Pages

Thursday, April 24, 2014

★“ဘေးငါးပါး ရန်ငါးပါး ငြိမ်းတဲ့သူ"★




★“ဘေးငါးပါး ရန်ငါးပါး ငြိမ်းတဲ့သူ"★ 

ဓမ္မမိတ်ဆွေ ယောဂီ…
သင် ဟာ``သုတဝါအရိယသာဝက´´
တနည်းအားဖြင့် မြတ်ဗုဒ္ဓ၏မြတ်သော
တပည့် အမှန်တကယ်ဖြစ်ချင် ပါသလား
လွယ်ပါတယ် ။



မြတ်ဗုဒ္ဓရဲ့ မြတ်သောတပည့်ဖြစ်ချင် ရင်
ငါးပါးသီလကိုမကျိုးမ ပေါက်အောင်စောင့်
ထိန်းလိုက်ပါ။အဲဒီအခါ သင် ဟာ
``အရိယာအငယ်စားလေး´´ဖြစ်သွားပါပြီ။
သီလ စောင့်ထိန်းတယ်ဆိုတာဘာလဲ။
မ ကောင်းတာမှန်သမျှမလုပ်တာပဲ။အဲဒါ
ီလိုဆိုရင် သီလကအလိုလိုလုံနေတယ်။


ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ
သမ္မာဒိယာမိ ။ဆိုကြည့်ပါ့လား။သူတစ်ပါး
အသက်ကိုသတ်ခြင်းမှရှောင်ကြဉ်ပါ၏
ဘုရား ။ဒီလိုမဟုတ်ဘူးလား။ရှောင်ကြဉ်
တယ်ဆိုတာမလုပ်ဘဲနေတာပါဘဲ။မကျူး
လွန်ဘဲနေတာပါဘဲ။မမှန်စကားမ ပြော
ကြားဘဲနေတာပါဘဲ။ဒီလိုစဉ်းစားကြည့်ပေါ့။


ကာယဒုစရိုက်တွေဖြစ်တဲ့သက်သတ်
ခိုးမှုကာမေသုနဲ့သေရည်အရက်သောက်
ခြင်းကိုမလုပ်နဲ့။ဝစီဒုစရိုက်ဖြစ်တဲ့လိမ်ပြော
ခြင်း ဂုန်းချောခြင်း ဆဲရေးခြင်း အတင်း
အဖျင်းပြောခြင်းတို့ကိုမလုပ်နဲ့။


ဒီလိုမလုပ်သင့်တာတွေမလုပ် ရင်
ငါးပါးသီလ လုံနေတယ်။ဘေးငါးပါး ရန်
ငါးပါးငြိမ်းတဲ့မြတ်စွာဘုရားရဲ့ တပည့်မြတ်
ဖြစ်နေတယ်ဆိုတာ သိစေချင် ပါတယ်။
ဒီအရည်အချင်းတွေဟာခက်ခဲတဲ့အရည်
အချင်းတွေမဟုတ်ပါဘူး။ဗုဒ္ဓဘာသာဝင်
တိုင်းမစိမ်းတဲ့ အရည်အချင်းတွေပါ။


ဒါပေမဲ့လွယ်သလားအ မေးခံရရင် အများစု
ကမလွယ်ပါဘူးလို့ဖြေကြမှာဘဲ။အမှန်
တော့ အဲဒီလိုဖြေတာဟာ ကိုယ့်ကိုယ်ကို
စိတ်မတည်ကြည်တဲ့သူတစ်ယောက်ဖြစ်
တယ်လို့ ဝန်ခံလိုက်တာပါဘဲ။အမှန်က
အလွန်လွယ်ကူတဲ့အကျိုးလည်းတကယ်
များတဲ့ ဒီသီလအကျင့်ကို မကျင့်ချင် ဘူး
လို့ဆိုလိုက်တာပါဘဲ။


ဒီလောက်လွယ်ကူပြီး
အ ခြေခံအုတ်မြစ်ကောင်းဖြစ်တဲ့
သီလအကျင့်ကို မကျင့်ချင် မှတော့
ဒီထက် အဆင့်မြင့်တဲ့
အထက် အထက်မဂ်ဖိုလ်ကို
ရရ ပါလို၏လို့ ဆုတောင်းနေတာ
အာညောင်းယုံဘဲ ရှိတော့မှာပေါ့ ။


ပဉ္စသီငါးပါးကိုလုံခြုံအောင် စောင့်ထိန်း
ကြမယ်ဆိုရင်ဖြင့်ဘေးငါးပါး ရန်ငါးပါး
ငြိမ်းပြီးအထက်မဂ်သုံးပါးကိုတက်လှမ်းနိုင်
ကြမှာဖြစ်တယ်လို့ မြတ်စွာဘုရားရှင်
ဟောကြားဆုံးမတိုက်တွန်းတော်မူခဲ့ပါတယ်
ဘေးငါးပါး ရန်ငါးပါးငြိမ်းတယ်ဆိုတာ
ဘာကိုခေါ်သလဲဆိုတော့……။


