Pages
▼
*** ကျေးဇူးကို ချေလို့မရ၊ ထေလို့မရ ***
လူတစ်ယောက်ဟာ ကိုယ့်ကိုထမင်းတစ်နပ်ကျွေးလိုက်တယ်။ သူကတစ်ထောင်ဖိုးကျွေးတယ် ဆိုပါစို့။ ကိုယ်ကနှစ်ထောင်ဖိုး ပြန်ပေးလိုက်တယ်ဆိုရင်
သူကျွေးလိုက်တဲ့ပစ္စည်းရဲ့ အထောက်အပံ့ အစဉ်အဆက်သည် ရပ်သွားပါ့မလား၊(မရပ်သွားပါဘုရား)ဒါဖြင့်မှတ်ပါ။ ကျေးဇူးကို
ချေလို့မရဘူးနော်။ ဒီလိုနော် နားလည်ပြီလား။
ကျေးဇူးချေတယ် ဆိုတဲ့စကားကို မပြောရဘူး။ ကျေးဇူးဆိုတာ မချေကောင်း
ဘူး။ ငွေနဲ့လည်းချေလို့ ထေလို့ မရပါဘူး။
ဘုရားက ကျေးဇူးသိတယ်၊ ကျေးဇူးဆပ်ရာမည်တယ်လို့သာဟောတာ။ ကျေတယ်လို့ မပြောဘူးနော်။ ကျေးဇူးကို မချေကောင်းဘူး။ မထေကောင်းဘူးလို့မှတ်ပါ။
ဘုရားဟောတယ်။ ငယ်စဉ်က မိခင်ရဲ့ နို့ရည်တစ်စက်၊ ဖခင်ရဲ့ ပြူစုမှုတစ်ချက်
လေးဟာ၊ အဲ့ဒီကျေးဇူးတွေဟာ ခုထိ ထောက်ပံ့တုန်းဘဲတဲ့။ ဘုရားရဲ့ဥာဏ်တော်နဲ့မို့မြင်နိုင်တာနော်။ ပဋ္ဌာန်းထဲမှာ ပါတယ်။ နတ္ထိပစ္စယောလို့ပြတယ်။ အဟာရက ဥပနိဿယပစ္စယောနော်။ အားကြီးတဲ့ မှီရာအထောက်အပံ့နော်။
ဟိုကျတော့နတ္ထိပစ္စယောလို့ခေါ်တယ်။ ထောက်ပံ့ပေးခဲ့တယ်။ ဒါပင်မယ့်မရှိ
တော့ဘူး။ လက်ဆင့်ကမ်း သဘောမျိုးလို့ မှတ်ရမယ်။ သေသေချာချာမှတ်ပါ။
ဒါကြောင့် ကျေးဇူးကို ဆက်ကြည့်တဲ့အခါ ငယ်ငယ်ထဲက မိခင်နို့ရည်တစ်စက်ဖခင်ရဲ့
ပြုစုမှု တစ်ချက်လေးဟာ ခုချိန်ထိ ရှိတယ်လို့ မှတ်ရမယ်။ အင်မတန်
ကျေးဇူးကြီးတယ်နော်။
ဒါကြောင့် အမိကိုလက်ဝဲ၊ အဖကို လက်ယာ (သို့မဟုတ်)
ပခုံးနှစ်ဖက်ပေါ်မှာမိဘကိုတင်ပြီး နှစ်ပေါင်းတစ်ရာအထိ လုပ်ကျွေးအုံးတဲ့
ကျေးဇူးဆပ်ရာမမည်
သေးဘူးလို့ ဒီလို ဆိုတယ်နော်။
ပိုင်းလော့ဆရာတော်ဘုရားကြီး
No comments:
Post a Comment