Pages

Tuesday, April 8, 2014

*** ပထဝီ ၊ အာပေါ ၊ တေဇော ၊ ဝါယော ***

Photo: ပထဝီ
------

ပထဝီကို အင်္ဂလိပ်လို (မြေ) ဟု ပြန်ဆိုရသော်လည်း လူတို့သိသော မြေဆိုသည်မဟုတ်။ တရားအားထုတ်သော ယောဂီ၏ဥာဏ်တွင် သမာဓိအားကောင်းလာသည်နှင့် အမျှ မာခြင်းသဘော တောင့်တင်းခြင်းသဘော နူးညံ့ခြင်းသဘော ပျော့ပျောင်းခြင်းသဘောများကို ထင်းထင်းမြင်လာမည်။ ဝတ္ထုပစ္စည်းတိုင်းမှာ ထိုသဘောရှိသည်။ ပညတ်ဖြင့်မှတ်သော သူငါ သတ္တဝါ ဝတ္ထုပစ္စည်းများကား မမြဲ ဖြစ်ပြီးလျှင်ပျက်စီး ပျောက်ကွယ်သွားမည်။ မာခြင်း နူးညံ့ခြင်းသဘောများကား အမြံရှိနေမည်ဟု ဥာဏ်မှာမြင်လိမ့်မည်။

အာပေါ
--------

အာပေါကို အင်္ဂလိပ်လို(Water) ဟု ဘာသာပြန်ဆိုသော်လည်း စင်စစ် လူတို့သိနေသော ရေကိုဆိုလိုသည်မဟုတ်။ ရုပ်ဝတ္ထုတို့တွင် ဖွဲ့စည်းတွယ်ကပ်နေသည့်သဘော ယိုစီးတတ်သည့်သဘော  နှစ်မျိုးရှိနေသည်။ ထိုဖွဲ့စည်းမှု ယိုစီးမှုသဘော သက်သက်မျှကိုသာ ဥာဏ်မှာထင်အောင် ရှုနိုင်မှုသည် ဝိပဿနာဥာဏ်အမြင်ရမှု ဖြစ်သည်။။

တေဇော
---------

တေဇောကို Heat or Fire ဟု အင်္ဂလိပ် ဘာသာပြန်ဆိုသော်လည်း စင်စစ် လူတို့သိသော မီးမဟုတ်။ ပူမှု အေးမှုကိုသာ ဆိုခြင်းဖြစ်သည်။ ပါဠိလို ဥဏှ သီတ ကိုဆိုသည်။ ပူမှု အေးမှုသည် ဥာဏ်၌ထင်သော သဘောသက်သက်မျှသာ ဖြစ်သည်။

ဝါယော
--------

ဝါယောဓာတ်ကို Air or Wind ဟု အင်္ဂလိပ်ဘာသာပြန်သည်။ သို့သော် စင်စစ် လေမဟုတ်။ ထောက်ကန်တတ်သည့် သဘောတစ်ခု ရုပ်မှာရှိသည်။ ထို့အတူ လှုပ်ရှားတတ်သည့် သဘောလည်း ရုပ်မှာရှိသည်။ ထိုသဘောများမှအပ ဥာဏ်ထဲတွင် ဘာမျှ အကောင်အထည် အတ္တဒြပ်အဖြစ် တစ်စုံတစ်ရာမရှိတော့။ အဆင်း အနံ့ အရသာ သြဇာတို့ဖြင့် အာရုံခြောက်ပါး၌ ထင်မြင်နေရသော အရာဝတ္ထု အသွင်သဏ္ဍာန်များ အားလုံးကို ဝိပဿနာအားဖြင့် ရှုသော် ဆိုခဲ့ပြီးသော မာမှု ပျော့မှု ဖွဲ့မှု ယိုမှု အေးမှု ထောက်ကန်မှု လှုပ်ရှားမှု သဘောတွေကိုသာ ဥာဏ်မှာ ထင်မြင်နိုင်သည်။
-------------------------

