Pages

Friday, April 11, 2014

**** စွဲလမ်းမှုနည်းရင် စိုးရိမ်မှု နည်းမယ် ****

 
စွဲလမ်းမှုနည်းရင် စိုးရိမ်မှု နည်းမယ်
************************

ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုကို လုပ်ရင်းနဲ့ စဉ်းစားတာသည် ပညာရှိတို့ ၏ သဘောသဘာဝပဲ။
နေတို့ ၊လတို့ ထက် ရှေ့ ကပြေးတဲ့နတ်သားတွေ
ရဲ့အရှိန်ဟုန်ဟာ နေတို့  လတို့ ထက်မြန်တယ်။
သတ္တ၀ါတို့ ရဲ့ သေနိုင်ခွင့်ဟာအဲ့တာထက် ပိုပြီးတော့ မြန်တယ်။ အချိန်မရွေးသေနိုင်တယ်။..
ဆိုလိုတာက အသက်ရှည်နေတာကြီးကို မြန်တယ်လို့ ဆိုလိုတာမဟုတ်ဘူး။
 
အာယုသင်္ခါရ မြန်တယ်ဆိုတာက အချိန်မရွေးသေနိုင်တယ်။
သေမှာကို တွေးပြီး မကြောက်တဲ့အတွက်ကြောင့်လူတေ
ွက အသေလွတ်တဲ့တရားကိုမရှာဘူးတဲ့။ကွဲမှာ ပျက်မှာကိုမကြောက်တဲ့အတွက်ကြောင့်မကွဲနိုင် မပျက်နိုင်တဲ့တရားကို မရှာဘူး။ဒီအတိုင်းပဲ ငြိမ်ငြိမ် အကွဲခံတယ်၊ အပျက်ခံတယ်၊ အသေခံတယ်။သေတာဆန်းသလား။ လူတိုင်းသေတာပဲ ။တယ် …သတ္တိကောင်းတဲ့လူတွေ လို့ ပြောရမယ်။
တကယ်စင်စစ် သေတာ ကြောက်သင့်တဲ့ ကိစ္စလား၊မကြောက်သင့်တဲ့ ကိစ္စလား၊(ကြောက်သင့်တဲ့ကိစ္စ
)အဲ့သေတာကို ကြောက်မှ မသေတာကိုရှာမယ်ဆိုတဲ့ သဘောက လာမယ်မဟုတ်လား။

ဒါကြောင့် ဒကာ ဒကာမတို့  ဦးဇင်းတို့ ရဲ့ ခန္ဓာသည် ဘာနဲ့ တူတယ်လို့ နားလည်ထားရမှာလဲ?မြေအိုးနဲ
့တူတယ်လို့ နားလည်ထားရမယ်။အချိန်တိုင်း အချိန်တိုင်း သေနိုင်ခွင့်ရှိတယ်လို့ နားလည်ထားရမယ်။
 
အဲ့လိုနားလည်တော့ အရှင်ဘုရား ဘာအကျိုးရှိမှာလဲ?အဲ့လို ခဏခဏ နားလည်ပါများရင် စွဲလမ်းမှုနည်းတယ်။
ကွဲမယ် ပျက်မယ် ၊ အချိန်မရွေးသေနိုင်ခွင့်ရှိ
တယ်လို့ နားလည်ထားရင် ဘာနည်းမှာလဲ?( စွဲလမ်းမှု နည်းမယ်)။စွဲလမ်းမှုနည်းရင် စိုးရိမ်မှု နည်းမယ်။စိုးရိမ်ရတာဟာ အင်မတန် စိတ်ဆင်းရဲတယ်။အင်မတန်လည်း ကြောက်စရာကောင်းတယ်။
အင်မတန် မလိုလားအပ်တဲ့ အရာ။

အဲ့ဒီ စိုးရိမ်ခြင်း၊ ပူဆွေးခြင်း ၊ ငိုကြွေးခြင်းဆိုတာတွေ နည်းချင်ရင်စွဲလမ်းမှု နည်းမှ ဖြစ်မယ်။ကိုယ့် ခန္ဓာကိုယ်၊သူတစ်ပါး ခန္ဓာကိုယ်၊သက်ရှိသက်မဲ့ အရာအားလုံး တလောကလုံးရဲ့ အပေါ်မှာစွဲလမ်းနေတဲ့စိတ်ကို
နည်းအောင် လျော့ပေးနိုင်ရင်စိုးရိမ်တာသည် အလိုလိုလျော့မယ်။အဲ့ဒီ စွဲလမ်းတာကို နည်းသွားချင်ရင် အမှန်တရားဖြစ်တဲ့မခိုင်မာမှုကို မြင်အောင်ကြည့်ရမယ်။မခိုင်မာတာကို မြင်ရင် စွဲလမ်းမှုနည်းမယ်။စွဲလမ်းမှု နည်းရင် စိုးရိမ်မှုနည်းမယ်။အဲ့ဒီလိုဆိုရင် မချမ်းသာပေဘူးလား။ခု ဒကာ ဒကာမတို့ တစ်တွေ စိုးရိမ်မှုတန်းလန်းနဲ့ နေကြရတာနော်။

