Pages

Wednesday, April 23, 2014

**** အတ္တဟိတစွမ်းပြီး ပရဟိတဆောင်မှ ****



အတ္တဟိတစွမ်းပြီး ပရဟိတဆောင်မှ
***************************

`စွမ်းဆောင်´ တယ်ဆိုတဲ့
စကားလုံးလေးကို
ကြည့်လိုက်ပါ။
`စွမ်း´ မှ `ဆောင်´ လို့ရတာ။



ကိုယ့်အရည်အချင်းက
`စွမ်း´ မှ အများအကျိုး
`ဆောင်´ လို့ရတာ။


ကိုယ်က ဘာအရည်အချင်းမှ
မစွမ်းဘဲနဲ့
သူများအကျိုးဆောင်လို့
မရဘူး။


ကိုယ်က စွမ်းရမယ်။
ကိုယ့်မှာ အစွမ်းရှိရမယ်။


ပစ္စည်းဥစ္စာတွေနဲ့လည်း
သူများကို ထောက်ပံနိုင်စွမ်း
ရှိရမယ်။


နည်းပညာတွေနဲ့လည်း
သူများကို ကူညီနိုင်စွမ်း
ရှိရမယ်။


ကျွမ်းကျင်မှုတွေနဲ့လည်း
သူများကို ပံ့ပိုးနိုင်စွမ်း
ရှိရမယ်။


ကိုယ့်မှာ အစွမ်းရှိမှ
ကိုယ့်ရှိတဲ့အစွမ်းနဲ့
သူတစ်ပါးအကျိုး ဆောင်နိုင်တာ။


`စွမ်းဆောင်´ ဆိုတဲ့စကားမှာ
`စွမ်း´ ဆိုတာက
အတ္တဟိတ၊
`ဆောင်´ ဆိုတာက
ပရဟိတ။


စွမ်းမှ ဆောင်နိုင်တာ။
အတ္တဟိတ ရှိမှ
ပရဟိတ ဖြစ်တာပါ။


အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

No comments:

Post a Comment