Pages

Saturday, April 26, 2014

**** စေတနာမြင့်၍ အကျိုးပေးမြင့်သူ ****


စေတနာမြင့်၍ အကျိုးပေးမြင့်သူ
 

 " စေတနာမြင့်လျှင် အကျိုးပေးမြင့်သလို စေတနာနိမ့်လျှင် အကျိုးပေးနိမ့်၏"

' သုတ္တန္တပိဋကတ် မဟာဝဂ္ဂပါဠိတော် ပါယာသိသုတ်' တွင် ပါယာသိမြို့စားကြီးသည်ဥစ္ဆေဒဒိဋ္ဌိအယူမှားကြီးနှင့်

 နှစ်ပေါင်းအတော်ကြာ နေခဲ့ရ၏။ 


တစ်နေ့တွင် အရှင်ကုမာရကဿပမထေရ်၏ အမေးအဖြေ တရားများကြောင့် ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်သွားခဲ့သည်။ ဗုဒ္ဓဘာသာဝင် ဖြစ်ပြီးသည့်နောက် နေ့စဉ်အလှူကြီးများ ပေး၏။

ထိုအလှူကြီးများအတွက် ဝေယျာဝစ္စလုပ်ပြီး ဦးဆောင်လှူဒါန်းရသူမှာ ဥတ္တရအမည်ရှိသော လူငယ်လေးတစ်ဦး ဖြစ်သည်။ သူတို့နှစ်ဦး လူ့ဘဝမှ စုတေကြသောအခါ အလှူရှင် ပါယာသိမြို့စားကြီးက လူ့အသက်ဖြင့် အနှစ်ကိုးသန်း အသက်ရှည်သော စတုမဟာရာဇ်နတ်ဘုံ ရောက်ရပြီး ဝေယျာဝစ္စ ပြုလုပ်ပေးရသူ ဥတ္တရလုလင်ကား နှစ်ပေါင်းသုံးကုဋေ အနှစ်ခြောက်သန်း အသက်ရှည်သော တာဝတိံသာနတ်ဘုံသို့ ရောက်ခဲ့သည်။

ဤအချက်ကိုထောက်၍ ဘာသာရေး၌ ဝေယျာဝစ္စ လုပ်သူများသည် သန့်ရှင်းဖြူစင်စွာဖြင့် ကိုယ့်ပစ္စည်းလို သဘောထားပြီး လုပ်ခဲ့လျှင် အလှူရှင်ထက် ပိုမြင့်သောနတ်ဘုံအထိ ရောက်နိုင်ကြောင်းကို နားလည်ပြီး စေတနာမြင့်မြင့်ထား၍ ပြုလုပ်သင့်၏။ အလှူ့ရှင်ဖြစ်ပါလျက် အနိမ့်ဆုံးနတ်ပြည်သို့ ရောက်ရခြင်းအကြောင်းများကို ထိုသုတ္တန်၌ပင် ထုတ်ပြထား၏။

၁။ အရိုသေပြုပြီး လှူဒါန်းမှု မရှိခြင်း။။

၂။ မိမိလက်ဖြင့် ကိုယ်တိုင်လှူဒါန်းမှု မရှိခြင်း။

၃။ အလေးအမြတ်ပြုပြီး လှူဒါန်းမှု မရှိခြင်း။

၎။ ဂရုမစိုက်ဘဲ ပစ်ပစ်ခါခါပြုပြီး လှူဒါန်းခြင်း။ တို့ပင်ဖြစ်၏။

ဤအချက်ကိုထောက်၍ အလှူရှင်များသည် မာနမထားဘဲ မိမိအလှူကို မိမိကိုယ်တိုင် သာဟတ္ထိကမြောက်အောင် ဦးစီးလှူဒါန်းသင့်ကြောင်း သင်ခန်းစာယူသင့်၏။

ဥတ္တရလုလင်မှာ ဝေယျာဝစ္စ ကူညီလုပ်ပေးသူ ဖြစ်ပါလျှက် အလှူရှင်ထက် မြင့်သောနတ်ဘုံသို့ ရောက်ရခြင်းမှာ -----------

၁။ အရိုအသေပြုပြီး လှူဒါန်းခြင်း။

၂။ မိမိလက်ဖြင့် ကိုယ်တိုင်လှူဒါန်းခြင်း။

၃။ အလေးအမြတ်ပြုပြီး လှူဒါန်းခြင်း။

၎။ (ဂရုတစိုက်) ပစ်ပစ်ခါခါ မပြုဘဲ လှူဒါန်းခြင်း။ တို့ဖြစ်၏။

ဝေယျာဝစ္စ ပြုလုပ်သူများအတွက် မှတ်သားလိုက်နာစရာ ဒဿနတစ်ခုရှိ၏။

သူတစ်ပါးမရသော

ကောင်းကျိုးကိုရလိုလျှင်

သူတစ်ပါး မလုပ်ချင်သော

ဝေယျာဝစ္စကို ပြုလုပ်လျှင်

သူတစ်ပါးမရသော

ကောင်းကျိုးကိုရသည်။

(မေတ္တာရှင် ရွှေပြည်သာ)

No comments:

Post a Comment