ဒါကြောင့် စွဲလမ်းမိရင် ချစ်ခင်မိရင်တော့စိုးရိမ်ခြ
င်း ပူဆွေးခြင်း ငိုကြွေးခြင်းဆိုတဲ့ဒုက္ခတွေဟာ သေချာပေါက်ဖြစ်မှာပဲ။မြတ်စွာဘုရားက ဟောတယ်။စားထားတဲ့ အစာ အာဟာရသည်ကျင်ကြီး ကျင်ငယ်ကို မုချ ဖြစ်စေသလိုမျိုးဘဲချစ်ခင်ခြင်း 
စွဲလမ်းခြင်းသည်သောက ပဋိဒေ၀ဆင်းရဲခြင်းကို သေချာပေါက်ဖြစ်စေတယ်။

စိတ်ကိုကျတော့နားလည်၍လို့ မဟောဘူး။ ဖြစ်စေ၍ ဟောတယ်။
ဘယ်လိုဖြစ်အောင် လုပ်ရမှာလဲဆိုတော့ခိုင်မာတဲ့ မြို့ ကြီးလို ဖြစ်အောင်လုပ်ရမယ်။ခိုင်မာတဲ့ မြို့ ကြီး တဲ့။ မြို့ ထဲမှာ အဖိုးတန်တဲ့ လူတွေရှိတယ်။ဌာနဆိုင်ရာတွေရှိတယ်။
 
ဒါကြောင့် ဒီမြို့ ကို ခိုင်မာတဲ့ အစောင့်အရှောက်တွေနဲ့  ကာကွယ်စောင့်ရှောက်မထားရပေဘူးလား။မြို့ တစ်မြို့ ဟာ အရေးမကြီးဘူးလား။ဒီမြို့ ဟာ ခိုင်မာမှ ၊ လုံခြုံမှ၊ မြို့ မှာနေတဲ့လူတွေဟာစိတ်ချခြင်းဆိုတဲ့ လုံခြုံမှုကို ခံစားရမယ်မလား။အဲ့ဒီလိုပဲ ဒီခန္ဓာကိုယ်ပေါ်မှာစိတ်ဟာ အင်မတန်အရေးကြီးတယ်။
 
စိတ်ဟာ အရေးကြီးတဲ့အတွက်ကြောင့်မို့ မြို့ လို ခိုင်မာအောင် လုပ်ရမယ်။မြို့ ထဲကို ရန်သူမ၀င်နိုင်အောင် အမြဲတမ်းကင်းအထပ်ထပ် စောင့်ထားရသလိုမျိုး၊စိတ်ထဲကိုလည်း ရန်သူမ၀င်နိုင်အောင် “ သတိ ”တည်းဟူသောကင်း အထပ်ထပ် စောင့်ထားရမယ်။ချထားရမယ်။ဒီမြို့ ကို မပျက်စီးအောင် ခိုင်မာအောင် တည်ဆောက်ထားသလိုမျိုး၊မိမိရဲ့ စိတ်ကိုလည်း ကောင်းတဲ့ လောကဓံတွေ၊မကောင်းတဲ့ လောကဓံတွေ တိုက်ခိုင်လာတဲ့အခါမှာ ပျော့ညံ့မသွားအောင်၊ ခိုင်မာသွားအောင်တည်ဆောက်ထားရမယ်လို ဆိုလိုတာ ။

စိတ်ကို ကျတော့ နားလည်ယုံ နားလည်ရမှာလား?၊ခိုင်မာအောင
် လုပ်ရမှာလား ?၊ဒကာ ဒကာမတို့ စိတ်ဟာ ခိုင်မာလားလို့ မေးရင် ဘယ်မှာခိုင်မာမှာလဲ၊ပုထုဇဉ်စိတ်ဟာ မခိုင်မာဘူးနော်။ကောင်းတဲ့ လောကဓံနဲ့ တွေ့ ရင် ယစ်မူးပြီးတော့ အရည်ပျော်ကြသွားတယ်။မကောင်းတဲ့ လောကဓံတွေနဲ့ တွေ့ တဲ့အခါကျတော့ သိမ်ငယ်ပြီးတော့မကျေနပ်ပြီးတော့ ကျေမွသွားတယ်။ 
 
