မိုးညှင်း ဆရာတော်ဘုရားကြီး
{စံတော်ချိန် သတင်းစာ }

No comments:

Post a Comment