မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Friday, April 4, 2014
*** ဖယောင်းတိုင်လေးက ပေးသော အသိလေး. ***
ဖယောင်းတိုင်လေးတိုင်ကို ဈေးထဲမှဝယ်လာ၏။ ထို့နောက် တစ်နေရာမှာ တင်ထားလိုက်လေသည်။
ပြီးတော့ ကိုယ်တိုင်ထိုင်ကြည့်နေမိလေသည်။
ပထမ တစ်တိုင်သည် ကြွက်များကိုက်ချီသွားပြီး ကြွက်တို့၏ ကိုက်ဖြတ်စားသောက်မှုအောက်တွင်ပျက်စီးသွားလေသည်။
ဒုတိယ တစ်တိုင်သည် ကလေးများ ယူကာပျော်ရွှင်စွာ ဆော့ကစားရင်း ကုန်ဆုံးသွားပြန်လေသည်။
တတိယ တစ်တိုင်ကို လူတစ်ယောက်မှ ယူသွားကာ မှောင်မဲနေချိန်တွင် ထွန်းညှိပြီး စာထိုင်ဖတ်
နေလေသည်။အနားမှသူများသည်လည်း ထိုအလင်းရောင်ကြောင့် အမှောင်တွင်းမှ အလင်းကို မြင်နိုင်ကြပေသည်။
နောက်ဆုံး တစ်တိုင်သည်ကား အများသူငှာ စားသောက်နိုင်ရန်လှုဒါန်းနေသည့် နေရာတွင် ချက်ပြုတ်
ရန်နေရာတွင် သုံးလိုက်ပေသည်။
လောကတွင် ထိုဥပမာ အတိုင်းပင် လူသားတို့သည် ဖယောင်းတိုင်များနှင့် ဆင်တူပေသည်။
တစ်ချို့သော သူတို့သည် မကောင်းသော အမှုများ မကောင်းသော သူများ မကောင်းသော နေရာများတွင်
သာ ရှင်သန်ကြရင်း ဘ၀ကို ဘာမှ တန်ဖိုးမရှိပဲ ကုန်လွန်သွားစေကြပေသည်။
တစ်ချို့သော သူတို့သည်ကား မကောင်းသော အမှုများမဟုတ် မကောင်းသော သူများ မကောင်းသောနေ
ရာများတွင် ရှင်သန်ကြသည်လည်း မဟုတ်သော်ငြားလည်း ဖြစ်သလိုနေကြရင်း ဘ၀တန်ဖိုးမဆိုထားဘိ
ဘ၀ကို ဘ၀မှန်းပင် မသိလိုက်ပဲ အချိန်တို့ ကုန်လွန်သွားကြပေသည်။
တစ်ချို့သော သူများသည် ကောင်းမှုကို ကောင်းမှုမှန်းသိပေသည်။ မကောင်းမှုကိုလည်း မကောင်းမှုမှန်း
သိပေသည်။ သို့သော် သူကိုယ်တိုင်ကား ကောင်းမှုရော မကောင်းမှုပါ တွဲလုပ်နေတက်ကြပေသည်။
တစ်ပါးသူတို့ကိုကား ထိုကောင်းမှု မကောင်းမှုတို့ အကြောင်းကို ရံခါ၌ ပြောပြသဖြင့် ထိုက်သင့်သောသူ ယူ
တက်သောသူများသည်ကား ထိုသူ၏ ကောင်းမှုကြောင့် ဘ၀များ မှန်ကန်သွားတက်ကြပေသည်။
တစ်ချို့သော သူတို့သည်ကား ကောင်းမှုကို ကောင်းမှုမှန်းသိပေသည်။ မကောင်းမှုကို မကောင်းမှုမှန်း သိပေသည်။ မိမိကိုယ်တိုင်သည်လည်း မကောင်းမှုတို့ကို ရှောင်ရှားပြီး ကောင်းမှုများကို ဖြစ်ထွန်းစေပေ
သည်။ မိမိနှင့် ပတ်သတ်သောသူများကိုလည်း မကောင်းမှု ကောင်းမှုများ၏ အကျိုး အပြစ်တို့ကို သေချာ
သွန်သင်ပြကာ ကောင်းမှုများတွင်သာ တည်စေပေသည်။
ကျွန်တော်တို့ ဘယ်အမျိုး အစားတွင် ပါပါသနည်း။
http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:381972
Subscribe to:
Post Comments (Atom)
No comments:
Post a Comment