ခိုင်မာသလား? (မခိုင်မာဘူးနော်)
ကောင်းတဲ့ လာဘ် လာဘတွေ့ မယ်။ စီးပွားရေးတွေ အဆင်ပြေမယ်။ချီးမွန်းသံတွေက
လျှံနမယ်။ အခြံအရံတွေက ပေါနေမယ်။
 
ကျန်းမာရေးတွေက ကောင်းနေမယ်ဆိုလို့ 
ရှိရင်လူတွေရဲ့ စိတ်ဟာ ဘယ်လိုဖြစ်လာသလဲ?အဲ့တာတွေကို သိပ်ပြီးတော့ သာယာတပ်မက်ပြီးတော့ရစ်မူးပြီးတော့ အရည်ပျော်ကြသွားတယ်။ကျန်းမာရေးတွေက ဖောက်ပြန်လာပြီ ၊စီးပွားရေးတွေက အဆင်မပြေဘူး၊လူတွေရဲ့ တံတွေးခွပ်မျောပြီ။ကဲ့ရဲ့သံတွေနဲ့ ကိုယ်ရဲ့ဘ၀ဟာ မွှန်နေလို့ ရှိရင် သိမ်ငယ်ပြီးတော့ မကျေနပ်ပြီးတော့ ကျေမွှပျက်စီးသွားတယ်။
 
အဲ့လိုဆိုရင် အဲ့ဒီစိတ်ကို ခိုင်မာတဲ့စိတ်လို့ ပြောလို့ ရမလား?၊ကောင်းတာနဲ့ တွေ့ ရင်လည်း အရည်မပျော်အောင်၊ဆိုးတာနဲ့ တွေ့ ရင်လည်း ကျေမွှပျက်စီးမ
သွားအောင်ကိုယ့်ရဲ့စိတ်ကို ခိုင်မာအောင် တည်ဆောက်ရမယ်။
အင်မတန် ပူလောင်လွန်းတဲ့ နေမင်းကြီးရဲ့ အရှိန်ကြောင့်တစ်ချို့ သော သစ်သီးတွေဟာ ပုတ်ပွသွားတယ့်။ပျက်စီးသွား
တယ်။ 
 
 အဲ့ဒီပူတဲ့ နေမင်းကြီးရဲ့ အရှိန်ကြောင့်တစ်ချို့ သော သစ်သီးတွေကတော့ သိပ်ပြီးတော့ ချိုမြိန်တဲ့အဖြစ်ကို ပြောင်းလဲသွားတယ်တဲ့ ။ဒကာ ဒကာမတို့  ကိုယ့်အပေါ်မှာ မူမတည်နေဘူးလား?၊ဆိုးရွားတဲ့ လောကဓံနဲ့ တွေ့ ရင် တစ်ချို့ လူသားတွေဟာ ဘာဖြစ်သွားကြလဲ( ပျက်စီးသွားတယ်)မလုပ်သင့်တာတွေလုပ်ပြီးတော့ လမ်းမှားကို လိုက်ပြီးတော့ ပျက်စီးသွားတယ်။

တစ်ချို့ လူတွေကြတော့ ဒီဆိုးရွားတဲ့ လောကဓံနဲ့ တွေ့ တာကိုကပဲသူ့ အတွက် အသိဥာဏ်မြင့်ကြောင်း အထောက်အပံ့ဖြစ်နေတယ်။ဆင်းရဲ
လေလေ သံဝေဂရရဆိုတဲ့အမြင်ကြောင့် ချိုမြိန်တဲ့ သစ်သီးများလိုသူ့ ရဲ့ဘ၀ဟာ ဒီမကောင်းတဲ့ လောကဓံတွေကြောင့်ပဲ ပိုပြီးတော့ လှပသွားတယ်။

လူတွေက ဆိုးတဲ့ လောကဓံနဲ့ တွေ့ ရင်လောကဓံလို့ လည်း နားလည်တယ်။အံကြိတ်ပြီးတော့လ
ည်း တက်နိုင်သမျှ တောင့်တင်းပြီးတော့လည်း သီးခံကြတယ်။ကောင်းတာနဲ့ တွေ့ ရင်ကြတော့ လူတွေဟာအံကျိတ်နိုင်တာ အင်မတန် နည်းတယ်လို့ ထင်တယ်။
 