၁။သူ့အသက်ကိုသတ်လေ့ရှိသူသည်
သူ့အသက်ကိုသတ်ခြင်း အ ကြောင်း
ကြောင့်မျက်မှောက်၌ဖြစ်သောဘေးရန်
သည်ပွားစီး၏။တမလွန်၌ဖြစ်သောဘေး
ရန်သည် ပွားစီး၏။စိတ်၌ဖြစ်သော
ဆင်းရဲခြင်း နှလုံးမသာယာခြင်းကိုလည်း
ခံစားရ၏။သူ့အသက်ကိုသတ်ခြင်းမှရှောင်
ကျဉ်သူအားဤသို့သောဘေးရန်သည်
ငြိမ်း၏။


၂။မ ပေးသည်ကိုခိုးယူလေ့ရှိသူသည်မ ပေး
သည်ကိုခိုးယူခြင်းအ ကြောင်းကြောင့်
မျက်မှောက်၌ဖြစ်သော ဘေးရန်သည်ပွား
စီး၏။တမလွန်၌ဖြစ်သောဘေးရန်သည်ပွား
စီး၏။စိတ်၌ဖြစ်သောဆင်းရဲခြင်း နှလုံးမ
သာယာခြင်းကိုလည်းခံစားရ၏။မ ပေးသည်
ကိုခိုးယူခြင်းမှရှောင်ကြဉ်သူအားဤသို့သော
ဘေးရန်သည်ငြိမ်း၏။


၃။ကာမတို့၌မှားသောအားဖြင့်ကျင့်လေ့
ရှိသောသူသည်ကာမတို့၌မှားသော
အားဖြင့်ကျင့်ခြင်းအ ကြောင်းကြောင့်မျက်
မှောက်၌ဖြစ်သောဘေးရန်သည်ပွားစီး၏။
တမလွန်၌ဖြစ်သောဘေးရန်သည်ပွားစီး၏။
စိတ်၌ဖြစ်သောဆင်းရဲခြင်း နှလုံးမသာယာ
ခြင်းကိုလည်းခံစားရ၏။ကာမတို့၌မှားသော
အားဖြင့်ကျင့်ခြင်း၌ရှောင်ကြဉ်သောသူ
အားဤသို့သောဘေးရန်သည်ငြိမ်း၏။


၎။မမှန်သောစကားကိုပြောလေ့ရှိသူသည်
မမှန်သောစကားကိုပြောခြင်းအ ကြောင်း
ကြောင့်မျက်မှောက်၌ဖြစ်သောဘေးရန်
သည်ပွားစီး၏။တမလွန်၌ဖြစ်သောဘေး
ရန်သည်ပွားစီး၏။စိတ်၌ဖြစ်သောဆင်းရဲ
ခြင်း နှလုံးမသာယာခြင်းကိုလည်းခံစားရ
၏။မဟုတ်မမှန်သောစကားကိုပြောခြင်း
မှရှောင်ကြဉ်သူအားဤသို့သောဘေးရန်
သည်ငြိမ်း၏။


၅။မူးယစ်မေ့လျော့ကြောင်းဖြစ်သောသေ အရက်ကိုသောက်လေ့ရှိသူသည်မူးယစ်
မေ့လျော့ကြောင်းဖြစ်သောသေအရက်ကို
သောက်ခြင်းအ ကြောင်းကြောင့်မျက်
မှောက်၌ဖြစ်သောဘေးရန်သည်ပွားစီး၏။


တမလွန်၌ဖြစ်သောဘေးရန်သည်ပွားစီး၏။
စိတ်၌ဖြစ်သောဆင်းရဲခြင်း နှလုံးမသာယာ
ခြင်းကိုလည်းခံစားရ၏။မေ့လျော့ကြောင်း
ဖြစ်သောသေအရက်ကိုသောက်ခြင်းမှ
ရှောင်ကြဉ်သူအားဤသို့သောဘေးရန်
သည်ငြိမ်း၏။


ငါးပါးသီလကိုမကျိုးမ ပေါက်အောင် စောင့်ထိန်းတဲ့သူ(ဝါ)
မ ကောင်းတာမှန်သမျှမလုပ်တဲ့သူဟာ
ဲ"ဤငါးပါးကုန်သောဘေးရန်တို့သည်
်ငြိမ်းကုန်၏"ဟုမြတ်စွာဘုရားရှင် က အနာထပိဏ်သူဌေးကြီးကိုပဉ္စာဝေရဘယ သုတ်တော်မှာဟောကြားတော်မူခဲ့
ပါတယ် ။်


- အရှင် ဝိဝေက ၏ မြတ်ဗုဒ္ဓ၏မြတ်သော
တပည့် စာအုပ်မှကောက်နှုတ်တင်ပြ
ပါသည်။


* ဘေးငါးပါး ရန်ငါးပါးငြိမ်းပြီး
အထက်အထက်မဂ်သို့
တက်လှမ်းနိုင်ကြပါစေ…


ဓမ္မမိတ်ဆွေ သူတော်ကောင်းအ ပေါင်းတို့။
ရွှင် လန်း ချမ်းမြေ့ကြ ပါစေ…။


 https://www.facebook.com/groups/580787115305275/permalink/717524534964865/

No comments:

Post a Comment