Pages

Friday, April 11, 2014

**** ဗြဟ္မစိုရ်တရား လေးပါး ***


ဗြဟ္မစိုရ်တရား လေးပါး
********************


`မေတ္တာ´ ဆိုတာ
သူတစ်ပါးကောင်းစားစေလိုတဲ့
စိတ်ကို ခေါ်တာ။

`ကရုဏာ´ ဆိုတာ
သူတစ်ပါးကို
သနားတဲ့စိတ် ဖြစ်ပေါ်တာ။
ဆင်းရဲခြင်းက
လွတ်စေချင်တာ
ကရုဏာ စိတ်ပဲ။

`မုဒိတာ´ ဆိုတာ
သူတစ်ပါးကောင်းစား
ချမ်းသာနေတာကို
ဝမ်းသာတဲ့စိတ်
ကိုယ့်မှာ ဖြစ်ပေါ်တာ။

`ဥပေက္ခာ´ ဆိုတာကျတော့
သူတစ်ပါးချမ်းသာရေးတို့ကို
ကြောင့်ကြမပြုမှု၍
ကံတရားအတိုင်းပါပဲလို့
လျစ်လျူရှုနေခြင်းကို
ဥပေက္ခာ ကုသိုလ်စိတ်လို့
ခေါ်တယ်။

လူသားအသီးသီးမှာ
ဒီ ဗြဟ္မစိုရ်တရားလေးပါးကို
မြတ်နိုးစာနာကျင့်သုံးကြပါက
လူ့ဘောင်လောကဟာ
သာယာခြင်း၊ မျှတခြင်း၊
ချစ်ခင်ညီညွှတ်ခြင်းတို့နဲ့
တည်ငြိမ်လှပနေမှာပါပဲ။

စလင်းကန်လယ် ဆရာတော်ဘုရားကြီး

{စံတော်ချိန် သတင်းစာ }

No comments:

Post a Comment