ပရိတ်သတ်ရေ ကောင်းတာလည်း
 လောကဓံပဲနော်။ကောင်းတာနဲ့ တွေ့ လို့ စိတ်ထဲမှာ ယစ်မူးပြီးတော့ဘ၀င်တွေ မြင့်ပြီးတော့ မာနတွေ နဲ့ အရည်ပျော်ကြသွားမယ်ဆိုလို့ ရှိရင် ဒီလူကို လောကဓံကိုသီးခံနိုင်တဲ့လူလို့  ပြောလို့ ရမလား?၊အဲ့တော့ လူတွေဟာ မကောင်းတာကိုအံကျိတ်ပြီးတော့ တောင့်ခံနိုင်တယ်။ကောင်းတာကို ကျတော့ အံကျိတ်ကြသလား?၊(အံမကျိတ်ကြဘူး)အဲ့ကြောင့် လူတွေဟာ ကောင်းတာတွေကြားထဲမှာပျက်စီး ပျက်စီးသွားကြတယ်။
 
ပစ္စည်းဥစ္စာတည်းဟူသော ရလိုမှုကြောင့်ပျက်စီးသွားတာတွေ မရှိကြဘူးလား?၊နာမည် ကြီးချင်တည်းဟူသော အကြောင်းကြောင့်ပျက်စီးသွားကြတာ မရှိကြဘူးလား?၊ကျော်ကြားလိုခြင်းတည်းဟူသော အကြောင်းကြောင့်ပျက်စီးသွားတာတွေ မရှိဘူးလား?၊အဲ့တာဘာလို့ လဲဆိုတော့ ကောင်းတာတွေထဲမှာ နစ်မွန်းသွားကြတာ။ကောင်းတာတွေမှာ လူတွေကို ဖျက်စီးနိုင်စွမ်း အများကြီးရှိတယ်။ဦးဇင်းတို့ သံယုတ်ပါဠိတော်မှာလေလာဘ သက်ကာရတိလောကဆိုတာရှိတယ်။
 
လူတစ်ယောက်ဟာ သစ္စာတရားကိုမြတ်နိုးလိုက်တာ၊အမှန်တရားကိုမြတ်နိုးလိုက်တာ၊ဘယ်လောက်ထိ မြတ်နိုးလဲဆိုလို့ ရှိရင်မင်းလိမ်ပြောရင်ပြော ၊လိမ်မပြောလို့ ရှိရင် မင်းရဲ့ အမေကိုသတ်မယ်။အဲ့ဒီလူက သစ္စာတရားကို မြတ်နိုးလွန်းလို့  ကျွန်တော် အင်မတန်ချစ်တဲ့ကျွန်တော့် အမေ့ကို သတ်ချင်သတ်၊ဒါပေမဲ့ ကျွန်တော်လုံးဝ လိမ်မပြောနိုင်ဘူး။သစ္စာတရားကို အင်မတန်ချစ်တဲ့ အမေထက်တောင်မှမြတ်နိုးတဲ့လူတစ်ယောက်။
 
အဲ့ဒီလူကို ပစ္စည်းဥစ္စာ ၊ အခြံအရံ ၊ အကျော်အဇော ၊လာဘသက်ကာရ တိလောကအဲ့လာဘ် အပူအဇော် သက်ကာရတွေပေးလိုက်မယ်ဆိုရင်လာဘ်အပူအဇော် သက်ကာရတည်းဟူသောအကြောင်းကြောင့် အမေကို သတ်ချင်သတ်ပါဗျာ ၊မလိမ်ပါဘူးဆိုလောက်အောင် သစ္စာတရားကို မြတ်နိုးတဲ့လူဟာလာဘ သက်ကာရ တိလောကနဲ့ တွေ့ ရင်လိမ်ညာပြောဆိုတာကို ငါဘုရားမြင်နေရတယ်။
ပရိတ်သတ်ရေ… သံဝေဂ ရစရာ မကောင်းပေဘူးလား။အမေထက် ပိုပြီးတော့ သစ္စာတရားကိုမြတ်နိုးသောသူသည
်လာဘသက်ကာရ တိလောက နဲ့ တွေ့ တော့သစ္စာတရားကို မြတ်နိုးနိုင်သေးလား?၊ (မမြတ်နိုးနိုင်တော့ဘူး)

(သစ္စာရွှေစည် ဆရာတော်အသျှင် ဥတ္တမ)
credit to:

No comments:

Post a Comment