/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Friday, April 11, 2014

**** ကင်းဝန်မင်းကြီး ဦးကောင်းလှူဒါန်းခဲ့သည့် မင်းတိုင်ပင် ရွှေကျောင်းဆောင်ကြီး ****


              
စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင် ခရိုင် ပုလဲမြို့နယ် မင်းတိုင်ပင် ကျေးရွာရှိ ရတနာပုံခေတ် ကင်းဝန်မင်းကြီး ဦးကောင်း လှူဒါန်း ခဲ့သည့် မင်းတိုင်ပင် ရွှေကျောင်းဆောင် ကြီးကို ရှေးမူလ လက်ရာ မပျက် ထိန်းသိမ်း စောင့်ရှောက် ထားလျက် ရှိကြောင်း သိရသည်။



အဆိုပါ ရွှေကျောင်း ဆောင်ကြီး သည် နှစ်ပေါင်း ၁၄၁ နှစ်ခန့်က ရတနာပုံခေတ် နိုင်ငံရေး ဗိသ
ုကာ ပညာရှင် မင်းတိုင်ပင် အမတ်ကြီး ကင်းဝန်မင်းကြီး ဦးကောင်း က တည်ဆောက် လှူဒါန်း ခဲ့ခြင်း ဖြစ်ကြောင်း ရွှေကျောင်းဆောင် မော်ကွန်း ကျောက်စာများ အရ သိရသည်။

ရွှေကျောင်း ဆောင်ကြီး၏ ကုသိုလ်ရှင် ကျောင်းဒါယကာ ကင်းဝန်မင်းကြီး ဦးကောင်း သည် ပုလဲမြို့နယ် မင်းတိုင်ပင် ကျေးရွာ နေ(အဘ) ဦးမှို၊ (အမိ) ဒေါ်မင်းဆီ တို့မှ မွေးဖွား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မွေးချင်း ခြောက်ဦး ရှိသည့် အနက် ကင်းဝန်မင်းကြီး ဦးကောင်း သည် တတိယမြောက် သား ဖြစ်ကြောင်း သိရသည်။ မင်းတိုင်ပင် အမတ် ကင်းဝန်မင်းကြီး ဦးကောင်း သည် ဆင်ကြန်သခင် နှင့်တကွ မန်းရတနာပုံ (မန္တလေး) မြို့တွင် နေထိုင် ခဲ့သည် ဟု ရွှေကျောင်းဆောင် မှတ်တမ်း မော်ကွန်း များတွင် ဖော်ပြထား ကြောင်း သိရသည်။ ကင်းဝန်မင်းကြီး ဦးကောင်း ၏ ညီတော် ဦးထား(ဇနီး) ဒေါ်ယုံ၊ နှမတော် ဒေါ်ထူး(ခင်ပွန်း) ဦးကံတော် နှင့် နှမတော် ဒေါ်ဘူး (ခင်ပွန်း) ဦးဘိုသိန်း တို့မှာ မွေးဇာတိမြေ ပုလဲ မြို့နယ် မင်းတိုင်ပင် ကျေးရွာတွင် နေထိုင်ခဲ့ကြောင်း အဆိုပါ မှတ်တမ်း များအရ သိရသည်။

ကင်းဝန်မင်းကြီး ဦးကောင်း မှ ကျောင်းဦး ပြာသာဒ် ရွှေကျောင်းဆောင် လှူဒါန်းခဲ့သော မင်းတိုင်ပင် ရွာဦး ဘုန်းတော်ကြီး ကျောင်းသည် မြန်မာ သက္ကရာဇ် ၁၂၂ဝ ပြည့်နှစ် တွင် စတင် တည်ထောင် ခဲ့ကြောင်း သိရသည်။

