Pages

Friday, April 11, 2014

**** လူတော်လူကောင်းတစ်ယောက်ရဲ့လုပ်ရပ်ဆိုတာ ***


လူတော်လူကောင်းတစ်ယောက်ရဲ့လုပ်ရပ်ဆိုတာ
************************************

ဘာမှတာဝန်မယူ၊
ဘာမှအလုပ်မလုပ်ဘဲ
ထိုင်နေသူဟာ
အကောင်းဆုံးလူသား
မဖြစ်နိုင်ပါဘူး၊


ကိုယ်တန်ဖိုးထားတဲ့
တကယ်အကျိုးရှိတဲ့အလုပ်ကို
အကောင်အထည်ဖော်ပြီး
စိတ်ချမ်းသာမှုအစစ်ကို
ရအောင်ယူကြပါ။


တန်ဖိုးရှိတဲ့အလုပ်ကိုလုပ်ပြီး
ပျော်တာကမှ
တကယ့်လူတော်၊
ဘာအလုပ်မှမလုပ်ဘဲ
ထိုင်နေတဲ့သူဟာ
လူတော်ဖြစ်မလာနိုင်ဘူး။


သူများထက်သာမှ
စိတ်ချမ်းသာမှာလား။


သူများရဲ့ အထင်ကြီးမှုရမှ
စိတ်ချမ်းသာမယ်ထင်ပါသလား။


လူတော်ဆိုတဲ့သူများနှင့်
နှိုင်းယှဉ် နေစရာမလိုဘဲ
စိတ်ချမ်းချမ်းသာသာနှင့်
အကောင်းဆုံးအလုပ်ကို
ကိုယ်စွမ်းနိုင်သလောက်ပေးဆပ်ပြီး
ကောင်းအောင်လုပ်နေသူဟာ
လုပ်နေတုန်းမှာလည်း
စိတ်ချမ်းသာမှုရနိုင်တယ်။


မလုပ်တော့တဲ့အချိန်မှာလည်း
စိတ်ချမ်းသာမှုရနိုင်တယ်။


ကိုယ့်လုပ်ရပ်ကြောင့်လည်း
လူအပေါင်းစိတ်ချမ်းသာမှု
ရနေပါလိမ့်မယ်။


စိတ်ချမ်းသာမှုဟာ
သူများနဲ့ယှဉ်ပြီးမှ ရတာမဟုတ်လို့
သူများဘာလုပ်နေသလဲဆိုတာ
တွေးနေဖို့၊ ကြံနေဖို့မလိုပါဘူး။


ကိုယ့်စိတ်ချမ်းသာမှု၊
လူအများစိတ်ချမ်းသာမှုကို
သူတစ်ပါးစိတ်ချမ်းသာမှုကိုစတေးပြီးမှ
ရအောင်ယူနိုင်တာဟာ
စိတ်ချမ်းသာမှုအစစ် မဟုတ်ပါဘူး၊
လူတော်လူကောင်းတစ်ယောက်ရဲ့
လုပ်ရပ်လည်းမဟုတ်ပါဘူး။


ဆရာတော်ဦးဇောတိက
(မဟာမြိုင်တောရ)


No comments:

Post a Comment