Pages

Thursday, April 24, 2014

“ အုပ်ချုပ်သူမကောင်းရင် တိုင်းပြည်ပျက်တယ် ”

Photo: “ အုပ်ချုပ်သူမကောင်းရင် တိုင်းပြည်ပျက်တယ်  ”
•••••••••••••••••••••••••••••••••••••••••••••••••••••••
သဗ္ဗံ ရဋ္ဌံ ဒုက္ခံ သေတိ ရာဇာ စေ ဟောတိ အဓမ္မိကော။
တိုင်းပြည်တစ်ပြည်တွင် အုပ်ချုပ်သူက တရားမရှိဘူး၊ အကျင့်
ပျက်ခြစားရင် အဲဒီတိုင်းပြည် အတိဒုက္ခရောက်ကြရတာပါပဲ။ 
The entire country plunges into misery if rulers are 
unrighteous, unscrupulous/corrupt.
ရှင်ဘုရင်သည် ခေါင်ချုပ်ပါ။ ခေါင်ချုပ်မလုံရင် တစ်အိမ်လုံးမိုး
ဆိုပါတယ်။ အချို့ကလည်း ပြည်သူတွေကလဲ ကောင်းမှ 
တိုင်းပြည်တိုးတက်တယ်လို့ပြောပါတယ်။ မှန်ပါတယ်။ 

အုပ်ချုပ်သူသာ တရားရှိရှိနဲ့ နေပြလိုက်ပါ၊ တရားနဲ့အညီ 
အုပ်ချုပ်လိုက်ပါ။ ပြည်သူတွေဟာ ပြောစရာမလိုအောင် 
စည်းကမ်းရှိတဲ့ ပြည်သူ၊ ယဉ်ကျေးတဲ့ ပြည်သူ ဖြစ်လာမှာပါ။ 
ဒါနဲ့ပတ်သက်ပြီး ဘုရားရှင်က အဓမ္မိက သုတ်မှာ အတိအလင်း
ဟောထားပါတယ်။

“ ချစ်သားရဟန်းတို့... ရှင်ဘုရင်တွေ တရားမဲ့ရင် ၀န်ထမ်းတွေ 
တရားပျက်တယ်။ ၀န်ထမ်းတွေတရားပျက်ရင် ရဟန်းပုဏ္ဏားနှင့် 
အိမ်ထောင်ဦးစီးတွေ တရားပျက်တယ်။ ရဟန်းပုဏ္ဏားနဲ့ 
အိမ်ထောင်ဦးစီးတွေ တရားပျက်ရင် ပြည်သူတွေ တရားပျက်တယ်။ 
ပြည်သူတွေ တရားပျက်ရင် နေ၊လ တို့ လမ်းကြောင်းမမှန်တော့ဘူး။ 
နေလတို့ မမှန်ရင် ကြယ်တာရာတွေ မမှန်တော့ပါ။ ကြယ်တာရာတွေ 
လမ်းကြောင်းမမှန်ရင် နေ့ည မမှန်၊ နေ့ညမမှန်ရင် လတွေ နှစ်တွေ၊ 
ရာသီဥတုတွေ၊ လေတွေ အကုန် ပုံမှန်မဟုတ်တော့ပါ။ အဲဒါတွေ
 ပုံမှန်မဟုတ်တော့ရင် နတ်တွေ စိတ်ပျက်ကြပါတယ်။ နတ်တွေ
စိတ်ပျက်ရင် လိုလောက်တဲ့ မိုးတွေ မရွာတော့ပါ။ လိုအပ်တဲ့မိုးမရွာရင် 
အသီးအနှံတွေ ပျက်စီးမယ်။ မှည့်ချိန်မှာ မမှည့်၊ မမှည့်ချိန်မှာ 
မှည့်ကြမယ်။ အဲဒီပုံမှန်မဟုတ်တဲ့ အသီးအနှံတွေကို စားရင် လူတွေ 
အသက်တိုမယ်။ ရုပ်ဆိုးမယ်။ အားနည်းမယ်၊ ရောဂါတွေ ထူပြောမယ်။
အပြန်အားဖြင့် ရှင်ဘုရင် ကောင်းရင် ကျန်တာတွေ အကုန်
ကောင်းမယ်  ” ဟု ဘုရားရှင်ဟောထားပါတယ်။
ဒါကြောင့် တိုင်းပြည်ကောင်းဖို့ရာမှာ ရှင်ဘုရင် အုပ်ချုပ်သူသည် 
အဓိက အခရာဖြစ်ပါသည်။

(ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ)

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm 

“ အုပ်ချုပ်သူမကောင်းရင် တိုင်းပြည်ပျက်တယ် ”
•••••••••••••••••••••••••••••••••••••••••••••

No comments:

Post a Comment