ဖောက်ပြန်နေသော ပျက်စီးနေသော ဝတ္ထုပစ္စည်း အကောင်အထည်တို့၏။ သဘောကို စူးစိုက်သောဥာဏ်ဖြင့် မြင်အောင် ရှုတတ်လျှင် ယေဘုယျအားဖြင့် ထိုတရားများသည် မမြဲသော (အနိစ္စ) တရားများဖြစ်သည်ကို ထင်းကနဲမြင်ရမည်။ ထိုမမြဲသော အနိစ္စတရားတွေကို အဝိဇ္ဇာဟူသော ဥာဏ်အမြင်မရှိ ပကတိကန်းသူနှင့် တူသော ပုထုဇဉ်က စွဲလမ်းသည်။ တပ်မက်သည် လိုချင်သည်။ တောင့်တသည်။ အထင်ကြီးသည်။ အားကိုးသည်။ မှီခိုသည်။ ထိုစွဲလမ်းတပ်မက်မှုကို တဏှာ (attechment) ဟု ခေါ်သည်။ ထိုတဏှာကြောင့် လူသားတို့မှာ ဆင်းရဲခြင်း (ဒုက္ခ) မျိုးစုံကြုံရသည်။

ဝိပဿနာဥာဏ်ကို ရရှိသောအခါ ယောဂီသည် ရုပ်တရား နာမ်တရားတို့၏ ထာဝရတည်မြဲမှု ကင်းခြင်းသဘော အစိုးမရ ဖြစ်ခြင်တိုင်းဖြစ် ပျက်ခြင်တိုင်းပျက်၍နေသည့် သဘောကလွဲ၍ ဘာဆိုဘာမျှ ရှိခြင်း ဟူသော သဘောမရှိသည်ကို  နားလည်လာပေလိမ့်မည်။ 

ရုပ် နာမ် ဓမ္မအားလုံးသည် အပြတ်အလပ် အရပ်အနားမရှိ ဖြစ်လိုက်ပျက်လိုက်နှင့်သာ မှိတ်တုံပေါ်တုံ အခြင်းအရာမှအပ ဘာဆိုဘာမှ တခြားမရှိခြင်းကို မြင်ခြင်းကား အနတ္တကိုမြင်ခြင်း အနတ္တကိုသိခြင်း ဖြစ်သည်။
-------------------------------

ချမ်းမြေ့ဆရာတော်
---------------------

(ဦးဆန်းလွင်)


ပထဝီ
------
ပထဝီကို အင်္ဂလိပ်လို (မြေ) ဟု ပြန်ဆိုရသော်လည်း လူတို့သိသော မြေဆိုသည်မဟုတ်။တရားအားထုတ်သော
 ယောဂီ၏ဥာဏ်တွင် သမာဓိအားကောင်းလာသည်နှင့် အမျှမာခြင်းသဘော တောင့်တင်းခြင်းသဘော နူးညံ့ခြင်းသဘော 
 ပျော့ပျောင်းခြင်းသဘောများကို ထင်းထင်းမြင်လာမည်ဝတ္ထုပစ္စည်းတိုင်းမှာ ထိုသဘောရှိသည်။ ပညတ်ဖြင့်မှတ်သော သူငါ သတ္တဝါ ဝတ္ထုပစ္စည်းများကား မမြဲ ဖြစ်ပြီးလျှင်ပျက်စီး ပျောက်ကွယ်သွားမည်။ မာခြင်း နူးညံ့ခြင်းသဘောများကား အမြံရှိနေမည်ဟု ဥာဏ်မှာမြင်လိမ့်မည်။

အာပေါ
--------

အာပေါကို အင်္ဂလိပ်လို(Water) ဟု ဘာသာပြန်ဆိုသော်လည်း စင်စစ် လူတို့သိနေသော ရေကိုဆိုလိုသည်မဟုတ်။ ရုပ်ဝတ္ထုတို့တွင် ဖွဲ့စည်းတွယ်ကပ်နေသည့်သဘော ယိုစီးတတ်သည့်သဘော နှစ်မျိုးရှိနေသည်။ ထိုဖွဲ့စည်းမှု ယိုစီးမှုသဘော သက်သက်မျှကိုသာ ဥာဏ်မှာထင်အောင် ရှုနိုင်မှုသည် ဝိပဿနာဥာဏ်အမြင်ရမှု ဖြစ်သည်။။

