
“စိတ်မောပန်းခြင်းကို ကာကွယ်ကုသနည်း”
•••••••••••••••••••••••••••••••••••••
“စိတ်မောပန်းခြင်း” သည် စိတ်ကြည်လင်အေးမြ၊
အနားမရအောင် ပူလောင်နေသောကြောင့်ဖြစ်သည်။
စိတ်မောပန်းခြင်းသည်
“စိတ်သောကဖြစ်ရခြင်း” မှ မြစ်ဖျားခံသည်။
စိတ်သောကဖြစ်ရသော အကြောင်းအရာအများစုမှာ
“မိမိဖြစ်စေလိုသည့်အတိုင်း မဖြစ်သောကြောင့်”။
နေ့စဉ်နှင့်အမျှကြုံတွေ့နေရသော ဘဝ၏
အခက်အခဲများမှာ ရင်မောစရာစိတ်ပင်ပန်းစရာများ
ဖြစ်သည်မှာ မှန်သော်လည်း ထိုရင်မောစရာ
စိတ်ပင်ပန်းစရာများထဲမှ “စိတ်ဓါတ်ကြံခိုင်မှု” ကိုရရှိလာပြီး၊
မည်သည့်အခြေအနေကို ကြုံတွေ့သည်ဖြစ်စေ၊
စိတ်တုန်လှုပ်ခြင်းမရှိပဲတော့ပဲ တည်ငြိမ်လာနိုင်ပါသည်။
စိတ်မောပန်းခြင်းကို ကာကွယ်ကုသနိုင်ရန်
စိတ်ကို မကောင်းသော “မိစ္ဆာမဏိဟိတစိတ်”
မဖြစ်အောင် “သမာဓိပညာ” ဖြင့်
စိတ်ကို စောင့်ရှောက်ထားရန်ဖြစ်သည်။
စိတ်ကို “သမာဓိပညာ” ဖြင့်စောင့်ရှောက်နိုင်ရန်
“သတိ” လိုအပ်ပါသည်။
စိတ္တံ ဂုတ္တံသုခါဝဟံ
“သတိအစောင့်အရှောက်” ကောင်းစွာရသောစိတ်သည်
“စိတ်မောပန်းခြင်း” ကို ကာကွယ် ကုသနိုင်သော
မြတ်ဗုဒ္ဓ၏ ခိုင်မာသော နည်းစနစ်ဖြစ်ပါသည်။
-【အရှင်ဝိလာသဂ္ဂ
(ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
No comments:
Post a Comment