ထိုစဉ်က အဆိုပါ ဘုန်းတော်ကြီး ကျောင်းတိုက်တွင် သာသနိက အဆောက်အအုံ များ ထွန်းကား များပြား ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် ၁၂၃၅ ခုနှစ်တွင် သုံးထပ်ကျောင်း ဆောင် တစ်ဆောင် ကို ကျောင်း အလှူရှင် ဦးဘိုးအိုး က လည်းကောင်း၊ ၁၂၄ဝ ပြည့်နှစ်တွင် ဘုရားကျောင်း ဆောင်ကို ကျောင်း အလှူရှင် ဦးသာမိုး က လည်းကောင်း၊ ၁၂၅၃ ခုနှစ်တွင် ကျောင်းဦး ပြာသာဒ် ရွှေကျောင်းဆောင် ကြီးကို မင်းတိုင်ပင် အမတ် ကင်းဝန်မင်းကြီး ဦးကောင်း က လည်းကောင်း၊ မြန်မာ သက္ကရာဇ် ၁၂၄၄ ခုနှစ်တွင် ခဏ္ဏ သိမ်တော် ကြီးအား ကင်းဝန်မင်းကြီး ၏ ယောက်ဖတော် ဦးကံတော် (နှမ တော် ဒေါ်ထူး၏ ခင်ပွန်း)က လည်းကောင်း၊ မြန်မာ သက္ကရာဇ် ၁၂၅၂ ခုနှစ်တွင် ကျောင်းတော်ကြီး ၏ မဟာရံ တံတိုင်းကြီး ကို ဦးဘိုးအိုး က လည်းကောင်း၊ မြန်မာ သက္ကရာဇ် ၁၂၆ဝ ပြည့်နှစ်တွင် သုဓမ္မာ ဇရပ်ကြီး (ကံတော်ဇရပ်) ကြီးကို ကင်းဝန်မင်းကြီး ၏ ယောက်ဖတော် ဦးကံတော် (နှမတော် ဒေါ်ထူး ၏ ခင်ပွန်း) က လည်းကောင်း၊ မြန်မာ သက္ကရာဇ် ၁၂၆၂ ခုနှစ်တွင် ကန်တော် မင်္ဂလာ ကန်တော်ကြီးကို ဦးဘိုးအိုး က လည်းကောင်း အသီးသီး လှူဒါန်း ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မင်းတိုင်ပင် ကျောင်းတိုက်ကြီး သည် ဘာသာ၊ သာသနာ စည်ပင် ဖွံ့ဖြိုးရာ ရပ်ဝန်း ဒေသတစ်ခု ဖြစ်လာ ရသည်ဟု ပုလဲမြို့နယ် သံဃာ့ နာယကအဖွဲ့ ဆရာတော်ကြီး က မိန့်တော်မူ ခဲ့သည်။ ကင်းဝန်မင်းကြီး ဦးကောင်း လှူဒါန်းခဲ့သော ကျောင်းဦး ပြာသာဒ် ရွှေကျောင်းဆောင် ကြီးသည် လက်တစ်ဖက် သိုင်းဖက်စာ အရွယ်အစား သစ်မျိုးစုံ တိုင်အလုံးရေ ၁၂၉ လုံးဖြင့် တည်ဆောက် ထားရှိသော (ယခင်) ပျဉ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ ကျောင်းဆောင်ကြီး ဖြစ်သည်။ အဆိုပါ ကျောင်းဆောင်ကြီး ၏ ဘုရားဆောင် နှင့် ကျက်သရေခန်း များတွင် ရတနာပုံခေတ် လက်ရာ မှန်စီရွှေချ တံကဲကြီး များကို ယခုထိ တိုင်အောင် ထိန်းသိမ်း စောင့်ရှောက် ထားကြောင်း မြင်တွေ့ ရပေသည်။

ကင်းဝန်မင်းကြီး ဦးကောင်း လှူဒါန်း ခဲ့သည့် ကျောင်းဦး ပြာသာဒ် ရွှေကျောင်းဆောင် ကြီးကို ရှေးမူလ လက်ရာမပျက် ခေတ် အဆက်ဆက် ထိန်းသိမ်း စောင့်ရှောက် လာခြင်း သည် သာသနာ့ အမွေ တန်ဖိုး အရ ဖြစ်စေ၊ သမိုင်းတန်ဖိုး အရ ဖြစ်စေ အလွန် ကြီးမားသော အမွေကောင်း ကြီးများကို ထိန်းသိမ်း စောင့်ရှောက် ရာ ရောက်ကြောင်း သမိုင်း ပညာရှင် ဗိသုကာ ဆရာကြီး ဦးမောင်မောင် စိုးတင့် (သလ္လာ မောင်မောင်စိုး) က မှတ်ချက်ပြု ပြောကြား ခဲ့ကြောင်း သိရသည်။

ကိုတိုး(ချင်းတွင်း)

No comments:

Post a Comment