တေဇော
---------

တေဇောကို Heat or Fire ဟု အင်္ဂလိပ် ဘာသာပြန်ဆိုသော်လည်း စင်စစ် လူတို့သိသော မီးမဟုတ်။ ပူမှု အေးမှုကိုသာ ဆိုခြင်းဖြစ်သည်။ ပါဠိလို ဥဏှ သီတ ကိုဆိုသည်။ ပူမှု အေးမှုသည် ဥာဏ်၌ထင်သော သဘောသက်သက်မျှသာ ဖြစ်သည်။

ဝါယော
--------

ဝါယောဓာတ်ကို Air or Wind ဟု အင်္ဂလိပ်ဘာသာပြန်သည်။ သို့သော် စင်စစ် လေမဟုတ်။ ထောက်ကန်တတ်သည့် သဘောတစ်ခု ရုပ်မှာရှိသည်။ ထို့အတူ လှုပ်ရှားတတ်သည့် သဘောလည်း ရုပ်မှာရှိသည်။ ထိုသဘောများမှအပ ဥာဏ်ထဲတွင် ဘာမျှ အကောင်အထည် အတ္တဒြပ်အဖြစ် တစ်စုံတစ်ရာမရှိတော့။ အဆင်း အနံ့ အရသာ သြဇာတို့ဖြင့် အာရုံခြောက်ပါး၌ ထင်မြင်နေရသော အရာဝတ္ထု အသွင်သဏ္ဍာန်များ အားလုံးကို ဝိပဿနာအားဖြင့် ရှုသော် ဆိုခဲ့ပြီးသော မာမှု ပျော့မှု ဖွဲ့မှု ယိုမှု အေးမှု ထောက်ကန်မှု လှုပ်ရှားမှု သဘောတွေကိုသာ ဥာဏ်မှာ ထင်မြင်နိုင်သည်။
-------------------------

ဖောက်ပြန်နေသော ပျက်စီးနေသော ဝတ္ထုပစ္စည်း အကောင်အထည်တို့၏။ သဘောကို စူးစိုက်သောဥာဏ်ဖြင့် မြင်အောင် ရှုတတ်လျှင် ယေဘုယျအားဖြင့် ထိုတရားများသည် မမြဲသော (အနိစ္စ) တရားများဖြစ်သည်ကို ထင်းကနဲမြင်ရမည်။ ထိုမမြဲသော အနိစ္စတရားတွေကို အဝိဇ္ဇာဟူသော ဥာဏ်အမြင်မရှိ ပကတိကန်းသူနှင့် တူသော ပုထုဇဉ်က စွဲလမ်းသည်။ တပ်မက်သည် လိုချင်သည်။ တောင့်တသည်။ အထင်ကြီးသည်။ အားကိုးသည်။ မှီခိုသည်။ ထိုစွဲလမ်းတပ်မက်မှုကို တဏှာ (attechment) ဟု ခေါ်သည်။ ထိုတဏှာကြောင့် လူသားတို့မှာ ဆင်းရဲခြင်း (ဒုက္ခ) မျိုးစုံကြုံရသည်။

ဝိပဿနာဥာဏ်ကို ရရှိသောအခါ ယောဂီသည် ရုပ်တရား နာမ်တရားတို့၏ ထာဝရတည်မြဲမှု ကင်းခြင်းသဘော အစိုးမရ ဖြစ်ခြင်တိုင်းဖြစ် ပျက်ခြင်တိုင်းပျက်၍နေသည့် သဘောကလွဲ၍ ဘာဆိုဘာမျှ ရှိခြင်း ဟူသော သဘောမရှိသည်ကို နားလည်လာပေလိမ့်မည်။

ရုပ် နာမ် ဓမ္မအားလုံးသည် အပြတ်အလပ် အရပ်အနားမရှိ ဖြစ်လိုက်ပျက်လိုက်နှင့်သာ မှိတ်တုံပေါ်တုံ အခြင်းအရာမှအပ ဘာဆိုဘာမှ တခြားမရှိခြင်းကို မြင်ခြင်းကား အနတ္တကိုမြင်ခြင်း အနတ္တကိုသိခြင်း ဖြစ်သည်။
-------------------------------

ချမ်းမြေ့ဆရာတော်
---------------------

(ဦးဆန်းလွင်)
 
Post by ,,,,, Ko Latt 
 

No comments:

Post a Comment