Pages

Thursday, April 10, 2014

*** အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးပါး။ ****

Photo: တကယ် မေတ္တာအစစ်အမှန်နဲ့ ချစ်ရင်
ကိုယ်ချစ်တဲ့သူကို . .
ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့သူ, 
ကိုယ့်အသိဉာဏ်နဲ့ကိုယ် စဉ်းစားနိုင်တဲ့သူ, 
ဆုံးဖြတ်နိုင်တဲ့သူ, 
သွားရဲ လာရဲ ပြောရဲ ဆိုရဲတဲ့သူ ဖြစ်လာအောင် လုပ်ပေးချင်တယ်။
အားပေးချင်တယ်။

( ဆရာတော်ဦးဇောတိက ) 

အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးပါး။
••••••••••••••••••••••••••••••••••••
အိုအိုလူများ .. သတိထားလော့။

သွားဆဲကာလ၊ ခါသမယ၀ယ်၊

ပထမခြေလှမ်း၊ ရုပ်နာမ်တန်းတို့၊



လှမ်းဒုတိယ၊ မရောက်ကြဘူး။

ဒုတိယခြေလှမ်း၊ ရုပ်နာမ်တန်းလည်း၊

လှမ်းတတိယ၊ မရောက်ကြပင်။

တစ်လှမ်းတွင်လည်း၊ မြှောက်စဉ်တစ်မျိုး၊

ရှေ့တိုးတစ်ဖုံ၊ လွန်ပုံတစ်ဝ၊

အောက်ချတစ်ခင်း၊ ထိခြင်းတစ်လွေ့၊

ဖိနင်းစေ့အောင်၊ တရွေ့ရွေ့မြန်း၊ အခန်းခန်း၌၊

ခြေလှမ်းပိုင်းခြား၊ စိတ်ခြောက်ပါးဝယ်၊

သွယ်သွယ်နာမ်တန်း၊ ရုပ်အတန်းတို့၊

နှမ်းအိုးကင်းထက်၊ နှမ်းတွေကျက်သို့၊

ဖြစ်ပျက်နေရ၊ အနိစ္စသည် … ဒုက္ခ အနတ္တချည်းသာတည်း။

( မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး )

No comments:

Post a Comment